စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, September 30, 2020

သေသူရည်မှန်း လှူဒါန်ရာ၌သိမှတ်ဖွယ်

သေသူရည်မှန်းလှူဒါန်းရာ၌ သိမှတ်ဖွယ်
============================
.
အခါတစ်ပါး ဘုရားမြတ်စွာအား"ဇာဏုသောဏ"
ပုဏ္ဏားကြီးက ဤသို့မေးလျှောက်၏။ 
"အရှင်ဘုရားကွယ်လွန်သွားသူ အမိ အဘ ဆွေမျိုးများကို ရည်စူး၍ အလှူဒါနပြုလုပ်ပြီး အမျှပေးဝေလျှင် ကုသိုလ်ကောင်းမှု၏ ကောင်းကျိုးများကို ထိုကွယ်လွန်သူများရရှိကြပါသလား"ဘုရား ဟုလျှောက်ထားရာ-

ဘုရားမြတ်စွာက "ပုဏ္ဏား ဤလောက၌ မကောင်း
မှုများကို ပြုလုပ်သူများတွင် သေလွန်ပြီးနောက် 
အချို့သောပုဂ္ဂိုလ်များသည် ငရဲဘုံ၌လည်းကောင်း၊ 
တိရစ္ဆာန်ဘုံ၌လည်းကောင်းဖြစ်ကြရ၏။

အချို့သောပုဂ္ဂိုလ်တို့သည် မကောင်းမှုများရှောင်
ကြဉ်၍ ကောင်းမှုတရားများ ပြုလုပ်ခြင်းကြောင့်
သေလွန်ပြီးနောက် လူ့ပြည် လူ့ဘဝ၊ နတ်ပြည် နတ်
ဘဝသို့ ရောက်ကြရ၏။ 

ဤ"ငရဲဘဝ၊တိရစ္ဆာန်ဘဝ၊ လူ့ဘဝ၊ နတ်ဘဝများ၌" ရောက်ရှိနေသော သူတို့ထံသို့ သင်ပုဏ္ဏား 
ထိုသူတို့အတွက်ရည်မှန်၍ ပြုအပ်သော ကောင်းမှုကုသိုလ်၏ ကောင်းကျိုးများသည် မရရှိ မရောက်ရှိနိုင်ပေ။

ပုဏ္ဏားကြီး၊ ဤလောက၌ မကောင်းမှုကိုပြုလုပ်ကြ
သော အချို့သောသူများသည် သေလွန်ပြီးနောက်
ပြိတ္တာဘဝသို့ရောက်ကြရ၏။ ပုဏ္ဏားကြီး သေသူ
ရည်မှန်းလှူဒါန်သည့် ကုသိုလ်၏ ကောင်းကျိုးများ
ကို ထိုပြိတ္တာဘုံဘဝရောက်နေကြရသော ပြိတ္တာများ
သာ ရရှိ ရောက်ရှိ ခံစားနိုင်ကြ၏။ 

ပုဏ္ဏားကြီး ပြိတ္တာဘဝ၌တည်သော ဆွေမျိုးထံသို့
ရည်မှန်လှူဒါန်သော ကောင်းမှုသည် ရောက်၏။
အကယ်၍ ရည်မှန်ပြုအပ်သော ဆွေမျိုးသည်
 ပြိတ္တာဘဝ၌ မရှိချေသော် ပြိတ္တာဘဝ 
သို့ရောက်နေကြသည့် ရှေးရှေးဘဝများစွာက ဆွေမျိုးတော်စပ်ခဲ့ဘူးသောအခြားဆွေမျိုးသားခြင်းတို့သည် သင်ရည်မှန်းပြုသော ဒါနကုသိုလ်၏ ကောင်းကျိုးကို ခံစားကြရ၏။

ပုဏ္ဏားကြီး ပြိတ္တာဘဝ၌ ဘဝအဆက်ဆက်က 
တော်စပ်ခဲ့ကြသော ဆွေမျိုးပြိတ္တာများသည် 
အမြဲရှိနေကြ၏။ ထို့ကြောင့် သေသူရည်မှန်း 
လှူဒါန်းသည့်
ကောင်းမှုများကို ပြုလုပ်၍ ထိုသူများအား ကုသိုလ်
၏ ကောင်းကျိုးကို အမျှပေးဝေရမည်။ အလှူကို 
ကိုယ်တိုင် ကိုယ်ကျပေးလှူသော သင်ပုဏ္ဏားသည်
လည်း ထိုကောင်းကျိုးကို ရရှိခံစားရမှာဖြစ်၏ဟု
သေသူရည်မှန်း လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ဇာဏု
သောဏ ပုဏ္ဏားကြီးအား ဤသို့ဟောကြားတော်
မူခဲ့၏။ ။

(ဒသကနိပါတ်)
အရှင်ခေမိန္ဒ

Credit. ..

ဘုရားရှိခိုးရင် အရည်အသွေးပါမှစိတ်ချရတာ

-
ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ စူးစူးစိုက်စိုက် ရှိခိုးမယ်ဆိုရင် " နမောတဿ " ဘုရားရှိခိုးတစ်ပုဒ်နဲ့တောင် အရည်အသွေးပါတယ်။

သရဏဂုံ ၃ ပါးနဲ့တောင် အားကိုးရလောက်တယ်။

လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာလည်း စိတ်ပါလက်ပါ ကြိုးစားပြုလုပ် အားထုတ်ကြရမယ်။

ကိုယ့်အရည်အသွေးကို ကိုယ့်ဘာသာပဲ မြှင့်ရမှာ သူများက တင်ပေးတဲ့ အရည်အသွေးကအလကားပဲ။

ကိုယ်ဘာသာ ကိုယ်တင်တဲ့ အရှိန်အဝါကမှ တကယ့်အရှိန်အဝါဖြစ်တယ်။

ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ်၊ကိုယ့်စေတနာကောင်းနဲ့ ကိုယ်ဘာသာကိုယ် လုပ်နေရင် နည်းမှန်လမ်းမှန် သူ့အလိုလို အကျိုးပေးလိမ့်မယ်။

ဘာပဲလုပ်လုပ် လုပ်ရမယ့်အတူတူဆိုတော့အရည်အသွေးပါအောင်ပဲ လုပ်ပါ။

လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့၊
ဟန်ဆိုတာ တကယ့်အရေးကျရင် ဘာမှအားကိုးလို့ မဖြစ်ဘူး။

" ဟန်ဆိုတာ အလကား၊ အမှန်ကမှ တရား " တဲ့။

( ကျေးဇူး‌တော်ရှင် တိပိဋက ယောဆရာတော်ဘုရားကြီး )

Credit original writer.

ဝိပဿနာ ခြံရံပြီး လှူနည်း

စတနောဆိုတာ ကံ 
➖➖➖➖➖➖

❖ လူတွေဟာ ဘာပဲလုပ်လုပ်
    စေတနာနဲ့လုပ်တတ်ကြပါတယ်။ 
    စိတ်ရင်း မကောင်းတဲ့သူဟာ
    သူ့စိတ်ဆိုးက စေ့ဆော်တဲ့အတိုင်း 
    စေတနာဆိုးနဲ့လုပ်ပါတယ်။
    စိတ်ရင်းစေတနာ ကောင်းပြီး 
    ကံကံ၏ အကျိုးကို ယုံကြည့်တဲ့
    သူတွေကတော့ စေတနာကောင်းနဲ့
    အလုပ်လုပ်လေ့ ရှိကြပါတယ်။

❖ ကိုယ့်စေတနာ ကိုယ်အကျိုးပေးဆိုတဲ့
    စကားအတိုင်း စေတနာဆိုးနဲ့
    လုပ်လိုက်လို့ အလုပ်တစ်ခု 
    ပြီးမြောက်သွားတယ်ဆိုရင်
    အဲဒီလူအတွက် ကံဆိုးတစ်ခု
    ရသွားတာပါပဲ။ မကောင်းကျိုး 
    ပေးနိုင်တဲ့ကံကို ရသွားတာပါပဲ။
    အဲဒီလိုပဲ စိတ်ရင်းကောင်းတဲ့သူ
    အလုပ်တစ်ခု ပြီးမြောက်သွားတဲ့အခါမှာ
    ကံကောင်းတစ်ခု ပြီးမြောက်သွားတယ်။ 
   အဲဒီကံက အကျိုးပေးကောင်းတွေ ပေးတော့မှာပါပဲ။

❖ ဘ၀မှာ ကံဆိုးအမျိုးမျိုးကိုတွေ့တတ်ကြပါတယ်။
    ကံဆိုးနေတဲ့အချိန်မှာ မိမိကိုယ်ကို
    မဆောက်တည်နိုင်တဲ့ သူတွေကတော့
    အမှား ပိုလုပ်တတ်ကြပါတယ်။
    အသိဥာဏ်နဲ့မယှဉ်နိုင်ဖြစ်တတ်ကြတယ်။
    သူကံဆိုးတာဟာ ဘယ်သူ့ကြောင့် 
    ဘယ်ဝါ့ကြောင့် ဆိုပြီးသူတစ်ပါးကို
    အပြစ်ပုံချတတ်ကြပါတယ်။
    အမှန်တကယ်တော့....
    သူတစ်ပါးက မိမိကို
    မကောင်းကြံတယ် ဆိုရင်တောင်မှ 
    မိမိဘက်က ချို့ယွင်းချက်ရှိနေလို့ပါပဲ။ 
    အဲဒီလို့ မတွေးနိုင်ပဲ
    သူတစ်ပါးရဲ့အပြစ်ကိုသာ ကြည့်ပြီး
    လက်တုံ့ပြန်မယ်ဆိုရင် အမှားတစ်ခု
    ထပ်တိုးပြီး ကံဆိုးသံသရာက 
    ရှည်နေတော့မှာပါ။

❖ မိမိရဲ့ ကံအဆိုးတွေ ပိုမိုဆိုးမသွားအောင်
    ဘုရားတရားသံဃာ ရတနာသုံးပါရဲ့
    အဆုံးအမနဲ့အညီ နေထိုင်မယ်လို့
    စိတ်ကိုဖြောင့်ဖြောင့်ထားကာ 
    စေတနာမှန်နဲ့ နေထိုင်လုပ်ကိုင်ရမှာ
    ဖြစ်ပါတယ်။

❖ ကံဆိုးအကျိုးပေးတဲ့ အချိန်မှာတောင်မှ 
    မိမိကိုယ်ကို ဆောက်တည်ပြီး
    ကံဆိုးတွေ သိပ်မပြင်းထန်အောင်
    ကြိုးစားနိုင်သေးတယ်ဆိုရင်
    ကံကောင်းတဲ့ သူများလည်း ကံပိုပြီး
    ကောင်းလာအောင် ကြိုးစားဖို့သင့်ပါတယ်။

❖ လာဇာဒေ၀ဓီတာ ပေါက်ပေါက်
    နတ်သမီးကလေးဆိုတဲ့ 
    နတ်သမီးကလေး တစ်ယောက်ရဲ့ 
    အကြောင်းကို ကြည့်ရအောင်...

❖ သူဟာမူလက အလွန်ဆင်းရဲတဲ့
    လယ်သူမကလေး ဖြစ်ပါတယ်။ 
    အရှင်မဟာကဿပ ရဟန္တာ
    အရှင်မြတ်ကြီး နိရောဓ သမာပတ်က 
    ထတော်မူတဲ့အခါ
    ချီးမြှင့်သင့်တဲ့သူကို ဆင်ခြင်ပြီး
    အဲဒီသူဆင်းရဲမကလေး ထံက 
    ပေါက်ပေါက်များကို အလှူခံခဲ့ပါတယ်။ 
    ပေါက်ပေါက်များကို လှူပြီး
    ဒါနအပေါ်မှာ ပီတိဖြစ်ကာ 
    အိမ်ကိုအပြန် လမ်းမှာ မြွေကိုက်ပြီး
    သူဆင်းရဲမကလေး သေရှာပါတယ်။
    သေလျှင်သေချင်း သူ့ကုသိုလ်
    အဟုန်ကြောင့် နတ်သမီးဖြစ်သွားပါတယ်။

❖ လာဇာဒေ၀ဓီတာ အမည်နဲ့
   နတ်သမီးဖြစ်လာတဲ့ သူဆင်းရဲမလေးက 
   သူအဖြစ်ကို သူချက်ချင်းဆင်ခြင်ပါတယ် 
   အဲဒီအချိန်မှာ သူ့အလောင်းဟာ 
   လယ်ကန်သင်းရိုးပေါ်မှာပဲ
   ရှိနေပါသေးတယ်။ နတ်သမီး ကလေးက
   သူ့ကုသိုလ်ဟာ အလွန်နည်းပါးပါလား၊
   နတ်သမီး ဘ၀များ 
   မေ့လျော့ ခံစားနေခဲ့ရင်
   တစ်နေ့မှာ ကုသိုလ်ကံအဟုန် 
   ကုန်သွားလိမ့်မယ်။
   ကုသိုလ်အမှုများကို ထပ်ပြုဦးမှ 
   တော်မယ်ဆိုပြီး ကုသိုလ်အမှုများ 
   ထပ်ပြီး ပြုတဲ့အတွက်
   သောတာပန် တည်သွားခဲ့ပါတယ်။

❖ အဲဒီအဖြစ်ကလေးဟာ ကံကောင်းနေတဲ့သူများ
    သတိထားဖို့သင့်တဲ့ အချက်ပါ။
    ကုသိုလ်ကံကောင်းဆိုတာ
    မျိုးစေ့ကောင်းနဲ့တူပါတယ်။ 
    မျိုးစေ့ကောင်းကို လက်၀ယ်ပိုင်ပိုင်
    ရထားတဲ့ သူများက 
    ပိုပြီး သတိထားရပါမယ်။
    ကုသိုလ်မျိုးစေ့ ကောင်းပါလျက်နဲ့
    ကောင်းစွာစိုက်ပျိုးခြင်း မရှိခဲ့ရင် 
    မျိုးစေ့ သုဉ်းသွားနိုင်ပါတယ်။

    အဲသည်လိုပါပဲ
    မိမိရဲ့အတိတ်ကံ ကောင်းနေရုံသာမက
    အခုအချိန်မှာလည်း ကောင်းတဲ့
    အမှုများကို လုပ်ပြီး
    ကောင်းမှုဆက်နေတဲ့ သူဖြစ်ခဲ့ရင် 
    ကံအကျိုးပေးပုံက ရှင်သန်နေမှာ
    ဖြစ်ပါတယ်။

 ✿ (ယောဆရာတော်) ✿
❖ ဘ၀တု သဗ္ဗမင်္ဂလံ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Credit :✍️
    ဓမ္မဒါနကုသိုလ်အဖြစ်မျှဝေ ပူဇော်ပါသည်။
🙏Diamond May🙏

စေတနာဆိုတာကံ

စတနောဆိုတာ ကံ 
➖➖➖➖➖➖

❖ လူတွေဟာ ဘာပဲလုပ်လုပ်
    စေတနာနဲ့လုပ်တတ်ကြပါတယ်။ 
    စိတ်ရင်း မကောင်းတဲ့သူဟာ
    သူ့စိတ်ဆိုးက စေ့ဆော်တဲ့အတိုင်း 
    စေတနာဆိုးနဲ့လုပ်ပါတယ်။
    စိတ်ရင်းစေတနာ ကောင်းပြီး 
    ကံကံ၏ အကျိုးကို ယုံကြည့်တဲ့
    သူတွေကတော့ စေတနာကောင်းနဲ့
    အလုပ်လုပ်လေ့ ရှိကြပါတယ်။

❖ ကိုယ့်စေတနာ ကိုယ်အကျိုးပေးဆိုတဲ့
    စကားအတိုင်း စေတနာဆိုးနဲ့
    လုပ်လိုက်လို့ အလုပ်တစ်ခု 
    ပြီးမြောက်သွားတယ်ဆိုရင်
    အဲဒီလူအတွက် ကံဆိုးတစ်ခု
    ရသွားတာပါပဲ။ မကောင်းကျိုး 
    ပေးနိုင်တဲ့ကံကို ရသွားတာပါပဲ။
    အဲဒီလိုပဲ စိတ်ရင်းကောင်းတဲ့သူ
    အလုပ်တစ်ခု ပြီးမြောက်သွားတဲ့အခါမှာ
    ကံကောင်းတစ်ခု ပြီးမြောက်သွားတယ်။ 
   အဲဒီကံက အကျိုးပေးကောင်းတွေ ပေးတော့မှာပါပဲ။

❖ ဘ၀မှာ ကံဆိုးအမျိုးမျိုးကိုတွေ့တတ်ကြပါတယ်။
    ကံဆိုးနေတဲ့အချိန်မှာ မိမိကိုယ်ကို
    မဆောက်တည်နိုင်တဲ့ သူတွေကတော့
    အမှား ပိုလုပ်တတ်ကြပါတယ်။
    အသိဥာဏ်နဲ့မယှဉ်နိုင်ဖြစ်တတ်ကြတယ်။
    သူကံဆိုးတာဟာ ဘယ်သူ့ကြောင့် 
    ဘယ်ဝါ့ကြောင့် ဆိုပြီးသူတစ်ပါးကို
    အပြစ်ပုံချတတ်ကြပါတယ်။
    အမှန်တကယ်တော့....
    သူတစ်ပါးက မိမိကို
    မကောင်းကြံတယ် ဆိုရင်တောင်မှ 
    မိမိဘက်က ချို့ယွင်းချက်ရှိနေလို့ပါပဲ။ 
    အဲဒီလို့ မတွေးနိုင်ပဲ
    သူတစ်ပါးရဲ့အပြစ်ကိုသာ ကြည့်ပြီး
    လက်တုံ့ပြန်မယ်ဆိုရင် အမှားတစ်ခု
    ထပ်တိုးပြီး ကံဆိုးသံသရာက 
    ရှည်နေတော့မှာပါ။

❖ မိမိရဲ့ ကံအဆိုးတွေ ပိုမိုဆိုးမသွားအောင်
    ဘုရားတရားသံဃာ ရတနာသုံးပါရဲ့
    အဆုံးအမနဲ့အညီ နေထိုင်မယ်လို့
    စိတ်ကိုဖြောင့်ဖြောင့်ထားကာ 
    စေတနာမှန်နဲ့ နေထိုင်လုပ်ကိုင်ရမှာ
    ဖြစ်ပါတယ်။

❖ ကံဆိုးအကျိုးပေးတဲ့ အချိန်မှာတောင်မှ 
    မိမိကိုယ်ကို ဆောက်တည်ပြီး
    ကံဆိုးတွေ သိပ်မပြင်းထန်အောင်
    ကြိုးစားနိုင်သေးတယ်ဆိုရင်
    ကံကောင်းတဲ့ သူများလည်း ကံပိုပြီး
    ကောင်းလာအောင် ကြိုးစားဖို့သင့်ပါတယ်။

❖ လာဇာဒေ၀ဓီတာ ပေါက်ပေါက်
    နတ်သမီးကလေးဆိုတဲ့ 
    နတ်သမီးကလေး တစ်ယောက်ရဲ့ 
    အကြောင်းကို ကြည့်ရအောင်...

❖ သူဟာမူလက အလွန်ဆင်းရဲတဲ့
    လယ်သူမကလေး ဖြစ်ပါတယ်။ 
    အရှင်မဟာကဿပ ရဟန္တာ
    အရှင်မြတ်ကြီး နိရောဓ သမာပတ်က 
    ထတော်မူတဲ့အခါ
    ချီးမြှင့်သင့်တဲ့သူကို ဆင်ခြင်ပြီး
    အဲဒီသူဆင်းရဲမကလေး ထံက 
    ပေါက်ပေါက်များကို အလှူခံခဲ့ပါတယ်။ 
    ပေါက်ပေါက်များကို လှူပြီး
    ဒါနအပေါ်မှာ ပီတိဖြစ်ကာ 
    အိမ်ကိုအပြန် လမ်းမှာ မြွေကိုက်ပြီး
    သူဆင်းရဲမကလေး သေရှာပါတယ်။
    သေလျှင်သေချင်း သူ့ကုသိုလ်
    အဟုန်ကြောင့် နတ်သမီးဖြစ်သွားပါတယ်။

❖ လာဇာဒေ၀ဓီတာ အမည်နဲ့
   နတ်သမီးဖြစ်လာတဲ့ သူဆင်းရဲမလေးက 
   သူအဖြစ်ကို သူချက်ချင်းဆင်ခြင်ပါတယ် 
   အဲဒီအချိန်မှာ သူ့အလောင်းဟာ 
   လယ်ကန်သင်းရိုးပေါ်မှာပဲ
   ရှိနေပါသေးတယ်။ နတ်သမီး ကလေးက
   သူ့ကုသိုလ်ဟာ အလွန်နည်းပါးပါလား၊
   နတ်သမီး ဘ၀များ 
   မေ့လျော့ ခံစားနေခဲ့ရင်
   တစ်နေ့မှာ ကုသိုလ်ကံအဟုန် 
   ကုန်သွားလိမ့်မယ်။
   ကုသိုလ်အမှုများကို ထပ်ပြုဦးမှ 
   တော်မယ်ဆိုပြီး ကုသိုလ်အမှုများ 
   ထပ်ပြီး ပြုတဲ့အတွက်
   သောတာပန် တည်သွားခဲ့ပါတယ်။

❖ အဲဒီအဖြစ်ကလေးဟာ ကံကောင်းနေတဲ့သူများ
    သတိထားဖို့သင့်တဲ့ အချက်ပါ။
    ကုသိုလ်ကံကောင်းဆိုတာ
    မျိုးစေ့ကောင်းနဲ့တူပါတယ်။ 
    မျိုးစေ့ကောင်းကို လက်၀ယ်ပိုင်ပိုင်
    ရထားတဲ့ သူများက 
    ပိုပြီး သတိထားရပါမယ်။
    ကုသိုလ်မျိုးစေ့ ကောင်းပါလျက်နဲ့
    ကောင်းစွာစိုက်ပျိုးခြင်း မရှိခဲ့ရင် 
    မျိုးစေ့ သုဉ်းသွားနိုင်ပါတယ်။

    အဲသည်လိုပါပဲ
    မိမိရဲ့အတိတ်ကံ ကောင်းနေရုံသာမက
    အခုအချိန်မှာလည်း ကောင်းတဲ့
    အမှုများကို လုပ်ပြီး
    ကောင်းမှုဆက်နေတဲ့ သူဖြစ်ခဲ့ရင် 
    ကံအကျိုးပေးပုံက ရှင်သန်နေမှာ
    ဖြစ်ပါတယ်။

 ✿ (ယောဆရာတော်) ✿
❖ ဘ၀တု သဗ္ဗမင်္ဂလံ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Credit :✍️
    ဓမ္မဒါနကုသိုလ်အဖြစ်မျှဝေ ပူဇော်ပါသည်။
🙏Diamond May🙏

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
<><><><><><><><><><><>

လူတိုင်းလူတိုင်း 
မိမိတို့ဘဝမှာ နေထိုင်တဲ့အခါ 
အကျိုးရှိအောင် နေတတ်ဖို့ 
အင်မတန် လိုအပ်ပါတယ် …

အကျိုး ဆိုတာ -
❝ ဒိဋ္ဌဓမ္မိက အတ္ထ ❞ 
မျက်မှောက်ဘဝမှာရတဲ့ အကျိုးက တစ်မျိုး 
❝ သမ်ပရာယိက အတ်ထ❞ 
တမလွန်ဘဝမှာရတဲ့အကျိုးက တစ်မျိုး လို့
စာပေကျမ်းဂန်တွေမှာ 
အကျိုး ❝ နှစ်မျိုး ❞ သတ်မှတ်ထားပါတယ် …

မျက်မှောက် ဘဝမှာ ရရှိနိုင်တဲ့ 
အကျိုးဆိုတာ
ဒီဘဝမှာ -
🔹စည်းစိမ်ဥစ္စာ ရတာလည်း
     အကျိုးတစ်မျိုး 
🔹ရာထူးဂုဏ်သိန် ရတာလည်း 
     အကျိုးတစ်မျိုး 
🔹ထူးခြားတဲ့ ဂုဏ်အရည်အသွေးတွေ 
     ရတာလည်း အကျိုးတစ်မျိုး
🔹စီးပွားဥစ္စာတွေ ရတာလည်း 
     အကျိုးတစ်မျိုး 
🔹ချမ်းချမ်းသာသာနေလို့ ရတာလည်း 
     ဒီဘဝရဲ့ အကျိုးတစ်မျိုးလို့ ပြောရမယ် …

တမလွန်ဘဝ အကျိုးဆိုတာကတော့ -
လူတိုင်း လူတိုင်းဟာ 
တမလွန်ဘဝဆိုတာ ရှိတယ် …

ဒီဘဝ အရေးတင် 
စဉ်းစားလို့ မရသေးဘူး 
နောင်ဘဝအရေး ဆိုတာကိုလည်း 
စဉ်းစားကြရမယ် …

နောင်ဘဝအရေး အတွက်လည်း 
ရှိသင့်ရှိထိုက်တဲ့ အကြောင်းတရားများ 
ရှိအောင် လုပ်မှ ကောင်းတဲ့ အကြောင်းတရားတွေ
မိမိသန္တာန်မှာ ရှိမှ 
နောင်ဘဝမှာ ကောင်းတဲ့အကျိုးတွေ ရနိုင်မယ် …

❝ ဒိဋ္ဌဓမ္မိက အတ္ထ ❞ 
မျက်မှောက်ဘဝမှာရတဲ့ အကျိုးနဲ့
❝ သမ်ပရာယိက အတ်ထ❞
တမလွန်ဘဝမှာ ရမယ့်အကျိုး ဆိုတဲ့ 
ဒီအကျိုးတရား နှစ်မျိုးစလုံး ကောင်းအောင် ဆိုရင်
ဓမ္မအသိနဲ့နေမှ ဖြစ်မယ် …

#ပါချုပ်_ဆရာတော်_ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Credit :

နောက်တစ်ခါလူလာဖြစ်ရင် သာသနာကရှိပါဦးမလား

♦️နောက်တခါ လူလာဖြစ်ရင်♦️

♦️သာသနာက ရှိပါဦးမလား♦️

🔹ခုလူတွေ ရှေးကနဲ့စာရင် တော်တော်ရိုင်းလာတယ်၊ တော်တော်ဆိုးလာတယ်၊ သို့သော် နောက်လာမယ့်လူတွေနဲ့စာရင် ဒါတွေ တော်တော် တော်တယ်နော်။

နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုးခုလို ပတ်၀န်းကျင်မျိုး မဟုတ်တော့ဘူးဗျ။

🔹ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊
နောက်နေ့ ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ့။

ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊
တလိမ့်လိမ့်ဆုတ်နေတာ။ 

များများမဟုတ်ဘူး၊နောက်ထပ် အနှစ် နှစ်ဆယ်လောက် ဆက်နေကြည့်၊ 
အဲ့ဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်။

🔹တစ်ဘ၀နဲ့ပြီးမှာ မဟုတ်ဘူးနော်၊ 
ပြီးတော့ ကျင့်နည်းကလည်း
သာသနာနဲ့ ကြုံမှ ၊ 
တို့က သာသနာရှိနေတုန်း တခြားရောက်နေရင်
ဒီနည်းသည် တို့နဲ့မဆိုင်၊ သာသနာ တို့နဲ့ မဆိုင် ဖြစ်သွားမယ်နော်။

အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင့်နဲ.ရောက်သွားရင်လည်း
တို့ သာသနာနဲ့ လွဲမှာနော်၊ 

သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။

နောက်တစ်ခါလူလာဖြစ်ရင် သာသနာနဲ့ကြုံဖို့ တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှဗျ။

🔹စာအဆိုက မြေဆီက အနှစ်တစ်ရာမှာ တစ်လက်မ တစ်လက်မ , လျော့  တာကိုး၊ မြေဆီမှီ၍ အစာဖြစ်ရတာ၊ဘာလို့့လျော့တုန်း၊ ဥတုကလည်း အအေးပိုင်းကနေ အပူဘက်ကူးနေတာ၊

🔹နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေကလည်း
ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ 

အဲဒီထဲကို လူလာဖြစ်ရတော့
တို့ရုပ်ဓါတ် စိတ်ဓါတ်လည်း ခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။

🔹ဥတုပူရင် အာဟာရပူမှာပေါ့၊ အာဟာရပူရင် စားရတဲ့ရုပ်ကလည်း
လှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲဒီတော့
ကောင်းတာလည်း ခံနိုင်စိတ်မရှိတော့ဘူး၊ ဆိုးတာလည်း
ခံနိုင်စိတ်မရှိတော့ဘူး။ 

တို့့တရားအားထုတ်တဲ့ပုဂ္ဂိုလ်က
ကောင်းကောင်းဆိုးဆိုး သိချင်တာ တစိုက်မတ်မတ်ကြည့်ရတာလေ။
အဲတော့ တို့ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။

🔹အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ့
အဆီဆုတ်ရင် အစာကြမ်းမယ်၊ 
စားတဲ့အစာကြမ်းရင်
အကြောအချဉ်တွေမာကြောလာတယ်၊ 
အကျိတ်အဖုတွေ
ကြီးထွားလာတယ်၊

 ဒါကြောင့်မို့ စိတ်တွေက ထန်လာတယ်။

ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်ဘူး လောကဓံကို။

🔹အဲတော့ အကြိုက်တွေ့လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊
အမုန်းတွေ့လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ။

အဘိဇ္စျာဆိုတဲ့ အလိုကြီးမှု အားကြီးလာပြီ။

ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။

🔹ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။
အဲတော့ ဥတုပူလို့ အစာပူတယ် ၊ 
အစာပူလို့ ရုပ်ပူတယ်၊
ရုပ်ပူလို့ စိတ်ပူတယ်၊ စိတ်ပူတော့ကံပူတွေ လုပ်မှာပေါ့။

ကံနဲ့စိတ်နဲ့ ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ့
တိုးတက်ဖို့ မြင်သေးသလား။

 လူ့့ဘုံပြန်လာချင်သေးသလား။

🔹အဲတော့ နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိဘူး၊
ဒီပတ်၀န်းကျင်မျိုး ဘာမှမရှိဘူး။ 

ကိုယ့်ကိုယ်ကိုလည်း
ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ 

အဲတော့ တို့ဘာလုပ်ရမလဲ။

🔹ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊
နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့်
ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။

🔹တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။

🔹လူ့ဘဝရောက်တုန်း၊
🔹သာသနာလည်း ပွင့်တုန်း၊
🔹တရားပြပေးမယ့်သူ ရှိတုန်း၊
🔹ကျန်းမာရေးလည်း ကောင်းတုန်း၊

ဒီတုန်း လေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင်
ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ...။။

🔹မဟာဗောဓိမြိုင်ဆရာတော်ကြီး

Credit. ..

ကိုယ်ဟာကိုယ့်ရဲ့အကောင်းဆုံးမိတ်ဆွေ ဖြစ်ပါစေ

🔺❝ ကိုယ်ဟာကိုယ့်ရဲ့
အကောင်းဆုံးမိတ်ဆွေဖြစ်ပါစေ ❞ 

✰ မကောင်းတာကြံ /မမှန်တာလုပ်
မဟုတ်တာ ပြောရင်တော့  သွားပြီ •••
ကိုယ်ဟာကိုယ့်ရဲ့ရန်သူပဲ အကြီးဆုံးရန်သူပဲ ••• 

✰ အဝေးကရန်သူက •••
တစ်ခါတစ်လေမှ အကြောင်းညီညွတ်မှသာ
ကိုယ့်ကိုနှိပ်စက်နိုင်မယ် ဒုက္ခပေးနိုင်မယ် •••
အဝေးကြီးကနေ တကူးတက
ကိုယ့်ဆီလာပြီးတော့ မနှိပ်စက်အားပါဘူး •••

✰ အနီးကပ်နှိပ်စက်နေတဲ့ 
ရန်သူကတော့ ကိုယ့်အနားမှာ ရှိနေတယ် •••
သူနဲ့မပေါင်းမှ သတိဝီရိယနဲ့နေမှ ••• 
ရန်သူနဲ့ပေါင်းရင် ကိုယ်ဟာ
ကိုယ့်ရန်သူဖြစ်သွားပြီ ••• 
ရန်သူဆိုတာ တခြားမဟုတ်ဘူးနော် •••
"လောဘ" "ဒေါသ" "မာန"စတဲ့
ကိလေသာတွေပဲ •••
 
✰ ရန်သူကကိုယ့်ရဲ့အကျိုးစီးပွား
မဲ့စေတယ်ဆိုတာ သေသေချာချာမြင်အောင်
ကြည့်နော် •••

✰ ကောင်းတာကြံ /မှန်တာလုပ်
ဟုတ်တာပြော ကောင်းမှုကုသိုလ်တွေနဲ့
နေကြမယ်ဆိုရင်  ကိုယ်ဟာ ကိုယ့်ရဲ့
အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး •••
အချစ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီဆိုတာ သိရမယ် •••

✰ မှန်တာလုပ် ဟုတ်တာပြောက သီလ
ကာယကံနဲ့ ၀စီကံ ( ကိုယ်နဲ့နှုတ် ) ကို သီလနဲ့
စောင့်ထိန်းပါ ပြုပြင်ပါ •••
သီလနဲ့ တူတဲ့အလှဆိုတာ မရှိပါဘူး ••• 

✰ သီလဖေါက်ပြန်ပျက်စီးရင် 
အရုပ်ဆိုးတယ်...၊ အကျည်းတန်တယ်...၊ 
ကိုယ့်ညီအကို ကိုယ့်ဆွေမျိုးတွေကတောင် 
ကိုယ့်ကို အမျိုးမတော်ချင်ကြတော့ဘူး •••
သီလအကျင့်ကောင်းနေရင်တော့ ဆွေမျိုး မတော်တဲ့သူတွေကတောင် ဆွေမျိုး 
တော်စပ်ချင်ကြတယ် •••

※ "သီလရနံ့  မွှေးပျံ့ကြိုင်စွာ •••
※ သီလဆင်တိုင်း  ရှုတိုင်းလှပါ •••
※ သီလစောင့်ငြား  မလားပါယ်ရွာ •••
※ မြတ်သီလ   စိတ်ချကိုးကွယ်ရာ •••"

✰ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် 
သီလနဲ့ အလှဆင်ပါ ရုပ်ကိုပြင်ဆင်ပေးရသလို စိတ်ကိုလည်းပြင်ဆင်ပေးကြရမယ် •••
စိတ်ကိုလည်းပြင်/ရုပ်ကိုလည်းပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန်တိုင်လိမ့်မယ် •••

✰ စိတ်ကိုတော့ ဘာ၀နာ ကမ္မဌာန်းနဲ့
ပြင်ဆင်ပေးရမယ်နော် ဆုံးမပေးရမယ်နော် •••
ဆုံးမထားလို့ ယဉ်ကျေးနေပြီဆိုရင်  ဒီစိတ်ကပဲ
ကိုယ့်ကို ချမ်းသာဖို့ပို့ဆောင်ပေးပါလိမ့်မယ် •••

✰ အချိန်တိုင်းအချိန်တိုင်း •••
ကာယကံကောင်းအောင် ၀စီကံကောင်းအောင်
မနောကံကောင်းအောင် မမေ့မလျော့တဲ့
သတိတရားနဲ့ နေကြရမယ် •••
သတိရှိနေတယ်ဆိုရင်
ကောင်းကျိုးချမ်းသာမင်္ဂလာတွေ ဖြစ်နေတယ် •••

✰ ကဲ •••
ကောင်းတာကြံ /မှန်တာလုပ်
ဟုတ်တာပြောလို့ ကိုယ်ဟာကိုယ့်ရဲ့
အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်ကျပါစေ •••

 【ရွှေဥမင်ဆရာတော်ဘုရားကြီး】

❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀

Credit. .

နှလုံးစိတ်ဝမ်း အေးချမ်းချင်ရင်

နှလုံးစိတ်ဝမ်း အေးချမ်း ချင်ရင်...
ဒီလမ်းက လျှောက်ဆိုပြီး မြတ်စွာဘုရား က ဟောကြား ခဲ့တယ်..

ဒီ လမ်းကြောင်း က တစ်ခုတည်း သော လမ်းကြောင်း ဖြစ်တယ်။

စိတ်နှလုံးရဲ့ ပူလောင်မှု တွေ ဆိုတာ...
သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ
(ဒုက္ခအပေါ်မှာနောက်လိုက်ပါလာတဲ့ စိတ်ဆင်းရဲမှု)
ဒါတွေ ဖြစ်တယ်။

သောကဆိုတာ စိုးရိမ်စိတ်...

စိုးရိမ်စိတ် လွန်ကဲလာတဲ့အခါ သတိလက်လွတ်နဲ့ ရူးသွပ်သွားတဲ့ အနေအထားမှာ ရှိတယ်။

ပဋာစာရီ လည်း ထိုနည်း၄င်းပဲ။ သောကကို မထိန်းချုပ်နိုင်လို့ သတိလက်လွတ်နဲ့ ရူးသွပ်ပြီး ဆင်းရဲဒုက္ခနဲ့  ကြုံတွေ့ခဲ့ရတယ်။

သောကဆိုတဲ့အရာက တစ်စုံတစ်ရာ ပျက်စီး သွားပြီ ဆိုရင် စိုးရိမ်တတ်ကြတယ်။

ဘာလုပ်ရမလဲ ဆိုရင်....
မဂ္ဂင် ရှစ်ပါး အကျင့်ကိုကျင့်ပါ။

မဂ္ဂင်ရှစ်ပါးလမ်းကိုလျှောက်ပါ။

ဘုရားကိုနှလုံးသွင်း၊ တရားကိုဆင်ခြင်ပါ။

ငါဆိုတဲ့ အရာ ငါ့ပစ္စည်း ငါ့ဟာဆိုတဲ့ အတွေးကို ဖျောက်ပါ။

အယူမှား အတွေးမှား ဒိဋ္ဌိနဲ့ တဏှာဆိုတဲ့ စွဲလန်းမှု တွေကို လျှော့ချ နိုင်မှသာလျှင်..

....ဒီလမ်းကလျှောက်ရင် အစဉ်ထာဝရ နှလုံးစိတ်ဝမ်း အေးချမ်းသွားနိုင်တယ်။

သောက မဖြစ်ခင်က ကြိုလျှောက်ထားရင် ခံနိုင်စေတယ်။

သောကဖြစ်လာတဲ့ အခါမှာလည်း သောကတွေကို ခံနိုင်ရည်ရှိစေတယ်။

မြတ်စွာဘုရားရဲ့ တရားဓမ္မဟာ စိတ်နှလုံးကို ဦးတည်ပြီး ဟောတဲ့ တရားတွေ ဖြစ်တဲ့အတွက် ကြောင့် စိတ်နှလုံး စိတ်ဝမ်း အေးချမ်းစေတယ်။

ဘယ်လိုအခက်အခဲ ကိုပဲ ကြုံတွေ့ကြုံတွေ့ စိတ်နှလုံးဟာခြောက်ခြားမှုမရှိ အေးချမ်းမှု ရှိတဲ့အထိ မြတ်စွာဘုရားက သွန်သင်တယ်။

အေးချမ်းမှုတွေရအောင် မြတ်စွာဘုရားရဲ့ တရားတွေက စွမ်းဆောင်ပေးနိုင်ပါတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit. .

တရားအားထုတ်ဖို့ရာက ကိုယ့်တာဝန်

<><><><><><><><><><><><><>

#ပစ္စေကဗုဒ္ဓ_ဆိုတာ

#ပစ္စေက ဆိုတာ       -   တစ်သီးတစ်ခြား
#ဗုဒ္ဓ ဆိုတာ              -   သိတာ
#သမ္မာသမ္ဗုဒ္ဓ ဆိုတာ -   ကိုယ်တိုင် မှန်မှန်ကန်ကန်
                                    သစ္စာ ၄- ပါးကို သိတာ

ကိုယ်တိုင် သိတာကို သူများကို
မှန်မှန်ကန်ကန် ဟောပြောနိုင်တာ …

#ပစ္စေကဗုဒ္ဓ_ဆိုတာ
ကိုယ်ပိုင်နည်းနဲ့ သစ္စာ ၄- ပါးကိုသိတာ …

သူတစ်ပါး နားဝင်အောင် သိသွားအောင်တော့
မပြောတတ်ဘူး …

သူသိသလို အခြားသူ သိအောင်
သစ္စာ ၄ - ပါးကို မဟောပြောနိုင်ဘူးတဲ့ …

#ပစ္စေကဗုဒ္ဓတွေဟာ
ဘုရားမပွင့်တဲ့ အချိန်မှာ ပွင့်တာ …

ဘယ်လိုပုဂ္ဂိုလ်တွေ ဖြစ်တာတုန်း ဆိုရင်
ဒီဘဝမှာ ဝိပဿနာတရားကို စွဲစွဲမြဲမြဲ
အားထုတ်တဲ့ ပုဂ္ဂိုလ် …

အဲဒီလို
ကြိုးပမ်းအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ
ဒီဘဝမှာ ရဟန္တာ ဖြစ်ရင် ဖြစ်
မဖြစ်ရင် သေခါနီးမှာ ဖြစ်နိုင်တယ် …

သေခါနီးမှာ မဖြစ်ရင်
ဒီဘဝက သေသွားပြီးတော့ နောက်ဆုံးအချိန်မှာ
ပစ္စေကဗုဒ္ဓ ဖြစ်သွားနိုင်တယ်လို့ …

တရားကို စွဲစွဲမြဲမြဲအားထုတ်ရင်
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ရဲ့
အကျိုးကျေးဇူးကို ဖော်ပြထားတယ် …

တရားအားထုတ်ဖို့ရာ ကိုယ့်တာဝန်
တရားထူးတရားမြတ်ကို ရဖို့က
ကိုယ့်တာဝန် မဟုတ်ဘူး …

ဆိုပါစို့
ဘာနဲ့ ဥပမာတူသလဲ ဆိုရင်
သစ်ပင်စိုက်တဲ့ အခါ ကိုယ်လုပ်ပေးရမှာက
ပေါင်းသင်ပေးရမယ် , မြေသြဇာ ထည့်ရမယ် ,
ရေလောင်းပေးရမယ် , ပိုးမကျအောင်
ဖယ်ရှားပေးရမယ် …

ဒါ ကိုယ့်တာဝန်ပေါ့ …

အပွင့်လေး ပွင့်အောင်
ကိုယ်လုပ်နိုင်သလား ၊ မလုပ်နိုင်ဘူး …

ကိုယ်က အခြေအနေကောင်းလေးတွေ
ဖန်တီးပေးတာပဲ ရှိတာ …

ရေလောင်းမယ် ၊ နေရောင်ထဲထားမယ်
နေပူရင်လည်း အရိပ်ထဲရွှေ့ထားမယ် စသည်ဖြင့်
ကိုယ်က အခြေအနေကောင်းလေးတွေ
ဖန်တီးပေးမယ် …

ထိုအခြေအနေကောင်းလေးတွေက
သူ့ဟာသူဆောင်ရွက်ကြတော့
အဖူးလေးတွေ အပွင့်လေးတွေ ဖြစ်လာတာပေါ့ …

အဲလိုပါပဲ
တရားအားထုတ်ပြီးနေရင်
သူ့ဟာသူ အခြေအနေကောင်းလေးတွေနဲ့
တရားထူးတရားမြတ်ရလာမှာပါ …

ဘယ်ဟာပဲ ဖြစ်ဖြစ်
သူ့ဟာသူ ရင့်ကျက် လာမှာပေါ့ …

ပွင့်ချိန်တန် ပွင့် , သီးချိန်တန် သီး
လက်ရှိ ကြိုးပမ်းအားထုတ်နေတဲ့ သူဟာ ဒီဘဝမှာ
-  တရားထူး တရားမြတ် ရနိုင်တယ်
-  သေခါနီးအချိန်မှာ ရနိုင်တယ်
-  သေခါနီးအချိန်မှာ မရရင် နောက်ဘဝမှာ ရမယ်
-  မရသေးဘူးဆိုရင် ပစ္စေကဗုဒ္ဓ အဖြစ်
   ရောက်နိုင်တယ် …

အဲဒါကြောင့်
ကိုယ်ပိုင် အသိဥာဏ်နဲ့ လုပ်ရမယ် …

လုပ်မှ ဒီလမ်းကြောင်းကို မှတ်မိ နေမှာနော် …

#ပါချူပ်_ဆရာတော်_ဘုရား

Credit , Original Uploader

ပါးစပ်လေးလှုပ်လိုက်တာနဲ့ အကုသိုလ်တွေဖြစ်စေတယ်

===================

"မုသာဝါဒကံ"ဆိုတာ လိမ်လည်
လှည့်ဖြား ပြောဆိုခြင်းပါပဲ။ 

မုသားစကားကို ကြိမ်ဖန်များစွာ ပြုနေတဲ့
ပုဂ္ဂိုလ်ကို ဒီမုသားစကားတွေက ငရဲကို
ရောက်အောင် ပို့ဆောင်ပေးပါလိမ့်မယ်။

တိရစ္ဆာန်ဘုံဘဝနှင့် ပြိတ္တာ အသူရကာယ်
ဘုံဘဝကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအား
ရှိပါတယ်။ 

မုသာဝါဒကြောင့် အပေါ့ဆုံးအကျိုးတရားကို
ပြောပါဆိုရင်တော့ လူဖြစ်တဲ့အခါ မဟုတ်
မတရား အစွပ်စွဲခံရတတ်တယ်တဲ့။

ဘာဖြစ်လို့လဲ။ တစ်ချိန်က မိမိက မုသားသုံးခဲ့
တော့ မိမိအပေါ်မှာပြန်ပြီးတော့ မုသားသုံးမယ့်
ပုဂ္ဂိုလ်တွေ များစွာပေါ်လာတယ်။

မဟုတ်မတရားပြောမယ့် ပုဂ္ဂိုလ်တွေ
အများကြီး ပေါ်လာတယ်။ 

တစ်ချိန်က မိမိက သူတစ်ပါးကို 
မဟုတ်မတရား ပြောခဲ့တဲ့အတွက်…

မိမိကို မဟုတ်မတရား ပြောမယ့်
သူတွေ ပြန်ပြီးပေါ်လာပါတယ်။

ဒီမုသာဝါဒကလည်း ဘာကိုအခြေခံပြီး
ဖြစ်ရသလဲဆိုရင် ပြန်ပြောမယ်ဆို …

ရာဂ ဒေါသ မောဟ မာန်မာန 
ဣဿာ မစ္ဆရိယတွေကြောင့်ပါပဲ။ 

ဒီရာဂ ဒေါသ မောဟ မာန်မာန ဣဿာ 
မစ္ဆရိယတွေကို အကောင်းဆုံး တိုက်ဖျက်တဲ့
ကံက ဝိပဿနာကံပါပဲ။

ယောနိသောမနသိကာရလို့ ခေါ်ဆိုအပ်တဲ့
ဝိပဿနာဉာဏ်တွေပဲ ဖြစ်ပါတယ်။

ထိုဝိပဿနာဉာဏ်တွေကို 
ရအောင်သာ ကြိုးပမ်းထားပါ။ 

ဒီသူတော်ကောင်းရဲ့ သန္တာန်မှာ ဒီရာဂ
ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ
တွေကို တိုက်ဖျက်ဖို့ အကောင်းဆုံး
လက်နက်ကြီးတွေ ရှိနေပြီ။ 

နောက်တစ်ခုက "ပိသုဏဝါစာ"
ကုန်းတိုက်တယ်ပေါ့။ 

သူတစ်ပါးရဲ့ ကျောကုန်းကို သွားပြီး
တိုက်စားနေတာနဲ့ တူပါတယ်။

ဘာလုပ်တာလဲ။ ဒီကစကား ဟိုပို့လို့
ဟိုက စကား ဒီပို့လိုက်နဲ့။ 

ဘယ်လောက်များ အရသာရှိလဲ။
ဒါပေမယ့် ဒီမှာကြည့် ဘာဖြစ်သလဲ။

ဒီစကားဟိုပို့ ဟိုစကားဒီပို့ဆိုတဲ့ 
စကား လုပ်ငန်းခွင်ကလေးကို ပြုလိုက်လို့
ဘယ်ရောက်နိုင်လဲ၊ ငရဲရောက်နိုင်တယ်တဲ့။

တိရစ္ဆာန်ဘုံဘဝနှင့် ပြိတ္တာ အသူရကာယ်
ဘုံဘဝကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအား
ရှိပါတယ်။ 

ဒီလိုဆိုရင် ဒီလိုလုပ်ငန်းမျိုးတွေကို 
လုပ်သင့်သလား။ မလုပ်သင့်ဘူး။

လူမိုက်ဆိုတာဘာလဲ။ လူ့ဝိနည်း
ရဟန်းဝိနည်းကို မသိဘူး။ 

သိပြန်တော့လည်း မကျင့်ဘူး။ 
မကျင့်တော့ ဘာဖြစ်သလဲ။

မကျင့်တဲ့ လူမိုက်တွေသွားတဲ့ 
လမ်းကို မိမိက သွားရမှာပါပဲ။ 

ခုပဲကြည့် ဟိုစကား ဒီပို့။  ဒီစကားဟိုပို့တော့ 
နှစ်ဖက် မိတ်ဆွေတွေ ကွဲပြားမသွားနိုင်ဘူး
လား။ စိတ်ဝမ်းတွေ ကွဲသွားပါတယ်။ 

သူတစ်ပါးတွေ စိတ်ဝမ်းကွဲအောင်ပို့တဲ့ 
ဒီကံက ငရဲပို့မယ်။ တိရစ္ဆာန် ပြိတ္တာ
အသူရကာယ်ဘုံကို တွန်းပို့ပေးလိုက်ပါတယ်။

ပို့ပြီး ဒီအကုသိုလ်ကံက အရှိန်လျော့ပြီး 
လူ့ဘဝကို ရလာတယ်ထား။

လူဘဝမှာ မိတ်ဆွေတွေနဲ့ ကွဲပြားတတ်
တယ်။ လင်မယားချင်း ရန်ဖြစ်လို့ကွဲတာ
ဘာကြောင့်လဲ။ 

အခြေခံက ပစ္စုပ္ပန်အကြောင်းက 
ရာဂ ဒေါသ မောဟ မာန်မာန 
ဣဿာ မစ္ဆရိယတွေ ကြောင့်ပါပဲ။ 

ဒီမှာ အတိတ်အကြောင်းလည်း
အခြေခံပါတယ်။ ဘယ်လိုအခြေခံလဲ။

အတိတ်ဘဝတစ်ခုမှာ မိမိက မိတ်ဆွေချင်း
တွေ ကွဲပြားအောင် ကုန်းတိုက်ခဲ့တဲ့အတွက်

ထိုကံအကြွင်းအကျန်တွေက မိမိကို
လာပြီးတော့ အကျိုးပေးလိုက်တာ မိမိ
မှာလည်း မိတ်ဆွေတွေနဲ့ ကွဲပြားရတယ်။

မိမိက ကောင်းတာလုပ်။ 
တစ်ဖက်က အကောင်းမထင်ဘူး။ 

အဲ့ဒီလိုပုံစံနဲ့ တစ်ယောက်နဲ့တစ်ယောက်
စိတ်ဝမ်းတွေ ကွဲပြားသွားတယ်။ 

"ငါက ကောင်းတာလုပ်ပါတယ်ကွာ။
သူတို့က ငါ့အပေါ် တစ်ချက်မှကောင်း
တာမမြင်ဘူး" 

ဘာလို့မမြင်လဲ။ ဒီကံက တားထားတာပါ။
 ကြောက်ဖို့ မကောင်းဘူးလား။သိပ်ကြောက်ဖို့
ကောင်းတယ်။

ဒါကြောင့် ဒီလို ကုန်းတိုက်ဆိုတဲ့ 
"ပိသုဏဝါစာ" လုပ်ငန်းသည်
ငရဲလည်းရောက်နိုင်တယ်။ 

တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လည်း ဖြစ်နိုင်တယ်ဆိုရင် 
ဒီလိုကံမျိုး လုပ်သင့်သလား။ မလုပ်သင့်ပါဘူး။ 

ဘယ်နှယ့်လဲ ယောဂီတွေ ဖြစ်ချင်ကြလား။
ဖြစ်တော့မဖြစ်ချင်ဘူး။ ဖြစ်စေတဲ့ ကံကို
ထူထောင်နေရင် ရပါ့မလား။ မရပါဘူး။

ဒါ… သိပ်သတိထားပါ။ ပါးစပ်လေး လှုပ်

နောက်တစ်ခု "ဖရုသဝါစာ" 
ကြမ်းတမ်းတဲ့ စကားတွေပြောတယ်။

ဆဲလိုက် ဆိုလိုက် ကြိမ်းလိုက်
မောင်းလိုက်ပေါ့။ 

ဒီလိုကြမ်းတမ်းတဲ့ စကားကို ကြိမ်ဖန်များစွာ
ပြုစုပျိုးထောင်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်မလဲ။

ဒီကံကို ထူထောင်နေစဉ်ဖြစ်နေတဲ့ 
ရာဂဒေါသ မောဟ မာန်မာန
ဣဿာ မစ္ဆရိယ ဒိဋ္ဌိစတဲ့ ဒီကံတွေက…

ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်
ဘဝတွေကို တွန်းပို့ပေးပါတယ်။ 

မိမိက အပါယ်လေးဘုံကို အလိုမရှိခဲ့ရင် 
ဒီလို ကြမ်းတမ်းစကားမျိုး ပြောသင့်သလား။
ရှောင်ကြဉ်သင့်ပါတယ်။

ဒါပေမယ့် တစ်ချို့မရှောင်နိုင်ဘူး။

မရှောင်နိုင်ရင် ဒီအကုသိုလ်ကံက
ဘယ်ပို့ပေးမလဲ။ အပါယ်လေးဘုံ 
တစ်ဘုံဘုံကို ပို့ပေးပါလိမ့်မယ်။

 ဒီအပါယ်လေးဘုံမှာ ဒုက္ခတွေ
ဝအောင်ခံပြီး လွတ်လာပြန်။

လူ့ဘဝရောက်လာတော့ အပေါ့ဆုံး
"ဖရုသဝါစာ" ရဲ့ အကျိုးကို ပြောပါဆိုရင်

သူ့အသံကို ဘေးက နားထောင်လိုက်ရင်
နည်းနည်းလေးမှ ကြားလို့မကောင်းဘူး။

အသံမကောင်းဘူး။ မနှစ်ခြိုက်ဖွယ်ရာ
အသံနှင့် ပြည့်စုံနေတယ်တဲ့။ 

ဘာဖြစ်လို့လဲဆိုရင် မိမိက တစ်ချိန်က "ဖရုသ"ဆိုတာ
 ကြမ်းတမ်းတယ်။ဘယ်လိုကြမ်းလဲ။ လွှသွားလို ကြမ်းတယ်။

သူတစ်ပါး၏ နားထဲကို လွှသွားကြီး တစ်ခု
သွတ်သွင်းလိုက်သလို ကြမ်းတမ်းအောင်
ပြုလုပ်ခြင်းဆိုတဲ့ စကားတွေပါပဲ။

ဒီစကားတွေကြောင့် တစ်ချိန်
အကျိုးပေးပြီဆိုရင် …

မိမိပါးစပ်က ထွက်လာတဲ့ အသံသည်
တစ်ဖက်သား နှစ်ခြိုက်တဲ့အသံ ဘယ်လိုမှ
မဖြစ်တော့ဘူး။ 

သူတစ်ပါး မနှစ်ခြိုက်တဲ့ 
အသံကို ပြုလုပ်မိခဲ့လို့.. 

ဒီလိုဆို အသံကောင်းချင်ရင် သူတစ်ပါး
နားဝင်အောင် ချိုချိုသာသာလေးပြော
ပေါ့နော်။ 

မှန်တဲ့အတိုင်း မေတ္တာထားပြီး ချိုချို
သာသာ ပြောခြင်းကို ဆိုလိုပါတယ်။

နောက်တစ်ခုက "သမ္ဖပ္ပလာပ" 
သိမ်ဖျင်းပြီး အနှစ်မရှိတဲ့ စကားကို
ပြောပြီ။

ဒီစကားမျိုးကိုပြောရင် ဘာကိုအခြေလဲ။
ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ
မစ္ဆရိယ တွေကြောင့်ပါပဲ။ 

ဒီစကားကြောင့် ရှေးကလိုပဲ အပါယ်
လေးဘုံကို တွန်းပို့ပေးတယ်တဲ့။ 

နောက်ဆုံး အပေါ့ဆုံးကံ အကျိုးပေးချိန် 
လူ့ဘဝ ရလာပြီဆိုရင် …

လူ့ဘဝမှာ သူတစ်ပါးတို့ မယုံကြည်တဲ့
စကားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တတ်တယ်တဲ့။

မိမိက စကားတစ်ခု ပြောလိုက်ရင်
သူတစ်ပါးက မိမိစကားကို ဘယ်တော့မှ
လက်မခံဘူး။ 

ယုံကြည်တဲ့ စိတ်ထား မရှိကြဘူး။ ဘယ်လိုပဲ
သူပြောတဲ့ စကားမှန်ချင်မှန်ပါစေ မယုံကြည်
ကြတော့ဘူး။ ဒါဟာ အတိတ်က သိမ်ဖျင်းတဲ့
ကံရဲ့ အကျိုးပါပဲ။

ဒါကြောင့် ဒီလို ပါးစပ်လေးလှုပ်ပြီး ပြုလိုက်တဲ့ 
အကုသိုလ်ဆိုတဲ့ လုပ်ငန်းသည် ငရဲလည်း
ရောက်နိုင်တယ်။ 

တိရစ္ဆာန်,ပြိတ္တာ အသူရကာယ်လည်း ဖြစ်
နိုင်တယ်ဆိုရင် ဒီလိုကံမျိုး လုပ်သင့်သလား။
မလုပ်သင့်ပါဘူး။ 

ဘယ်နှယ့်လဲ ဒကာမကြီိးတွေ ဖြစ်ချင်
ကြလား။ ဖြစ်တော့မဖြစ်ချင်ကြဘူး။

ဖြစ်စေတဲ့ကံကို ထူထောင်နေရင် ရပါ့မလား။
မရပါဘူး။ ဒါသိပ်သတိထားပါ။ ပါးစပ်လေး

ဖားအောက်တောရ ဆရာတော်
မိစ္ဆာဝါစာကံ
credit : Paral Lel

ဘဝတိုင်း မရနိုင်

ဘ၀တိုင်း မရနိုင်
▬▬▬▬▬▬▬

❂ တရားကျင့်ဖို့ ဆိုတာ 
ဘ၀တိုင်းမှာ ရဖို့မလွယ်ပါဘူး။

❂ လွတ်လွတ်လပ်လပ်နဲ့ 
ကုသိုလ်ကောင်းမှုတွေကို ပြုနိုင်တယ်

❂ စိတ်သွားတိုင်း ကိုယ်ပါနေတယ် ဆိုတာ 
ကျင့်မယ်ဆို ကျင့်သလောက် ခရီးရောက်နိုင်တာပါ။

❂အသိဉာဏ် အဆင့်အတန်းလည်း 
ပြည့်မီပါတယ် ဆိုတဲ့ အခြေအနေမျိုးကိုမှ 
အခွင့်အရေးမယူတတ်ဘူးဆိုရင် 
တစ်သံတစ်ရာလုံး ဆုံးရှုံးသွားလိမ့်မယ်။

❂ လူတိုင်းလူတိုင်းမှာ တန်းတူအခွင့်အရေးရှိပါတယ်။

❂ ဘယ်သူမဆို တရားကျင့်လို့ ရပါတယ်။

❂ သို့သော် လူတိုင်းတရားကျင့်ရဲ့လား။

❂ ကျင့်ချင်တဲ့စိတ်မျိုးရောဖြစ်ရဲ့လားဆိုတာ
သိကြပါလိမ့်မယ်။

❂ တရားကျင့်တယ်ဆိုတာ 
အမှန်တကယ် စဉ်းစားကြည့်ရင် 
ကိုယ့်ဘ၀အတွက် အတော်ဝမ်းသာစရာ အဖြစ်မျိုးပါ။

❂ ဘ၀တိုင်း ဘ၀တိုင်းလည်းပဲ မဖြစ်နိုင်ပါဘူး။ 
လူတိုင်းလူတိုင်းလည်းပဲ မကျင့်ဖြစ်ပါဘူး။

❂ တရားမကျင့်လိုက်ရပဲနဲ့ 
သေဆုံးကွယ်လွန်သွားကြတဲ့လူတွေ လောကမှာ 
အများကြီးရှိပါတယ်။

❂ ယောအတွင်းဝန် ဦးဖိုးလှိုင်ဟာ 
ဝိပဿနာတရားဟောပြတဲ့ လယ်တီဆရာတော်ဘုရားကြီးကို 
လျှောက်ထားပါတယ်။
✅ မင်းတုန်းမင်းတရားကြီးဟာ 
ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ပါတယ်
✅ပဉ္စမသံဂါယနာလည်း တင်ခဲ့တယ် …
✅ပိဋကတ်တော်တွေကို မန္တလေးတောင်ခြေမှာ 
ကျောက်ထက်အက္ခရာ တင်သွားတယ်၊
✅ကျောင်းကန်ဇရပ်တွေလည်း
ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် …
✅ဥပုသ်သီတင်းလည်း ဆောက်တည်ခဲ့ပါတယ် …

► ဒါပေမယ့် အရှင်ဘုရားတို့ ဟောကြားတဲ့ 
ဝိပဿနာတရား မနာလိုက်ရဘူး၊ မကျင့်လိုက်ရဘူး 
ဒီအတွက် ၀မ်းနည်းမိပါတယ်" လို့ လျှောက်ပါတယ်။

❂ ဒါန, သီလဆိုတာ လူတိုင်းပြုဖြစ်တာ များတယ်။

❂ ဘာဝနာ တရားကျင့်ဖို့ဆိုတဲ့ 
အခွင့်အရေးကျတော့ ရဖို့ခက်ပါတယ်။

【ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ】

❁ အပ္ပမာဒေန သမ္မာဒေထ ❁ 
✦ရွှင်လန်း✦အေးချမ်း✦ပါစေ✦

Credit ....

Tuesday, September 29, 2020

သူတော်ကောင်းတို့နှင့်သာ ပေါင်းသင်းရာ၏

💕💕💕💕💕💕💕💕💕💕💕💕💕

အခါတစ်ပါး၌ မြတ်စွာဘုရားသည် 
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော 
ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏ ။ 

ထိုအခါ သူတော် ကောင်းတရားကို ဟောပြော၍ 
နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော 
နတ်သားတို့သည် အလွန် နှစ်သက်ဖွယ်သော 
အဆင်းရှိသည် ဖြစ်၍ ညဥ့်ဦးယမ်လွန်ပြီးသော 
သန်းခေါင်းယမ် အချိန်၌ ​ဇေတဝန် တစ်ကျောင်းလုံးကို 
ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် 
မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ကြကုန်၏ ။ 

တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော နတ်သားတစ်ဦးသည် 
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏~

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏ ။ 
သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏ ။ 
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏ ။
မယုတ်မာ''ဟု လျှောက်တင်လေ၏ ။

ထိုနောက် တစ်ပါးသော ဒုတိယမြောက် နတ်သားသည် 
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏~ 

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏ ။ 
သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏ ။ 
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် 
ပညာကို ရနိုင်၏။  အခြား သူမိုက် ထံမှ 
ပညာကို မရနိုင်''ဟု လျှောက်တင်လေ၏ ။

ထိုနောက် တစ်ပါးသော တတိမြောက် နတ်သားသည် 
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏~ 

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏ ။ 
သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏ ။ 
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် 
ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ''ဟု လျှောက်တင်လေ၏။

ထိုနောက် တစ်ပါးသော စတုတ္ထမြောက် နတ်သားသည် 
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏~ 

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏ ။ 
သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏ ။ 
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် 
ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏''ဟု လျှောက်တင်လေ၏။

ထိုနောက် တစ်ပါးသော ပဉ္စမမြောက် နတ်သားသည် 
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏~ 

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏ ။ 
သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏ ။ 
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် 
သတ္တဝါတို့ သည် ကောင်းသော လားရာ သုဂတိ ဘဝသို့ 
ရောက်ရကုန်၏''ဟု လျှောက်တင်လေ၏ ။

ထိုနောက် တစ်ပါးသော ဆဋ္ဌမမြောက် နတ်သားသည် 
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏~

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏ ။ 
သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏ ။ 
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် 
သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ 
တည်နေရကုန်၏''ဟု လျှောက်တင်လေ၏ ။
 
ထိုအခါ တစ်ပါးသော နတ်သားသည်... 

'' မြတ်စွာဘုရား အဘယ်သူ၏ စကားသည် 
ကောင်းစွာ ဆို အပ်သည် မည်ပါသနည်း''ဟု 
မြတ်စွာဘုရားအား ဤစကားကို လျှောက်တင်၏ ။ 

သင် နတ်သားအားလုံးတို့၏ စကားသည် 
အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏ ။ 
ထို့ပြင် ငါ၏ စကားကိုလည်း နာယူကြ ကုန်လော့~

''သူတော် ကောင်းတို့ နှင့် သာလျှင် ပေါင်း ဖော် ရာ၏ ။ 
သူတော် ကောင်းတို့ နှင့် ပေါင်း ဖော်ခြင်း ကို ပြုရာ၏ ။ 
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် 
အလုံးစုံသော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏''ဟု 
မြတ်စွာဘုရားသည် ဤတရားကို ​ဟောကြား မိန့်​တော်မူ၏ ။ 

ထိုနတ်တို့သည် အလွန် နှစ်သက်ကုန်သည် ဖြစ်၍ 
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုကာ 
ထိုအရပ်၌ပင် ကွယ်ပျောက်လေကုန်သတည်း။
 ~~~~~~~~~~~~~~~~~~~~~

#ကျမ်းကိုး။ 
#သဂါထာဝဂ္ဂသံယုတ်ပါဠိတောာ် 
#သတုလ္လပကာယိကဝဂ်_သဗ္ဘိသုတ်
#ပိဋကတ်သုံးပုံ_မြန်မာပြန်

🙏 မိတ်ဆွေများအားလုံး မင်္ဂလာပါ ခင်ဗျာ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကျမ်းမာချမ်းသာကြပါစေ ။ 

... သူရိယ စန္ဒာ ...

ကံကောင်းအောင် စေတနာကောင်းဖို့လိုတယ်

💞💞💞💞💞💞💞💞💞💞💞💞💞

လောကလူတွေက 
ချမ်းသာချင်ကြတယ်။ 
သို့သော် အကုသိုလ်တွေ 
ရင်ထဲများလာပြီ ဆိုရင်တော့ 
ဆင်းရဲမှာပဲ သေချာတယ်။

ကုသိုလ်တွေ ရင်ထဲနှလုံးထဲမှာ 
များလာပြီ ဆိုမှ ချမ်းသာမှာ ဖြစ်တယ်။...

ကုသိုလ်ကံကို ဓမ္မ လို့ခေါ်တယ်။

ဓမ္မ ဆိုတာ...
" အတ္တာနံ ဓာရေန္တပေဋိ ပဇ္ဇမာနေ စတူသု
အပါယေသု အပတ မာနေ ကတွာ ဓာရေ တီ တိ ဓမ္မော ” 

ဒီ ကုသိုလ် ဆိုတဲ့ သဘာဝတရားသည် 
အဲဒီ မိမိ ဖြစ်ရာ ပုဂ္ဂိုလ်ကို အပါယ်ဘုံမရောက်အောင် 
သူက ဆွဲဆောင်ထား နိုင်တယ်။
စောင့်ရှောက်ထား နိုင်တယ်။

အင်မတန်မှ အားကိုးစရာ ကောင်းတယ်။

ပန်းတစ်ပွင့် လှူတဲ့ ကုသိုလ်ကို အခြေပြုပြီး (၉၁)ကမ္ဘာ
အပါယ်မလားတဲ့ အပြင် နောက်ဆုံး အချိန်မှာ 
ဒီကုသိုလ်ကံ ကို အခြေ ပြုပြီး မြတ်စွာဘုရားနဲ့ တွေ့လို့ 
တရားဓမ္မနာကြား ရပြီး နိဗ္ဗာန်မျက်မှောက် ပြုနိုင်တဲ့ 
ရဟန္တာပုဂ္ဂိုလ် ထိအောင် ဖြစ်သွားတယ်။

အဲဒီတော့ ကုသိုလ်ကံဟာ ကိုယ့်အတွက် 
ဘဝအဆက်ဆက် အဆင်ပြေအောင် ဖန်တီး နိုင်တယ်။

ဒီဘဝမှာ ကုသိုလ်ကောင်းမှု လုပ်လိုက်လို့ 
ဒီကုသိုလ်ကံကြောင့် ကောင်းတဲ့ ဘဝ ရောက်တယ်။

အဲဒီ ဘဝမှာလည်း ကုသိုလ်ကောင်းမှု ဆက်လုပ်တယ်။
အဲဒီကုသိုလ် ကြောင့် ကောင်းတဲ့ဘဝ ရောက်ရပြန်တယ်။

ကုသိုလ်ကောင်းမှု ဆက်လုပ် တယ်။

အဲဒီလို ကုသိုလ်ကောင်းမှု အစဉ် အဆက်မပြတ် 
ပြုလုပ်သွားသည့်အတွက်ကြောင့် 
ထိုပုဂ္ဂိုလ် ဟာ ကံကောင်းတယ်။

ကံကောင်းလို့ အကျိုးပေး ကောင်းပြီး 
နောက်ဆုံးမှာ နိဗ္ဗာန်ထိအောင် 
မျက်မှောက်ပြုသွားနိုင်တဲ့ အကျိုးတရားကို ရနိုင်တယ်။

ကုသိုလ်ကောင်းမှု ဆိုတာ 
အလွန် အားကိုး ရတဲ့ အနေ အထားမျိုး ဖြစ်လို့ 
မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်က...

ပုညဉ္စေ ပုရိသော ကယိရာ၊
ကယိရာ နံ ပု နပ္ပု နံ ၊
တမှိ ဆန္ဒံ ကယိရာ ထ၊
သု ခေါ ပုညဿ ဥစ္စယော။

ကုသိုလ်ကောင်းမှု လုပ်ပါ။ 
ကုသိုလ်ကောင်းမှု ကို လုပ်မယ် ဆိုလို့ရှိရင် 
ကိရိယာ နံ ပု နပ္ပုနံ-အထပ်ထပ် လုပ် ဖြစ်အောင် လုပ် ပါ ။

ကုသိုလ်ကောင်းမှု လုပ်ရင် အထပ်ထပ် လုပ်ပါ တဲ့ ။

တမှိ ဆန္ဒံ ကယိရာ ထ- လုပ်ချင်တဲ့ ဆန္ဒကိုလည်း မွေးထားပါ။

လုပ်ချင်တဲ့ ဆန္ဒ ကိုလည်း ရင်ထဲမှာ 
ရှင်သန်နေအောင်ကြိုးစား။

ဘာကြောင့် ဒီလို တိုက်တွန်း ရသလဲ ဆိုရင် 
ပုညဿ- ကုသိုလ်ကောင်းမှု ၏ 
ဥစ္စယော- မိမိ သန္တာန်မှာ တိုးတက် များပြားလာ ခြင်းသည် 
သုခေါ- ချမ်းသာသုခ ရခြင်း၏ အကြောင်းပဲ ဖြစ်သည်။

လောက လူတွေက ချမ်းသာ ချင် ကြတယ်။ 
သို့သော် အကုသိုလ်တွေ ရင် ထဲ များ လာပြီ ဆိုရင်တော့ 
ဆင်းရဲ မှာပဲ သေချာတယ်။

ကုသိုလ်တွေ ရင်ထဲ နှလုံးထဲမှာ များလာပြီဆိုမှ 
ချမ်းသာမှာ ဖြစ်တယ်။

ဒါကြောင့်မို့  မြတ်စွာဘုရားရဲ့ 
အဆုံးအမ တရားတော်နှင့်အညီ ​စေတနာမှန်မှန် 
စေတနာ ထက်ထက်သန်သန် စေတနာကောင်းကောင်းနဲ့ 
ပြုလုပ်ခြင်းအားဖြင့် ကံကောင်းမှာ ဖြစ်တယ်။

ကံကောင်းလို့ ရှိရင်လည်း အကျိုးပေး ကောင်းမှာ ဖြစ်တယ်။

အကျိုးပေး ​ကောင်းအောင် ကံကောင်းဖို့ လိုတယ်။

ကံကောင်းအောင် 
စေတနာကောင်းဖို့ လိုတယ်ဆိုတာကို 
မှတ်သားပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း 
ကုသိုလ်ကောင်းမှုကို စဉ်ဆက်မပြတ် မိမိတို့ သန္တာန်မှာ 
ဖြစ်ပွားအောင် ကြိုးစားအားထုတ် နိုင်ကြပါစေကုန် သတည်း။

🌼 ကျေးဇူးတော်ရှင် 
🌼🌼🌼🌼🌼🌼🌼🌼🌼
{ စေတနာကောင်းလျှင် ကံကောင်းသည် တရားတော်မှ }

Credit... Khin Sander Soe Htut...  

ဆုတ်ကပ်၏သဘော

** ဆုပ်ကပ်၏သဘော **

* ဇောတိကသူဋ္ဌေး ရဟန်းပြုသွားသော အခါ သူ့ရဲ့ အတိတ်ကုသိုလ်ကံကြောင့် ပေါ်ထွက်လာသည့် ဘုံ
ဗိမာန်တို့အလိုအလျောက်ကွယ်ပျောက်သွားကြသည်။

*  တကယ်ရှိ ဓာတ်ပရမတ် ပထဝီကို ကုသိုလ်ကံ က
ပြုသောသူစံစားစေရန် ဖန်တီးပေးပြီးမသုံးဆောင်လိုသောအခါ နဂိုဓာတ်ပရမတ်သာ ဖြစ်သွားသည်။

*      လူ...မသိ၊နတ်..သိ
         နတ်.......မသိ၊ဓာတ်...သိ  သည်သာဖြစ်၏။
မိမိပြု့သည့် ကုသ်ုလ်/အကုသိုလ်ကံကို လူအချင်း
ချင်း မသိသော်လည်း နတ်တို့ သိမြင်သည်သာ ဖြစ်
၏။

* အကယ်၍နတ်တို့ မေ့လျော့ခဲ့သော် ပြုပြီးခဲ့သော ကံဓာတ်ကြောင့် ပထဝီ ဓာတ်တို့ တန်ခိုးပြသည်။
ဓာတ်ချင်းဆက်၍ ပြောကြ၏။လူတွေလို ညာပြ၍
မရပါ။

* အလောင်းတော်ဘဝ သူတော်ကောင်းတရားတို့
ကျင့်ကြံနေသောဘုရားလောင်းဒုက္ခဖြင့်ကြုံနေချိန် သိကြားမင်း ကူညီစောင့်ရှောက်ပေးရန် မေ့လျော့
နေ၏။

* ထိုအခါ ပဏ္ဍုကဗ္ဗလာ မြကျောက်ဖျာမှာ မာတင်း
ပြသည်ကို သတိထားမိ၍ သူတော်ကောင်းတစ်
ယောက်ဒုက္ခရောက် နေပြီဟု သိကာ နတ်တို့တန်ခိုး
ဖြင့် လူ့ပြည်ကိုကြည့်ကာ ကူညီရရှာသည်။

*   မြကျောက်ဖျာ ဆိုသော်လည်း သိကြားမင်း၏
ကုသိုလ်ကံကြောင့် သူ့နဂို သဘောမှာ အလွန်နူးညံ့ 
သ်ိမ်မွေ့သောသဘော ရှိပြီး အလောင်းတော်၏ ကံ
ဓာတ်ကြောင့့်သာ ဓာတ်ပြောင်းကာ မာတော့သည်။
ပျော့သဘော ပထဝီဓာတ်မှ မာသဘောပထဝီဓာတ် 
သို့ ပြောင်းလဲကာပြခြင်းဖြစ်သည်။

* ဓာတ်တုိ့၏ အကြောင်းကို သိမြင်စေရန်ပညာရှိ 
များက ဥပမာ ပုံများ ပြပေးထားကြ၏။

* ဘိုးသူတော် တစ်ယောက် သူ့များယာခင်းအတွင်း 
ဝင်ကာ ပြောင်းဖူး ခိုးစား၏။

* ပြောင်းဖူး မှာ အစေ့က မညီညာ အရသာလည်း
မရှိ သဖြင့် အပြစ်ပြောမိရာ ပြောင်းဖူး မှ သူ့ကိုအ
ပြစ်မတင်ဖို့၊မြေကြီးကိုသာ မှီကာ ပေါက်ရလို့ တင်
်ချင်းတင် မြေကြီးကိုသာ အပြစ်တင်ရန် ပြန်ပြော
သည်။

* ဘိုးသူတော်က မြေကြီးကို ၎င်း၏မြေဆီလွှာ အ
တော်ညံ့ကြောင်း မြေကိုပြောင်း၍ အပြစ်တင်ရာ
မြေကြီးမှ ဒီကိစ္စသူတရားခံ မဟုတ်ပါ။

* မိုးလေဝသ မမှန်၍သာဖြစ်ကြောင်း၊အပြစ်တင်
လိုလျင် မိုးနတ်မင်းကိုသာ အပြစ်တင်ပါ ဖြေရှင်း ကာပြသည်။

* မိုးလေဝသ မှန်အောင် မပြုသော အပြစ်နဲ့ မိုးနတ်
မင်းကို ဘိုးသူတော် အပြစ်ဆိုရာ သူ့၏တာဝန်မှာ
လောကီလူတို့ အကျင့်သီလ ပြည့်စုံကြသည့်အခါ 
မိုးလေ ညီညွတ် မျှတအောင် စောင့်ရှောက်ရန်သာ 
ရှိပါ၏။

* အကျင့်သီလ ချို့ယွင်းကြ၍ မိုးလေပျက်ယွင်း 
ဖောက်ပြန်ခြင်းသည် သီလပျက်သူတို့၏ အပြစ်
သာ ဖြစ်သည် ဆိုသည့်အခါ ခိုးစားသော ဘိုးသူ
တော် အပေါ်မှာသာ အပြစ်ရှိနေသည်။

* အကျင့်သီလ ပျက်ယွင်းကြသော ဆုပ်ကပ်၏
သဘောမှာ  ဤသို့သာတည်း။

အရှင်ပညိဿရ — celebrating success.

စိတ်ညစ်နေလျှင်ဘယ်လိုနှလုံးသွင်း ဆင်ခြင်ရမလဲ

#မေး - အရှင်ဘုရား…ဘ၀မှာ
စိတ်ညစ်စရာတွေ ဆက်တိုက်ကြုံရရင်
ဘယ်လို နှလုံးသွင်းပြီး ဆင်ခြင်ရမလဲ
သိချင်ပါတယ် အရှင်ဘုရား…။

#ဖြေ - စိတ်ညစ်စရာကြုံရရင်
ဆက်မတွေးဘဲမေ့ပစ်လိုက်၊
စိတ်ချမ်းသာစရာကိုသာရှာတွေးပါ၊
ဒါက တစ်ခု။

- စိတ်ညစ်စရာ စိတ်ချမ်းသာစရာဆိုတာ
လောကသဘာ၀ လောကဓံမျှသာ၊
အကောင်းအဆိုး မည်သည့်အရာမျှ
မမြဲဟု နှလုံးသွင်းပါ၊ ဒါကတစ်ခု။

- လောကဓံမှန်သမျှ ကြံ့ကြံ့ခံနိုင်ရန်
သမထကျင့်စဉ်၊ ဝိပဿနာ
ကျင့်စဉ်ကို ကျင့်ရမည်၊
သတိသမ္ပဇဉ် လေ့ကျင့်နည်းကို
မဟာသတိပဋ္ဌာနသုတ်မှာ
လာတဲ့အတိုင်းလေ့ကျင့်ပါ။
အကျိုးရှိပါလိမ့်မည်။

  
ဒေါက်တာနန္ဒမာလာဘိဝံသ
 (ပါမောက္ခချုပ်ဆရာတော်)

ဘဝတစ်ခုကမတော်လို့ဆုံးသွားခဲ့ရင်

ဘဝတစ်ခုက မတော်လို့ ဆုံးသွားခဲ့လျှင်
♥♥♥♥♥♥♥♥♥♥♥♥♥

သာသနာတော်နဲ့တွေ့ရတာ 
အကျိုးမရှိ ဖြစ်သွားနိုင်တဲ့ အတွက်ကြောင့်
ကျိန်းသေတဲ့ကံကို ကြိုးစားကြစမ်းပါ။ 

ကျိန်းသေတဲ့ကံ ဆိုတာကတော့...
ဂရုကံ အကုသိုလ်အရာမှာလည်း 
ကျိန်းသေနေတဲ့ကံ ရှိတယ်။ 
ကုသိုလ်အရာမှာလည်း 
ကျိန်းသေတဲ့ကံဆိုတာ ရှိပါတယ်။

အကုသိုလ်အရာမှာ 
ကျိန်းသေတဲ့ကံကတော့
အမိကိုသတ်ခြင်း အဖကို သတ်ခြင်း 
ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း 
ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း 
သံဃာသင်းခွဲခြင်း ဆိုတဲ့ ကံကြီးငါးခု 
တစ်ခုခု ကျူးလွန်ခဲ့မယ် ဆိုလျှင်တော့

သေသည်၏အခြားမဲ့၌ 
ငရဲ ပြည်သို့ ရောက်သွားတယ်
ကျိန်းသေတဲ့ ကံရဲ့အကျိုးပဲ။

ကုသိုလ်ဂရုကံ
မိမိတို့က အားထုတ်လိုက်တော့
စျာန်သမာဓိတွေ ကို ရရှိပြီ။ 
အာနာပါနစျာန်ပဲဖြစ်ဖြစ် မေတ္တာစျာန်ပဲဖြစ်ဖြစ်
ကသိုဏ်းစျာန်တွေ ပဲဖြစ်ဖြစ် ပွားများလိုက်လို့
စျာန်တွေကို ရရှိခဲ့မယ်ဆိုလျှင် 
ဒီစျာန်တွေကလည်း သေသည့်တိုင်အောင် 
မလျှောကျခဲ့ဘူး ဆိုလျှင်တော့ 
အကျိုးပေးမြဲပါတယ်။ 

အကျိုးပေးမြဲတယ်ဆိုတဲ့ သဘောကတော့ 
သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ် အတွက်
ပြောတာပါ၊ 
ဒီပုဂ္ဂိုလ်က သံသရာခရီး ဆုံးမယ်ဆိုလျှင် 
ဒီစျာန်တရား တွေက
အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။ 

အကုသိုလ်ဘက်မှာ ကျိန်းသေတာ 
နောက်တစ်ခု ရှိနေသေးတယ်၊ 
ကံ-ကံ၏အကျိုးကို လက်မခံတဲ့ 
နိယတမိစ္ဆာဒိဋ္ဌိအယူဝါဒ ဖြစ်ပါတယ်။   
‘‘ဘဝဆိုတာ ပုခက်နှင့် ခေါင်းကြားမှာပဲ ရှိတယ်။ 
ခေါင်းဟိုဘက် ဘာမှမရှိပါဘူး’‘ ဆိုပြီးတော့ 
သူတို့က ဒီလို ပြောကြတယ်။ 

ဒီအယူဝါဒကို သေသည့်တိုင်အောင် 
မစွန့်လွှတ်ခဲ့ဘူးဆိုလျှင် 
ဒီကံက အကျိုးပေး မြဲပါတယ်။ 
အကျိုးပေးမြဲခြင်းကြောင့် သူ့ကိုလည်း 
နိယတမိစ္ဆာဒိဋ္ဌိကံဆိုပြီး ဒီလို ခေါ်ပါတယ်။

ဝိပဿနာကံ
နောက်ထပ် ခိုင်မြဲတဲ့ ကံတစ်ခုကတော့ 
ခုလို ရုပ်တွေနာမ်တွေကို ပရမတ် သို့ 
ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့မယ်၊
အကြောင်းတရားတွေ 
အကျိုး တရားတွေကိုလည်း 
ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် 
သိမ်းဆည်းတတ်ခဲ့ မယ်ဆိုလျှင်
နာမရူပပရိစ္ဆေဒဉာဏ်နှင့် 
ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီ၊
ထိုဉာဏ်နှစ်ပါးကို ရရှိတဲ့
သူတော်ကောင်းအတွက် 
သာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ 
ထောက်ရာတည်ရာကို ရရှိသွားပြီ၊ 
နိယတဂတိက- ကောင်းရာသုဂတိဆိုတဲ့
လားရာဂတိ မြဲပြီ၊ 
သောတာပန် အငယ်စား 
စူဠသောတာပန် ဖြစ်ပြီ ဆိုပြီး 
ဒီလိုဖွင့်ဆိုထားပါတယ်။

ဝိပဿနာကံ ကျိုးကို ပစ်ပယ်နေတဲ့ 
နိယတ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေသည်
သေသည့်တိုင်အောင် 
မစွန့်လွှတ်ခဲ့ဘူး ဆိုလျှင် တော့
ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံ
ရောက်တယ်။

ဥစ္ဆေဒဒိဋ္ဌိကို သေသည့်တိုင်အောင် 
မစွန့်လွှတ်ခဲ့တဲ့အတွက် 
ကံ-ကံ၏အကျိုးကို သေသည့်တိုင်အောင် 
ပစ်ပယ်မိခဲ့တဲ့ အတွက်ကြောင့် 
ဒီကံက အကျိုးပေးတော့မှာ ဖြစ်တယ်။ 
နောက်ဆုံးတော့ ငရဲရောက်နိုင်ပါတယ်။ 

ဒါကြောင့် ဒီလိုဝါဒမျိုးတွေကို အကယ်၍များ
မိမိတို့ကလက်ခံချင်တဲ့ စိတ်ထားများ
ပေါ်ခဲ့မိမယ် ဆိုလျှင်တော့ 
ဘုန်းကြီး အကြံဉာဏ် ပေးချင်တာက 
ဒီကြောင်း-ကျိုးဆက်နွယ်နေတဲ့ 
ပဋိစ္စသမုပ္ပါဒ် သဘောတရား ကို 
သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့အဆင့်ထိ 
ရောက်အောင်တော့-
ခပ်မြန်မြန် ကြိုးစားစေချင်ပါတယ်။

♥ဖားအောက်တောရဆရာတော်ဘုရားကြီး♥

Credit...

ပြုသင့်တဲ့ကုသိုလ်

ဆင်းရဲပြီး ဒုက္ခရောက်နေသူများ
ပြုသင့်တဲ့ ကုသိုလ်
**************************

အရှင်ဘုရား…

ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ 
မတတ်နိုင်သူများ

ကျန်းမာရေး မကောင်းလို့
အလုပ်မလုပ်နိုင်

စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ
ဘယ်လိုကုသိုလ်မျိုး
ပြုသင့်ပါသလဲ ဘုရား-?

အဲဒီလို အခြေအနေမျိုးမှာ
လုပ်နိုင်တဲ့ ကုသိုလ်မျိုးကို လုပ်ဖို့
လိုပါတယ်။ 

ဗုဒ္ဓစာပေမှာ…
ပုည ကြိယ ဝတ္တုဆယ်မျိုး
ကောင်းသောအကျိုး၏ တည်ရာဖြစ်၍
ပြုသင့်ပြုထိုက်တဲ့
ကုသိုလ်ဆယ်မျိုး ရှိကြောင်း ဖော်ပြထားပါ
တယ်။

အဲဒီဆယ်မျိုးကတော့…

၁။ ဒါန = 
ပေးကမ်း လှူဒါန်းခြင်း။

၂။ သီလ =
ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော 
သီလဆောက်တည်ခြင်း။

၃။ ဘာဝနာ = 
တရားဓမ္မ ကျင့်ကြံ အားထုတ်ခြင်း။

၄။ အပစာယန =
အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူအား
အရိုအသေပြုခြင်း။

၅။ ဝေယျာဝစ္စ =
သူများကုသိုလ်ကောင်းမှု၌
ကူညီဆောင်ရွက် လုပ်ကိုင်ပေးခြင်း။

၆။ ပတ်တိဒါန =
မိမိရေသာ
မိမိလုပ်သော ကုသိုလ်ကောင်းမှုကို
အမျှပေးဝေခြင်း

၇။ ပတ္တာနုမောဒန =
မိမိသို့ရောက်လာသော ကုသိုလ်အဖို့
တစ်နည်းအားဖြင့်
သူများပြုသော ကုသိုလ်အဖို့ကို
ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ယူခြင်း။

၈။ ဓမၼႆဝန =
တရားနာယူခြင်း။

၉။ ဓမ္မဒေသနာ =
လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း။

၁ဝ။ ဒိဋ္ဌိဇုကမ္မ =
အယူဝါဒကို
ဖြောင့်မတ် မှန်ကန်စွာ ပြုခြင်းတို့ ဖြစ်ပါတယ်။

ဒီ ဆယ်မျိုးထဲက
မိမိတို့ လုပ်နိုင်တဲ့ ကုသိုလ်မျိုးကို
လုပ်နေပါကလည်း 
ကုသိုလ် ဖြစ်နေပြီး

ဘာမှ မလုပ်တာထက် စာရင်
အများကြီး အကျိုးကြီးပါတယ်။

ကုသိုလ်ဆိုတာ…
လုပ်တတ်ရင်
ယူတတ်ရင် ရပါတယ်။

လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ
မရှိပါဘူး။
ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာ
မဟုတ်ပါဘူး။ 

ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ
လုပ်လို့ရတဲ့ ကုသိုလ်တွေ အများကြီးပါ။

မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့
ကုသိုလ်မျိုး
ကြိုးစားပြီး လုပ်နေမယ်ဆိုရင်
အဆိုးထဲက အကောင်းဆိုသလို
ကုသိုလ်တရား တိုးပွားနေမှာပါ။

Credit-
မနာပ ဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

   မေတ္တာဖြင့်   🙏🙏🙏🙏🙏

ပြန်လည်ယူးယူမျှဝေပါသည်

မဟာရာဟုလောဝါဒသုတ်

#မဟာရာဟုလောဝါဒသုတ်
*********************
(  ဝိပဿနာ ရှု မှတ်  နည်း အပြည့်အစုံ)

 အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်

      #အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ အသျှင်ရာဟုလာသည်လည်း နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြတ်စွာဘုရား၏ နောက်မှနောက်မှ အစဉ်လိုက်လေ၏။

        #ထိုအခါ မြတ်စွာဘုရားသည် နောက်သို့ ပြန်ကြည့်တော်မူ၍ အသျှင်ရာဟုလာကို- ''ရာဟုလာ အတိတ်အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်းအဇ္ဈ တ္တသန္တာန်၌လည်းဖြစ်သော အပဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ရုန့်ရင်းကြမ်းတမ်းသည်လည်းဖြစ်သော နူးညံ့သိမ်မွေ့သည်လည်းဖြစ်သော ယုတ်သည်လည်းဖြစ်သော မြတ်သည်လည်း ဖြစ်သော ဝေးသည်လည်းဖြစ်သော နီးသည်လည်းဖြစ်သော အကြင် အလုံးစုံသောရုပ်သည် ရှိ၏၊ ထိုအလုံးစုံသော ရုပ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုအလုံးစုံသော ရုပ်သည် ငါမဟုတ်၊ ထိုအလုံးစုံသော ရုပ်သည် ငါ၏ ကိုယ် 'အတ္တ' မဟုတ်ဟု ဤသို့ ထိုရုပ်ကိုဟုတ်မှန်သော အတိုင်းကောင်းသော ပညာဖြင့် ရှုရမည်ဟု (မိန့်တော်မူ၏)။

     #ဘုန်းတော်ကြီးသော မြတ်စွာဘုရား ရုပ်ကိုသာလျှင် ရှုရပါမည်လော၊ စကားကောင်းကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ရုပ်ကိုသာလျှင် ရှုရပါမည်လောဟု (လျှောက်၏)။ ရာဟုလာ ရုပ်ကိုလည်းရှုရမည်၊ ဝေဒနာကိုလည်း ရှုရမည်၊ သညာကိုလည်း ရှုရမည်၊ သင်္ခါရတို့ကိုလည်း ရှုရမည်၊ ရာဟုလာဝိညာဏ်ကိုလည်း ရှုရမည်ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်ရာဟုလာသည် ''မြတ်စွာဘုရားက မျက်မှောက်တွင် ဆုံးမခြင်းဖြင့် ဆုံးမအပ်သည်ရှိသော် အဘယ်မည်သော သူသည် ယနေ့ ရွာသို့ ဆွမ်းအလို့ငှါဝင်တော့အံ့နည်း''ဟု နှလုံးပြုလျက် ထိုနေရာမှ ပြန်လှည့်၍ သစ်တစ်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကိုဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်း သို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေ၏။ အသျှင်သာရိပုတြာသည်သစ်တစ်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ထိုင်နေသော အသျှင်ရာဟုလာကို မြင်၍ ''ရာဟုလာ ထွက်သက်, ဝင်သက်၌ အောက်မေ့မှုဟူသောအာနာပါနဿတိဘာဝနာကို ပွါးများလေလော့၊ ရာဟုလာ ထွက်သက်, ဝင်သက်၌ အောက်မေ့မှုဟူသောအာနာပါနဿတိဘာဝနာကို ပွါးများသည်ရှိသော် အကြိမ်များစွာ လေ့လာသည်ရှိသော် များမြတ်သောအကျိုးရှိ၏၊ များမြတ်သော အာနိသင်ရှိ၏''ဟု မိန့်တော်မူ၏။

       #ထို့နောက် အသျှင်ရာဟုလာသည် ညနေချမ်းအချိန်၌ ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ပြီးသော် ''အသျှင်ဘုရား အာနာပါနဿတိဘာဝနာသည် အဘယ်သို့ ပွါးများအပ်သည်ရှိသော် အဘယ်သို့ ကြိမ်ဖန်များစွာ လေ့လာအပ်သည်ရှိသော် များမြတ်သောအကျိုး များမြတ်သောအာနိသင် ရှိပါသနည်း''ဟု လျှောက်၏။ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ကြမ်းတမ်းသော ကြမ်းတမ်းခြင်းသို့ ရောက်သောအကြင်အလုံး စုံသော ဥပါဒိန္နမည်သော ကံတရားသည် အကျိုးအဖြစ်ဖြင့် ယူအပ်သော ရုပ်တရားသည်ရှိ၏။ 

         #ဤဥပါဒိန္န ရုပ်တရားဟူသည် အဘယ်နည်း

ပထဝီဓာတ်
၃၂ကောဋ္ဌာသကို ဝိပဿနာ ရူ
***********************

 -ဆံပင်, အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း။ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သောကိုယ်ကိုစွဲ၍ဖြစ်သော ကြမ်း တမ်းသော ကြမ်းတမ်းသည်၏အဖြစ်သို့ရောက်သော အခြားအလုံးစုံသောဥပါဒိန္နရုပ်တရားသည် ရှိ၏၊ ရာဟုလာ ဤဆိုအပ်ပြီးသော အလုံးစုံသော ရုပ်တရားကို အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ပထဝီဓာတ်ဟူ၍ ဆိုအပ်ပေ၏။
   #အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ပထဝီဓာတ်သည်လည်းကောင်း၊ အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ပထဝီဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော ပထဝီဓာတ်သည် ပထဝီဓာတ်ချင်းတူသည်သာတည်း။ ''ထိုအလုံးစုံသော ပထဝီဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုပထဝီဓာတ်သည်ငါမဟုတ်၊ ထိုပထဝီဓာတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟူ၍ ဤသို့ ထိုနှစ်ပါးသော ပထဝီဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုပထဝီဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သောအတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော် ပထဝီဓာတ်၌ငြီးငွေ့၏၊ ပထဝီဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

အာပေါဓာတ်ကို ဝိပဿနာ ရူ
************************

       #ရာဟုလာ အာပေါဓာတ်ဟူသည် အဘယ်နည်း- အာပေါဓာတ်သည် အချို့ကား အဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာပေါဓာတ်ဟူသည် အဘယ်နည်း- အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ယိုစီးသော ယိုစီးခြင်းသို့ရောက်သော အကြင်ဥပါဒိန္နဓာတ် သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောဟူသည် အဘယ်နည်း။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ယိုစီးသော ယိုစီးခြင်းသို့ရောက်သော အခြားအလုံးစုံသော ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ရာဟုလာ ဤသို့သဘောရှိသော ဓာတ်သဘောကို အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာပေါဓာတ်ဟူ၍ ဆိုအပ်၏။ အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာပေါဓာတ်သည်လည်းကောင်း၊ အကြင်ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော အာပေါဓာတ်သည်လည်းကောင်း ရှိ၏၊ ဤအလုံးစုံသော အာပေါဓာတ်သည် အာပေါဓာတ်ချင်း တူသည်သာတည်း။ ''ထိုအလုံးစုံသော အာပေါဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုအာပေါဓာတ်သည် ငါမဟုတ်၊ ထိုအာပေါဓာတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟူ၍ ဤသို့ ထိုအာပေါဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သောအတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုအာပေါဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သောအတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော် အာပေါဓာတ်၌ငြီးငွေ့၏၊ အာပေါဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

တေဇောဓာတ် ကို ဝိပဿနာ ရူ
***********************
       #ရာဟုလာ တေဇောဓာတ်ဟူသည် အဘယ်နည်း-တေဇောဓာတ်သည် အချို့ကား အဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သော တေဇောဓာတ်ဟူသည် အဘယ်နည်း- အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ပူလောင်သော ပူလောင်ခြင်းသို့ရောက်သော အကြင် ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောဟူသည် အဘယ်နည်း၊ ပူလောင်ကြောင်းဖြစ်သော ပူလောင်တတ်သော ဓာတ်သဘော၊ ရင့်ရော်ဆွေးမြေ့ကြောင်း ဖြစ်သောဓာတ်သဘော၊ ထက်ဝန်းကျင် ပူလောင်ကြောင်းဖြစ်သော ဓာတ်သဘော၊ စားအပ် သောက်အပ် ခဲအပ်လျက်အပ်သော အစာအာဟာရကောင်းစွာ ကြေကျက်ခြင်းသို့ ရောက်ကြောင်းဖြစ်သော ဓာတ်သဘော၊ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ပူလောင်သော ပူလောင်ခြင်းသို့ရောက်သောအခြားအလုံးစုံသော ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ရာဟုလာ ဤအလုံးစုံသော ဓာတ်သဘောကိုအဇ္ဈ တ္တသန္တာန်၌ဖြစ်သော တေဇောဓာတ်ဟူ၍ ဆိုအပ်၏။     #အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော တေဇောဓာတ်သည်လည်းကောင်း အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော တေဇောဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော တေဇောဓာတ်သည်တေဇော ဓာတ်ချင်း တူသည်သာတည်း။ ''ထိုအလုံးစုံသော တေဇောဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုတေဇော ဓာတ်သည် ငါမဟုတ်၊ ထိုတေဇောဓာတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟူ၍ ဤသို့ထိုတေဇောဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုတေဇောဓာတ် ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့်ရှုလတ်သော် တေဇောဓာတ်၌ ငြီးငွေ့၏၊ တေဇောဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

ဝါယောဓာတ်ကို ဝိပဿနာ ရူ
***********************
         #ရာဟုလာ ဝါယောဓာတ်ဟူသည် အဘယ်နည်း- ဝါယောဓာတ်သည် အချို့ကား အဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သောဝါယောဓာတ် ဟူသည် အဘယ်နည်း- အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သောထောက်ပံ့ခိုင်မာသော ထောက်ပံ့ ခိုင်မာခြင်းသို့ရောက်သော အကြင်ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောသည် အဘယ် နည်းဟူမူ-အထက်သို့ ဆန်တက်သောလေ၊ အောက်သို့စုန်ဆင်းသောလေ၊ ဝမ်း၌ တည်သောလေ၊ အူအတွင်း၌ တည်သောလေ၊ အင်္ဂါကြီး ငယ်သို့အစဉ်လျှောက်တတ်သောလေ၊ ထွက်သက်, ဝင်သက်လေ၊ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သောကိုယ်ကိုစွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ခိုင်မာခြင်းသို့ ရောက်သော အခြားအလုံးစုံသောဥပါဒိန္နဓာတ် သဘောသည် ရှိ၏၊ ရာဟုလာ ဤအလုံးစုံသော ဓာတ် သဘောကိုအဇ္ဈ တ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ် ဟူ၍ ဆိုအပ်၏။
     #အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည်လည်းကောင်း အကြင် ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော ဝါယောဓာတ်သည် ဝါယောဓာတ်ချင်း တူသည်သာတည်း။ ''ထိုအလုံးစုံသော ဝါယောဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထို ဝါယောဓာတ်သည် ငါမဟုတ်၊ ထိုဝါယောဓာတ်သည် ငါ၏ ကိုယ် 'အတ္တ' မဟုတ်''ဟူ၍ ဤသို့ ထိုဝါယောဓာတ်သဘောကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ထိုဝါယောဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော်ဝါယောဓာတ်၌ ငြီးငွေ့၏၊ ဝါယောဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

အာကာသဓာတ် ကို ဝိပဿနာ ရူ
************************
      #ရာဟုလာ အာကာသဓာတ်ဟူသည် အဘယ်နည်း- အာကာသဓာတ်သည် အချို့ကားအဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သောအာကာသဓာတ်ဟူသည် အဘယ်နည်း-အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော မရေးမခြစ်အပ်သော မရေးမခြစ်ခြင်းသို့ ရောက်သော အကြင်ဥပါဒိန္နအာကာသဓာတ်သည် ရှိ၏၊ ဤဥပါဒိန္နအာကာသဓာတ်ဟူသည် အဘယ်နည်း- နားပေါက်၊ နှာခေါင်းပေါက်၊ ခံတွင်းပေါက်၊ စားအပ် သောက်အပ် ခဲအပ်လျက်အပ်သော အစာကို မျိုချရာ အပေါက်၊ စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာတည်နေရာ အပေါက်၊ စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာ အောက်သို့ ထွက်ရာအပေါက်၊ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ ဖြစ်သော ဟင်းလင်းပြင်, ဟင်းလင်းပြင်အဖြစ်သို့ ရောက်သော ကောင်းကင်, ကောင်းကင်အဖြစ်သို့ ရောက်သော အပေါက်, အပေါက်အဖြစ်သို့ရောက်သော အသားအသွေးတို့နှင့် မထိစပ်သော ကိုယ်၌ တည်သော ဤအရာ အားလုံးကို အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာကာသဓာတ်ဟူ၍ ဆိုအပ်၏။
   #အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော အာကာသဓာတ်သည်အာကာသဓာတ်ချင်းတူသည်သာတည်း။ ''ထိုအာကာသဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုအာကာသဓာတ်သည် ငါမဟုတ်၊ ထိုအာကာသဓာတ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟူ၍ ဤသို့သာလျှင် ထိုအာကာသဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုအာကာသဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော်အာကာသဓာတ်၌ ငြီးငွေ့၏၊ အာကာသဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

မြေကြီးနှင့်တူစွာ ဘာဝနာပွား
**********************
         #ရာဟုလာ မြေကြီးနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ မြေကြီးနှင့်တူစွာ ဘာဝနာကိုပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကိုသိမ်းကျုံး၍ မတည်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား မြေကြီး၌ စင်ကြယ်သော ဝတ္ထုကို လည်းပစ်ချကုန်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း ပစ်ချကုန်၏၊ ကျင်ကြီးကိုလည်း ပစ်ချကုန်၏၊ ကျင်ငယ်ကိုလည်း ပစ်ချကုန်၏၊ တံတွေးကိုလည်း ပစ်ချကုန်၏၊ ပြည်ကိုလည်း ပစ်ချကုန်၏၊ သွေးကိုလည်း ပစ်ချကုန်၏။ မြေကြီးသည် ထိုစင်ကြယ်သောဝတ္ထု မစင်ကြယ်သောဝတ္ထုဖြင့်ငြီးငွေ့ ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ သင်သည် ဤဥပမာအတူသာလျှင် မြေကြီးနှင့်တူစွာ ဘာဝနာကိုပွါးများလော့၊ ရာဟုလာ မြေကြီးနှင့်တူစွာ ဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သောနှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။

ရေနှင့်တူစွာ ဘာဝနာပွား
****************
     #ရာဟုလာ ရေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ ရေနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား ရေ၌ စင်ကြယ်သော ဝတ္ထုကိုလည်းဆေးကြောကုန်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း ဆေးကြောကုန်၏၊ ကျင်ကြီးကိုလည်းဆေးကြောကုန်၏၊ ကျင်ငယ်ကို လည်း ဆေးကြောကုန်၏၊ တံတွေးကိုလည်း ဆေးကြောကုန်၏၊ ပြည်ကိုလည်း ဆေးကြောကုန်၏၊ သွေးကိုလည်း ဆေးကြောကုန်၏။ ရေသည် ထိုစင်ကြယ်သောဝတ္ထုမစင်ကြယ်သောဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ဤဥပမာအတူ သာလျှင် သင်သည်ရေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ ရေနှင့်တူစွာ ဘာဝနာကို ပွါးများသော သင့်အားဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ် သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။

မီးနှင့်တူစွာ ဘာဝနာပွား
******************

        #ရာဟုလာ မီးနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ မီးနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား မီးသည် စင်ကြယ်သော ဝတ္ထုကိုလည်း လောင်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း လောင်၏၊ ကျင်ကြီးကိုလည်း လောင်၏၊ ကျင်ငယ်ကိုလည်း လောင်၏၊ တံတွေးကိုလည်း လောင်၏၊ ပြည်ကိုလည်း လောင်၏၊ သွေးကိုလည်း လောင်၏။ မီးသည် ထိုစင်ကြယ်သောဝတ္ထု မစင်ကြယ်သောဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ဤဥပမာအတူသာလျှင်သင်သည် မီးနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ မီးနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။

လေနှင့်တူစွာ ဘာဝနာပွား
******************
        #ရာဟုလာ လေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ လေနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား လေသည် စင်ကြယ်သော ဝတ္ထုကိုလည်း တိုက်ခတ်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း တိုက်ခတ်၏၊ ကျင်ကြီးကိုလည်း တိုက်ခတ်၏၊ ကျင်ငယ်ကိုလည်းတိုက်ခတ်၏၊ တံတွေးကိုလည်း တိုက်ခတ်၏၊ ပြည်ကိုလည်း တိုက်ခတ်၏၊ သွေးကိုလည်း တိုက်ခတ်၏။ လေသည် ထိုစင်ကြယ်သော ဝတ္ထု မစင်ကြယ်သောဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာဤဥပမာအတူသာလျှင် သင်သည် လေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ လေနှင့် တူစွာဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည်စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။

  ကောင်းကင်နှင့်တူစွာ ဘာဝနာပွား
****************************

   #ရာဟုလာ ကောင်းကင်နှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ ကောင်းကင်နှင့်တူစွာ ဘာဝနာကိုပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကိုသိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား ကောင်းကင်သည် တစ်စုံတစ်ခု သောအရပ်၌ မတည်။ ရာဟုလာ ဤဥပမာအတူသာလျှင် သင်သည် ကောင်းကင်နှင့်တူစွာ ဘာဝနာကိုပွါးများလော့၊ ရာဟုလာ ကောင်းကင်နှင့်တူစွာ ဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သောနှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။

မေတ္တာဘာဝနာပွားနည်း
----------------------------
        #ရာဟုလာ မေတ္တာဘာဝနာကို ပွါးများလော့၊ ရာဟုလာ မေတ္တာဘာဝနာကို ပွါးများသောသင့်အား အမျက်ထွက်ခြင်းဗျာပါဒ ကင်းပျောက်လတ္တံ့။ ရာဟုလာ ကရုဏာဘာဝနာကို ပွါးများလော့၊ ရာဟုလာ ကရုဏာဘာဝနာကို ပွါးများသော သင့်အား ညှဉ်းဆဲမှုကင်းပျောက်လတ္တံ့။ ရာဟုလာ မုဒိတာဘာဝနာကို ပွါးများလော့၊ ရာဟုလာ မုဒိတာဘာဝနာကို ပွါးများသော သင့်အား မပျော်ပိုက်ခြင်း ကင့်းပျောက်လတ္တံ့။ ရာဟုလာ ဥပေက္ခာဘာဝနာကို ပွါးများလော့၊ ရာဟုလာ ဥပေက္ခာဘာဝနာကို ပွါးများသော သင့်အား ထိပါးခြင်း ကင်းပျောက်လတ္တံ့။ ရာဟုလာ အသုဘဘာဝနာကို ပွါးများလော့၊ ရာဟုလာအသုဘဘာဝနာကို ပွါးများသော သင့်အား တပ်နှစ်သက်မှုရာဂ ကင်းပျောက်လတ္တံ့။ ရာဟုလာ အနိစ္စသညာဘာဝနာကို ပွါးများလော့၊ ရာဟုလာ အနိစ္စသညာဘာဝနာကို ပွါးများသော သင့်အား ငါဟူသောမာန်မာန ကင်းပျောက်လတ္တံ့။

အာနာပါန ရှုမှတ်နည်း
-----------------------------
          #ရာဟုလာ ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း 'အာနာပါနဿတိ' ဘာဝနာကို ပွါးများ လော့၊ ရာဟုလာ အာနာပါနဿတိဘာဝနာသည် ပွါးများအပ်သည်ရှိသော် အကြိမ်များစွာ လေ့လာအပ်သည်ရှိသော် သင့်အား များမြတ်သော အကျိုး များမြတ်သောအာနိသင် ရှိ၏။ ရာဟုလာ အာနာပါနဿတိဘာဝနာသည် အဘယ်ကဲ့သို့ ပွါးများသည်ရှိသော် အဘယ်ကဲ့သို့ ကြိမ်ဖန်များစွာ လေ့လာသည်ရှိသော်များမြတ်သောအကျိုး များမြတ်သောအာနိသင် ရှိသနည်း။

ရာဟုလာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သစ်ပင်ရင်းသို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သည်ဖြစ်၍လည်းကောင်း တင်ပလ္လင်ခွေ၍ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေ၏၊ ထိုရဟန်းသည်သတိနှင့် မကင်းမူ၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏၊ သတိနှင့် မကင်းမူ၍သာလျှင် ဝင်သက်ကိုဖြစ်စေ၏။

ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏ဟု သိ၏၊ တိုသောထွက်သက်ကို ဖြစ်စေသည်ရှိသော် တိုသော ထွက်သက်ကို ဖြစ်စေ၏ဟု သိ၏၊ တိုသော ဝင်သက်ကိုဖြစ်စေသည်ရှိသော် တိုသော ဝင်သက်ကို ဖြစ်စေ၏ဟု သိ၏။

အစအလယ်အဆုံးဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်စွာသိလျက် ထွက်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏၊ အစအလယ်အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်စွာသိလျက်ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

ပီတိကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ပီတိကို ထင်စွာသိလျက် ဝင်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏။ သုခကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ သုခကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ စိတ္တသင်္ခါရကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟုကျင့်၏၊ စိတ္တသင်္ခါရကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ ရုန့်ရင်းသော စိတ္တသင်္ခါရကိုငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏။

စိတ်ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကို ထင်စွာသိလျက် ဝင်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏။ စိတ်ကို ဝမ်းမြောက်စေလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကိုဝမ်းမြောက် စေလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

စိတ်ကို ကောင်းစွာ အာရုံ၌ထားလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကို ကောင်းစွာ အာရုံ၌ထားလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ စိတ်ကို ကိလေသာမှ လွတ်စေလျက် ထွက်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကို ကိလေသာမှ လွတ်စေလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

အနိစ္စဟု အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ အနိစ္စဟု အဖန်တလဲလဲ ရှုလျက်ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏၊ ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။့ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရာဂ၏ချုပ်ရာနိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ ကိလေသာကို စွန့်ရာနိဗ္ဗာန်စွန့်တတ်သောမဂ်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ကိလေသာကို စွန့်ရာနိဗ္ဗာန် စွန့်တတ်သောမဂ်ကို အဖန်တလဲလဲ ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

     #ရာဟုလာ ဤသို့ ပွါးများထားသော ဤသို့ လေ့လာထားသော အာနာပါနဿတိဘာဝနာသည်များမြတ်သောအကျိုး များမြတ်သောအာနိသင် ရှိ၏။ ရာဟုလာ အာနာပါနဿတိဘာဝနာကို ဤသို့ပွါးများထားသော် ဤသို့ အကြိမ်များစွာ လေ့လာထားသော် အဆုံးဖြစ်သော ထွက်သက်ဝင်သက်တို့သည်လည်း ထင်ရှားကုန်၍သာလျှင် ချုပ်ကုန်၏၊ မထင်ရှားဘဲ ချုပ်သည် မဟုတ်ကုန်ဟု မြတ်စွာဘုရားသည်ဤတရားကို ဟောတော်မူ၏။ အသျှင်ရာဟုလာသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

နှစ်ခုမြောက် မဟာရာဟုလောဝါဒသုတ် ပြီး၏။

သုခိတာဟောထ ဒုက္ခမုစ္စထ
(တရား ရှု့ မှတ်နည်း  အပြည့်အစုံ)
 ပိဋကတ်မြန်မာပြန်ကျမ်းရင်းမှ
ှီုဦးပညိန္ဒ
ကူးယူမျှဝေသည်။

Tuesday, September 22, 2020

အသိနဲ့အကျင့်ထပ်တူကြဖို့ရာ

လောကကြီးက ... 
စိတ်နဲ့ကျူးလွန်ရင် ... 
ဘာမှ ကိစ္စမရှိဘူး။
ကာယကံ ... ၀စီကံနဲ့လုပ်မှ 
အပြစ်လို့မြင်တာ။

စိတ်က ... 
သောင်းကျန်ချင်တိုင်း ... သောင်းကျန်း
ဖောက်ပြန်ချင်တိုင်း ... ဖောက်ပြန်နေရင်
ဒါကို ...
အပြစ်ရှိတယ်လို့ ... သတ်မှတ်မထားဘူး။
စိတ်ကိုလည်း ... မနိုင်ဘူး။

လောက ဥပဒေက ...
စိတ်ကို ... ဆုံးမတာ ... မဟုတ်ဘူး။
လူကိုပဲ ... အပြစ်ပေးတာ။
လူကိုပဲ ... ဆုံးမတာ။

တရားအလုပ်ကတော့ 
အင်မတန် သိမ်မွေ့တဲ့ 
စိတ်ရဲ့အမှားကို ... ပြုပြင်ခြင်းပါပဲ။

မနောကံ ... အမှား ကင်းသွားရင် 
ကာယကံ ... ၀စီကံတွေလည်း 
လုပ်သင့်တာပဲ ... လုပ်လာနိုင်လိမ့်မယ်။

မဂ္ဂင်အကျင့်ကို ... ကျင့်လိုက်တယ်ဆိုရင် 
တကယ်လုပ်ရမယ့် အလုပ်ကို
နားလည်သွားမယ်။

နားလည်တဲ့အတိုင်း ... ကျင့်ရင် 
အသိနဲ့ ... အကျင့်နဲ့ ...
တစ်ထပ်တည်းဖြစ်မယ်။

Credit. ..ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး
အရှင်ဥတ္တမသာရ
သဘာ၀တရားရိပ်သာ

Sunday, September 13, 2020

ကိုးသိန်းကိုးသန်းစေတီတော်

🏺 ကိုးသိန်းကိုးသန်းစေတီတော် 🏺
     🎋🎋🎋🎋🎋🎋🎋

☀️ ကိုးသိန်းကိုးသန်းစေတီတော်သည် ပဲခူးတိုင်း၊
   ပဲခူးမြို့တွင်တည်ရှိသော သမိုင်း‌၀င်စေတီတဆူဖြစ်
   ပါသည်။

☀️သာသနာသက္ကရာဇ် ၈၈၅ ခု၊ ကောဇာသက္ကရာဇ်
    ၂၆၄ ခုနှစ် ပျူစောထီးမင်းလက်ထက်တွင် 
    ဤနေရာသည် ဘိက္ခူနီမများ အလွန်ပေါများသည့်
   နေရာဖြစ်သဖြင့် ဘုရင်နှင့်မူးကြီးမတ်ရာများ 
   လာရောက်သည့်အခါတွင် သီးသန့်ချက်ပြုတ်ရန်
   မလိုဘဲ ဘိက္ခူနီမများပို့ဆောင်သည့် ဆွမ်းအုပ်
   ကိုးသောင်းဖြင့် လုံလောက်နေသည့်အတွက်
   ကိုးသောင်းကုန်းဟု ခေါ်တွင်ခဲ့ကြလေသည်။
☀️ ဟံသာ၀တီခေတ်၊ ဓမ္မစေတီမင်းလက်ထက်တွင်
   ကိုးသောင်းဟူသောအမည်ကို အထွဋ်တင်လျှက်
   ကိုးသိန်းကုန်းဟု ခေါ်ဆိုခဲ့ပါသည်။   
              ပါးစပ်ရာဇ၀င်အရ  မြတ်စွာဘုရားရှင်
ဘ၀ဖြစ်စဉ်ပေါင်း ကိုးသိန်းကိုးသန်းမျှ အလောင်းတော်
ဘ၀ဖြင့်နေခဲ့ရသည်ကို အစွဲပြု၍ခေါ်ဆိုသည်ဟုလည်း
သိရှိရပါသည်။

☀️ ကြည်ညိုဖွယ်ရာ၏ဓမ္မမိတ်ဆွေအပေါင်းတို့လည်း
 ပဲခူးမြို့သို့ တခါတခေါက်ရောက်ရှိခဲ့ပါလျှင် ရှေးယခင်
အခါများနှင့်မတူဘဲ တိုးချဲ့ပြုပြင်မွမ်းမံမှု့များနှင့် 
ကြည်ညိုဖွယ် သစ်လွင်တောက်ပ၊သာယာအေးချမ်းမှု့
ရှိလှသော သမိုင်း၀င်ကိုးသိန်းကိုးသန်းစေတီတော်မြတ်
ကြီးအား ၀င်ရောက်ဖူးမြော်ကြည်ညိုနိူင်ကြပါစေရန်
အကျိုးမျှော် နှိူးဆော် အပ်ပါသည်။

🏺🎋🏺🎋🏺🎋🏺🎋🏺🎋🏺🎋🏺🎋🏺🎋🏺🎋

Ctd..photo
https://www.facebook.com/1526628857560272/posts/2822992104590601/

အတွေ့အကြုံ

{အတွေ့အကြုံ}

"ဘယ်အတွေ့အကြုံမှ  တစ်ခဏနဲ့ရတာမဟုတ်ဘူး၊  ဘဝနဲ့ရင်းယူရတာ၊  မြတ်စွာဘုရားတို့ရဲ့  အတွေ့အကြုံကတော့  တစ်ဘဝ   နှစ်ဘဝနဲ့တောင်  ရတာမဟုတ်ဘူး၊  လေးသင်္ချေ  ကမ္ဘာတစ်သိန်းဆိုတဲ့  ဘဝပေါင်း  များစွာနဲ့  ရင်းထားတာ၊  ဒါကြောင့်  ပြည့်ပြည့်စုံစုံ  တိတိကျကျ  ဆုံးမဟောပြနိုင်  တာပေါ့"
(မိတ္ထီလာ  တောမဓမ္မာရုံ  ဆရာတော်ဘုရားကြီး)

၁၃၄၉  ခု  နှစ်ဦးပိုင်းလောက်က  တောင်ကြီးမြို့  သိမ်တောင်ပရိယတ္တိ  စာသင်တိုက်မှာ  သာမဏေကျော်  ပဉ္စင်းလောင်းတစ်ပါးရဲ့  ရဟန်းခံပွဲမှာ  မိတ္ထီလာမြို့နားက  သက်တော်  (၉၀)ရှိပြီဖြစ်တဲ့  တောမဓမ္မာရုံ  ဆရာတော်ဘုရားကြီးလဲ  ကြွရောက်ချီးမြှောက်ပါတယ်။

ဆရာတော်ကြီးက  မင်းကွန်း  တိပိဋကဓရဆရာတော်ကြီး  ကိုရင်ဘဝကတည်းက  ရဟန်းတော်အဖြစ်နဲ့  မင်းကွန်းမှာ  အတူစာသင်ဘက်ဖြစ်လို့  မင်းကွန်းဆရာတော်ကြီးနဲ့လဲ  တွေ့ရအောင်ဆိုပြီး  ကြွလာတာပါ။

ညပိုင်းမှာ  ဆရာတော်ကြီးကို  ဝတ်ပြုပေးရင်း  စာကြောင်းပေကြောင်း  စပ်မိရာက  သိင်္ဂါလောဝါဒသုတ်အကြောင်း  ရောက်သွားတယ်။

အဲဒီမှာ  မိမိကလဲ  လူတက်ကြီးလုပ်ပြီး...

"ဆရာတော်၊  သိဒ္ဓတ္ထမင်းသားဟာ  အသက်ငယ်ငယ်လေးနဲ့  တောထွက်သွားတာ၊  နန်းတော်ထဲမှာ  နေတုန်းကလဲ  လောကကြီးနဲ့  သိပ်ပြီး  ကျယ်ကျယ်  ပြန့်ပြန့်ထိတွေ့လေ့လာနိုင်တာ  မဟုတ်ဘူး၊  နန်းတော်ပြတင်းပေါက်လောက်ကပဲ  လောကကြီးကို  ကြည့်ခဲ့တာ၊  ဘုရားအဖြစ်ရောက်လို့  သိင်္ဂါ  လောဝါဒသုတ်ကို  ဟောလိုက်တဲ့အခါကျတော့  မိဘနဲ့သားသမီး၊  ဆရာနဲ့တပည့်ကစပြီး  သခင်နဲ့ကျေးကျွန်အထိ  အပြန်  အလှန်ဝတ္တရားတွေကို  ဟောလိုက်တာ  ထောင့်ကိုစုံစေ့နေတာပဲ၊  အဲဒါ  သဗ္ဗညုတဉာဏ်တော်ရဲ့  အစွမ်းကြောင့်လို့  ဆိုရမှာပဲထင်တယ်"လို့  လျှောက်ထားမိတယ်။

ဆရာတော်ဘုရားကြီးက  "သဗ္ဗညုတရွှေဉာဏ်တော်ဆိုတာ  သိသင့်သမျှကို  သိတော်မူတဲ့ဉာဏ်ဆိုတော့  အဲဒါ  သဗ္ဗညုတဉာဏ်တော်ရဲ့  အစွမ်းမဟုတ်ဘူးလို့တော့  မပြောနိုင်ဘူးပေါ့ကွာ၊  ဒါပေမယ့်  'စာ'ဆိုတာ  ဒီလောက်ကျဉ်းကျဉ်း  မြောင်းမြောင်းလေးတင်  မယူရဘူး၊  ကျယ်ကျယ်  ပြန့်ပြန့်ရှိရင်  ရှိသလောက်  ထောက်ဆယူရတယ်၊  အတွေ့အကြုံဆိုတာ  ဘယ်အတွေ့အကြုံမှ  တစ်ခဏနဲ့ရတာမဟုတ်ဘူး၊  ဘဝနဲ့ရင်းယူရတာ၊  မြတ်စွာဘုရားရှင်တို့ရဲ့  အတွေ့အကြုံကတော့  တစ်ဘဝ၊  နှစ်ဘဝနဲ့တောင်  ရတာမဟုတ်ဘူး၊  လေးသင်္ချေ  ကမ္ဘာတစ်သိန်းဆိုတဲ့  ဘဝပေါင်းများစွာနဲ့  ရင်းထားတာ၊  ဒါကြောင့်  ပြည့်ပြည့်စုံစုံတိတိကျကျ  ဟောပြ  နိုင်တာပေါ့။

ငါးရာငါးဆယ်ဇာတ်တော်တွေ  ကြည့်ပါလား။

ဘုရားအလောင်းရဲ့  ဘဝပေါင်းက  အစုံပဲမဟုတ်လား။

ဖအေလဲဖြစ်ဖူး၊  သားလဲဖြစ်ဖူး၊  ဆရာ၊  တပည့်၊  သခင်၊  ကျွန်၊  မင်း၊  အမတ်၊  ရသေ့၊  ရဟန်း  ဘဝတွေတင်မကဘူး၊  တိရစ္ဆာန်ဘဝတော်တော်  မျိုးစုံတောင်ဖြစ်ဖူးတယ်  မဟုတ်လား။

ဒါတွေကို  ပုဗ္ဗေနိဝါသာနုဿတိ  အဘိညာဉ်နဲ့  ပြန်ကြည့်လိုက်တော့  ဘဝမျိုးစုံရဲ့  လိုအပ်ချက်တွေ  ချွတ်ယွင်းချက်တွေ၊  ပြည့်စုံရမယ့်  အချက်တွေအားလုံး  သိလာတာပေါ့။

ဒါကြောင့်  သိင်္ဂါလောဝါဒသုတ်ကြီးကို  ဒီလောက်  ပြည့်ပြည့်စုံစုံဟောတော်မူနိုင်တာလို့  ဒီလိုအဓိပ္ပါယ်ယူလိုက်ရင်  ပိုပြီး  မပြည့်စုံဘူးလား"  တဲ့။

ဆရာတော်ဘုရားကြီးရဲ့  အဓိပ္ပါယ်ကောက်ယူကြံဆပုံကို  အံ့သြဝမ်းသာ  ကြည်ညိုရင်း  မိမိရဲ့  မတောက်တစ်ခေါက်  ဉာဏ်အမြင်ကလေးအတွက်  ခပ်ရှက်ရှက်နဲ့ပဲ  အသာလေး  ခေါင်းငုံ့ပြီး'မှန်ပါဘုရား'လို့  ဝန်ခံလိုက်ရတော့တယ်။

[ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မထေရ်မြတ်တို့  စကားဝိုင်း  စာအုပ်  စာ  ၁၂၆၊  ၁၂၉  မှ ]

share & copy

ကုသိုလ်တွေစုဆောင်းမိကြပြီလား

ကုသိုလ်တွေ စုမိဆောင်းမိကြပြီလား
<><><><><><><><><><><><>

မြတ်စွာဘုရားက -
ကုသိုလ် ကောင်းမှုကို 
လုပ်ဖြစ်အောင် လုပ်ပါတဲ့ …

ပြုလုပ်တဲ့ အခါမှာလည်း 
တစ်ခါတည်း မလုပ်ပါနဲ့
အကြိမ်ကြိမ် အထပ်ထပ် လုပ်ပါ …

နေ့စဉ်အမြဲ ပြုလုပ်ပေးပါတဲ့ …

ဘာလို့တုန်း ဆိုတော့
စွမ်းအား ဆိုတာ 
အကြိမ်ကြိမ်လုပ်မှ ရလာတာလေ …

ကုသိုလ်ကောင်းမှု လုပ်ချင်တဲ့ စိတ်ကိုလည်း 
အမြဲထားပါလို့ တိုက်တွန်းတယ်နော် …

ဘာလို့ တိုက်တွန်းတုန်း ?

ကောင်းမှုတွေ ကိုယ့်သဏ္ဍာန်မှာ 
စုမိ ဆောင်းမိရှိလာပြီ ဆိုရင်
ချမ်းသာသုခကို ရစေတယ် …

အေး … ဒါကြောင့်
ချမ်းသာသုခကို 
ကုသိုလ်တရားကပေးတယ် ဆိုတာ
မှတ်သားထားရမယ် …

#ပါချုပ်_ဆရာတော်ကြီး_ဘုရားကြီး

📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌
Credit , Ohmarshin

အဆင်ပြေမှုကိုမြတ်နိုးရင်

အဆင်ပြေမှုကိုမြတ်နိုးရင်
ကုသိုလ်ကိုလည်းမြတ်နိုးပါ ။

စိတ်တည်ငြိမ်အေးချမ်းမှုကို
လိုချင်တယ်ဆိုရင်
ဘာဝနာတရားကိုပွားများပါ ။

ဂတိတည်တဲ့လူနဲ့ဆုံချင်ရင်
မုသားကင်းအောင်
စောင့်ရှောက်နေထိုင်ပေးပါ ။

မိတ်ဆွေကောင်းနဲ့ဆုံချင်ရင်
စေတနာကောင်းကောင်းထားပါ။

ဘဝအဆင့်တန်းမြင့်ချင်ရင်
စိတ်ဓာတ်ကောင်းမှုကိုလည်း
တန်းဖိုးထားပေးပါ ။

ပေါ့ပါးစွာနေချင်တယ်ဆိုရင်
မဆိုင်တာတွေနဲ့ မပတ်သက်
မခံစားမိအောင် ကြိုးစားပါ ။

           (သာရ ဂ ဝေ သီ)

Friday, September 11, 2020

တော်လေးဝဝင်ဆိူသည်မှာ

''တော်လေးဝဝင်ဆိုသည်မှာ''
####################

တော်လေးဝဝင် ဟူသော စကားကို မြန်မာ့စာပေ၊
သီချင်း၊ဝတ္ထု၊ ကဗျာ များမှာ မကြာခဏကြားဖူးကြမှာပါ။
မိမိချစ်သူ လင်ယောက်ျားပေါ် သစ္စာ မေတ္တာ ကြီးမားစွာနဲ့
စောင့်ထိန်းပြီး မယားဝတ္တရား ကျေပွန့်သည့် အမျိုးသမီးတို့အား တင်စားသည့်အခါမျိုးတွင် 
သုံးလေ့ရှိပါသည်။

တော်လေးဝဝင် ဟု သတ်မှတ်ခြင်း ခံရသော
အမျိုးကောင်း အမျိုးမြတ် အမျိုးသမီးလေးဦးမှာ
ရှေးနိပါတ်တော်များတွင် ပါဝင်သည့်
အမရာ၊ကိန္ဒရီ၊မဒ္ဒီ၊သမ္ဘူလတို့ ဖြစ်သည်။

#အမရာဒေဝီ (မဟော်သဓာ၏ ဇနီး)
************************************

ဝိဒေဟရာဇ်မြို့တော် မြောက်ဘက် ဥတ္တရယဝမဇ္ဇျဂုံးရွာသူ ဖြစ်ပြီး မဟော်သဓာကို ပါရမီဖြည့်ဖက်ပီပီ လုပ်ကျွေးပြုစုခဲ့သူဖြစ်သည်။

ရွှေ၊ငွေ တို့ဖြင့်ဖျားယောင်းသော်လည်း ခင်ပွန်းအပေါ် 
တစ်ချက်ကလေးမှ သစ္စာမပျက်ပဲ ကိုယ်ကျင့်တရားစောင့်ထိန်းခဲ့သည့် ဇနီးကောင်းဖြစ်သည်။

#စန္ဒကိန္ဒရီ (စန္ဒကိန္ဒရာ၏ ဇနီး)

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးလက်ထက်
ဘုရားလောင်း စန္ဒကိန္ဒရာသည် ဇနီးကိန္ဒရီ နှင့်
ပေါင်းသင်းနေထိုင်သည်။

တစ်နေ့ ဗြဟ္မဒတ်မင်းကြီးက ယောက်ျားဖြစ်သူ
စန္ဒကိန္ဒရာ အား မြှားဖြင့်ပစ်ခွင်းပြီး စန္ဒကိန္ဒရီ အား
ချစ်ရေးဆိုသည်။ ရွှေငွေ မိဖုရားရာထူးတို့ဖြင့်
ဆွဲဆောင်သော်လည်း လုံးဝလက်မခံပဲ
လင်ဖြစ်သူ စန္ဒကိန္ဒရာ အသက်ရှင်ရေးကိုသာ
သစ္စာပြုခဲ့သည်။ သစ္စာမှန်ကန်သည့် အတွက်
ယောက်ျားဖြစ်သူ စန္ဒကိန္ဒရာမှာမြှားဆိပ့်ပြေခဲ့သည်။

ဗြဟ္မဒတ်မင်းကြီးကလည်း သစ္စာကြီးမားလှသည့်
ဇနီးမောင်နှံအား ပြန်လည်
ပေါင်းသင်းစေပြီး အသက်ဘေးမှ လွှတ်ပေးခဲ့သည်။

#မဒ္ဒီဒေဝီ (ဝေသနတရာ၏ ဇနီး)
..............................................................................
သီဝိတိုင်းမှ ဝေသန္တရာမင်း၏ ဇနီးဖြစ်သည်။
ခင်ပွန်းဖြစ်သူဝေသန္တရာမင်းကြီးမှာ အလွန်
အလှူတန်းရက်ရောပြီး တိုင်းပြည်၏ ရတနာဖြစ်သော 
ဆင်ဖြူတော်ကိုပါ လှူဒါန်းလိုက်သဖြင့် ပြည်သူတို့၏
ငြိုငြင်မှု့ကိုခံရပြီး တိုင်းပြည်မှနှင်ထုပ်ခံရသည်။
မြိုင်ရပ်သို့ထွက်ခွာရာတွင် မဒ္ဒီဒေဝီအား နန်းတော်မှာပဲ
အေးချမ်းစွာနေခဲ့ရန် အတန်တန်တားသော်လည်း 
ဖဝါးထပ်မျှမခွာပဲ နောက်တော်မှ လိုက်ပါခဲ့သူဖြစ်သည်။

တောထဲတွင် ရသေ့ဝတ်သော ခင်ပွန်းသည်အား
ပြုစုကျွေးမွေးခဲ့သည်။ ခင်ပွန်းသည်က သားတော် 
သမီးတော်များသာမက နောက်ဆုံး သူမကိုပါ လှူဒါန်းခဲ့ရာ
ပါရမီဖြည့်ဘက်ဖြစ်သူ မဒ္ဒီဒေဝီသည် ကြည်ဖြူစွာ
လက်ခံခဲ့လေသည်။

#သမ္ဘူလ (သောတ္ထိသေန၏ ဇနီး)
...............................................................................

ဗာရာဏသီ ဗြဟ္မဒတ်မင်း၏သားတော် သောတ္ထိသေန၏
ဇနီးဖြစ်သည်။ ခင်ပွန်းဖြစ်သူ နူနာဖြစ်ပြီး
တောသို့ထွက်ရာတွင် နောက်ပါမှ
လိုက်ပါကာစောင့်ရှောက်ပြုစုခဲ့သူဖြစ်သည်။
သမ္ဘူလ၏ သစ္စာကို လင်သားက မယုံကြည်ပဲ
အခြားယောက်ျားနဲ့ဖောက်ပြန်သည်ဟု စွတ်စွဲသည့်အခါ
''မိမိယောက်ျားမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်နှင်မျှ
မဖောက်ပြားခဲ့ပါ၊ သစ္စာမှန်ခဲ့ပါက လင်ယောက်ျား၏
နူနာရောဂါပျောက်ကင်းပါစေ''ဟု သစ္စာ ဆိုသည့်အခါ
သစ္စာမှန်ကန်ခဲ့သဖြင့် မင်းသား၏ နူနာရောဂါများ
ပျောက်ကင်းခဲ့လေသည်။

ဤကား ဇာတ်တော်လာ တော်လေးဝဝင် အမျိုးသမီးလေးဦးအကြောင်းအကျဉ်းချုပ်ပင် ဖြစ်သည်။

ကျေးဇူးတင်ပါတယ်🙏🙏🙏
...........................................................................................
10-9-2020