🔺❝ ကိုယ်ဟာကိုယ့်ရဲ့
အကောင်းဆုံးမိတ်ဆွေဖြစ်ပါစေ ❞
✰ မကောင်းတာကြံ /မမှန်တာလုပ်
မဟုတ်တာ ပြောရင်တော့ သွားပြီ •••
ကိုယ်ဟာကိုယ့်ရဲ့ရန်သူပဲ အကြီးဆုံးရန်သူပဲ •••
✰ အဝေးကရန်သူက •••
တစ်ခါတစ်လေမှ အကြောင်းညီညွတ်မှသာ
ကိုယ့်ကိုနှိပ်စက်နိုင်မယ် ဒုက္ခပေးနိုင်မယ် •••
အဝေးကြီးကနေ တကူးတက
ကိုယ့်ဆီလာပြီးတော့ မနှိပ်စက်အားပါဘူး •••
✰ အနီးကပ်နှိပ်စက်နေတဲ့
ရန်သူကတော့ ကိုယ့်အနားမှာ ရှိနေတယ် •••
သူနဲ့မပေါင်းမှ သတိဝီရိယနဲ့နေမှ •••
ရန်သူနဲ့ပေါင်းရင် ကိုယ်ဟာ
ကိုယ့်ရန်သူဖြစ်သွားပြီ •••
ရန်သူဆိုတာ တခြားမဟုတ်ဘူးနော် •••
"လောဘ" "ဒေါသ" "မာန"စတဲ့
ကိလေသာတွေပဲ •••
✰ ရန်သူကကိုယ့်ရဲ့အကျိုးစီးပွား
မဲ့စေတယ်ဆိုတာ သေသေချာချာမြင်အောင်
ကြည့်နော် •••
✰ ကောင်းတာကြံ /မှန်တာလုပ်
ဟုတ်တာပြော ကောင်းမှုကုသိုလ်တွေနဲ့
နေကြမယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ရဲ့
အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး •••
အချစ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီဆိုတာ သိရမယ် •••
✰ မှန်တာလုပ် ဟုတ်တာပြောက သီလ
ကာယကံနဲ့ ၀စီကံ ( ကိုယ်နဲ့နှုတ် ) ကို သီလနဲ့
စောင့်ထိန်းပါ ပြုပြင်ပါ •••
သီလနဲ့ တူတဲ့အလှဆိုတာ မရှိပါဘူး •••
✰ သီလဖေါက်ပြန်ပျက်စီးရင်
အရုပ်ဆိုးတယ်...၊ အကျည်းတန်တယ်...၊
ကိုယ့်ညီအကို ကိုယ့်ဆွေမျိုးတွေကတောင်
ကိုယ့်ကို အမျိုးမတော်ချင်ကြတော့ဘူး •••
သီလအကျင့်ကောင်းနေရင်တော့ ဆွေမျိုး မတော်တဲ့သူတွေကတောင် ဆွေမျိုး
တော်စပ်ချင်ကြတယ် •••
※ "သီလရနံ့ မွှေးပျံ့ကြိုင်စွာ •••
※ သီလဆင်တိုင်း ရှုတိုင်းလှပါ •••
※ သီလစောင့်ငြား မလားပါယ်ရွာ •••
※ မြတ်သီလ စိတ်ချကိုးကွယ်ရာ •••"
✰ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ်
သီလနဲ့ အလှဆင်ပါ ရုပ်ကိုပြင်ဆင်ပေးရသလို စိတ်ကိုလည်းပြင်ဆင်ပေးကြရမယ် •••
စိတ်ကိုလည်းပြင်/ရုပ်ကိုလည်းပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန်တိုင်လိမ့်မယ် •••
✰ စိတ်ကိုတော့ ဘာ၀နာ ကမ္မဌာန်းနဲ့
ပြင်ဆင်ပေးရမယ်နော် ဆုံးမပေးရမယ်နော် •••
ဆုံးမထားလို့ ယဉ်ကျေးနေပြီဆိုရင် ဒီစိတ်ကပဲ
ကိုယ့်ကို ချမ်းသာဖို့ပို့ဆောင်ပေးပါလိမ့်မယ် •••
✰ အချိန်တိုင်းအချိန်တိုင်း •••
ကာယကံကောင်းအောင် ၀စီကံကောင်းအောင်
မနောကံကောင်းအောင် မမေ့မလျော့တဲ့
သတိတရားနဲ့ နေကြရမယ် •••
သတိရှိနေတယ်ဆိုရင်
ကောင်းကျိုးချမ်းသာမင်္ဂလာတွေ ဖြစ်နေတယ် •••
✰ ကဲ •••
ကောင်းတာကြံ /မှန်တာလုပ်
ဟုတ်တာပြောလို့ ကိုယ်ဟာကိုယ့်ရဲ့
အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်ကျပါစေ •••
【ရွှေဥမင်ဆရာတော်ဘုရားကြီး】
❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
No comments:
Post a Comment