ဒုစရိုက် ၁၀ ပါးထဲမှာ မနောဒုစရိုက်ကို သိပ်ပြီးတော့ လူတွေက
အသိအမှတ်မထားကြဘူး။ ကျန်တာတွေကိုသာ ဒုစရိုက်လို့ထင်တာ၊
စိတ်မှာဖြစ်တဲ့ မနောဒုစရိုက်က ဘာတွေလဲ၊ #အဘိဇ္ဈာ၊ #ဗျာပါဒ၊
#မိစ္ဆာဒိဌိ။ #အဘိဇ္ဈာဆိုတာ သူများပိုင်တဲ့ ပစ္စည်းကို ကိုယ်ပိုင်
ဖြစ်ချင်တဲ့အတွေး၊ လောဘနဲ့တွေးတာ၊ သူ့ပစ္စည်းကို ကိုယ့်ပစ္စည်း
လုပ်ချင်တဲ့အတွေး၊ အဲဒီတွေးရုံနဲ့တင် ဒုစရိုက်ဖြစ်သွားပြီ။
ကမ္မပထမြောက်သွားပြီ။ အဲဒီ အဘိဇ္ဈာဆိုတဲ့ လောဘကိုယ်တိုင်က
ကံဖြစ်သွားပြီ။ ကံဖြစ်သွားတယ်ဆိုတော့ အကျိုးပေးမှာပေါ့နော်။
ထို့အတူပဲ ဗျာပါဒ ၊ ရိုးရိုးစိတ်ဆိုးတာ မဟုတ်ဘူး။
“ဒီလူဒုက္ခရောက်သွားပါစေ၊ သေသွားရင်ကောင်းမှာပဲ၊ပျက်စီးသွားရင် ကောင်းမှာပဲ” ဒီအတွေးလေး တွေးလိုက်ရင်
ဗျာပါဒဖြစ်သွားပြီ။ အဲဒီဗျာပါဒအတွေးလေးဟာ ကံအရာ
မြောက်သွားလို့ အကျိုးပေးဖို့ အခြေအနေဖြစ်သွားပြီ။
နောက်တစ်ခုက မိစ္ဆာဒိဌိ၊ မမှန်မကန်တွေးလိုက်တယ်။
ကံတရားတွေရဲ့အကျိုးဆိုတာမရှိဘူး၊ ကုသိုလ်ကံ - အကုသိုလ်ကံ
တို့ရဲ့ အကျိုးကို ငြင်းပယ်တယ်။ ဒီဘဝ၊ဟိုဘဝကိုငြင်းပယ်တယ်။
အမေ၊အဖေကို ငြင်းပယ်တယ်။ အမေ၊အဖေအပေါ်မှာပြုလုပ်တဲ့
ကုသိုလ်ကောင်းမှု ကျေးဇူးပြုမှု၊ စော်ကားမှုတွေကိုငြင်းပယ်တယ်။
လောကကြီးကို ထူးထူးခြားခြားသိမြင်ပြီးတော့ အကျင့်မှန်နဲ့
လောကကြီးအကြောင်းကို ပြောပြနိုင်တဲ့ ဘုရားရှိတယ်ဆိုတာကို
ငြင်းပယ်တယ်။ အဲဒီငြင်းပယ်တဲ့ အတွေးအမြင်ကို #မိစ္ဆာဒိဌိ လို့
ခေါ်တာ။ သက္ကာယဒိဌိတို့ ဘာတို့နဲ့ မဆိုင်ဘူး။မနောဒုစရိုက်ထဲမှာ
ပါတဲ့ မိစ္ဆာဒိဌိ၊ အဲဒီမိစ္ဆာဒိဌိသည် စိတ်မှာဖြစ်လိုက်တာနဲ့
ကံအရာမြောက်သွားပြီလို့ ဆိုတယ်။ အပါယ်ကိုကျစေနိုင်တယ်။
ငရဲမှာဖြစ်စေနိုင်တယ်။ တိရစ္ဆာန်ဘဝရောက်စေနိုင်တယ်။
ပြိတ္တာဘဝရောက်စေနိုင်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
#crd 🙏🙏🙏
No comments:
Post a Comment