စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, September 13, 2020

အဆင်ပြေမှုကိုမြတ်နိုးရင်

အဆင်ပြေမှုကိုမြတ်နိုးရင်
ကုသိုလ်ကိုလည်းမြတ်နိုးပါ ။

စိတ်တည်ငြိမ်အေးချမ်းမှုကို
လိုချင်တယ်ဆိုရင်
ဘာဝနာတရားကိုပွားများပါ ။

ဂတိတည်တဲ့လူနဲ့ဆုံချင်ရင်
မုသားကင်းအောင်
စောင့်ရှောက်နေထိုင်ပေးပါ ။

မိတ်ဆွေကောင်းနဲ့ဆုံချင်ရင်
စေတနာကောင်းကောင်းထားပါ။

ဘဝအဆင့်တန်းမြင့်ချင်ရင်
စိတ်ဓာတ်ကောင်းမှုကိုလည်း
တန်းဖိုးထားပေးပါ ။

ပေါ့ပါးစွာနေချင်တယ်ဆိုရင်
မဆိုင်တာတွေနဲ့ မပတ်သက်
မခံစားမိအောင် ကြိုးစားပါ ။

           (သာရ ဂ ဝေ သီ)

No comments:

Post a Comment