" တန်ဖိုးစစ် "
သူငယ်ချင်း.........
မင်းနေရာ ငါမသိ
ငါ့နေရာ မင်းမသိ
နေရာတန်ဖိုး ဒို့မညှိ ။
ိ
သူငယ်ချင်း........
မင်းအလုပ် ငါမသိ
ငါ့အလုပ် မင်းမသိ
အလုပ်တန်ဖိုး ဒို့မညှိ ။
သူငယ်ချင်း........
မင်းစည်းစိမ် ငါမသိ
ငါ့စည်းစိမ် မင်းမသိ
စည်းစိမ်တန်ဖိုး ဒို့မညှိ ။
ဒို့ ညှိရမှာ ဂုဏ်သိက္ခာ
သီလ သမာဓိ ဥာဏ်ပညာ
ပုည ဓမ္မ ရှိမရှိ
လောကပါလ တရားနဲ့ညှိ ။
ှ
မင်းမှာ ရှိမရှိ ဆန်းစစ်ကြည့်
ငါ့မှာ ရှိမရှိ ဆန်းစစ်၏ ။ ။
သစ္စာရောင်ခြည်
မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်
ဆက်သည်။
cd:mgtheinwin
No comments:
Post a Comment