စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, February 3, 2017

စိတ်ရှင်းရှင်းထား

" စိတ်ရှင်းရှင်းထား "
••••••••••••••••••••••

လူ့ဘဝဆိုတာ 
ချမ်းသာအောင် နေတက်မှ ချမ်းသာမယ်။
စိတ်ကိုရှင်းရှင်းထား။
သောက ဗျာပါဒတွေ မဝင်စေနဲ့။

စိတ်ကိုရှင်းရှင်းထား ဆိုသည်မှာ
ကိုယ်နှင့်မဆိုင်တဲ့အာရုံတွေကို စိတ်ထဲမှာ မထားရဘူး။
အကြောင်းကိစ္စတွေဆိုတာ သူ့အကြောင်းနဲ့သူဖြစ်နေကြ။
ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် မစဉ်းစားနဲ့။
မမြင်ရတော့တဲ့ ရှေးကအကြောင်းတွေကိုလဲ
ပြန်တွေးမနေနှင့်။

ကိုယ့်အိမ်ရှေ့မှာ သူများက အမှိုက်သရိုက်တွေ
လာပြီး စုပုံထားရင် မကြိုက်သလို
မေတ္တာနှင့် တစ်လောကလုံးကိုဖြန့်ပြီး
စိတ်ကိုရှင်းရှင်းထား နေတက်တဲ့သူဟာလဲ
အမှိုက်သရိုက်နဲ့တူတဲ့
သူ့အကြောင်း ကိုယ့်အကြောင်း
ရှုပ်ရှုပ်ယှက်ယှက်တွေကို မစဉ်းစားဘူး။

ကိုယ့်လာပြောလဲ နားမထောင်ဘူး။
စိတ်ကို ရှင်းရှင်းထားမှ ချမ်းသားမယ်။     

(တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ)
https://www.facebook.com/donation.of.dhamma/
creditး ဓမ္မရတနာ
မြတ်​​သောသစ္စာ  မြတ်​ဗုဒ္ဓ၏သာသနာ page ပြန်​လည်​တင်​ဆက်​သည်​။

No comments:

Post a Comment