ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
<><><><><><><><><><><>
လူတိုင်းလူတိုင်း
မိမိတို့ဘဝမှာ နေထိုင်တဲ့အခါ
အကျိုးရှိအောင် နေတတ်ဖို့
အင်မတန် လိုအပ်ပါတယ် …
အကျိုး ဆိုတာ -
❝ ဒိဋ္ဌဓမ္မိက အတ္ထ ❞
မျက်မှောက်ဘဝမှာရတဲ့ အကျိုးက တစ်မျိုး
❝ သမ်ပရာယိက အတ်ထ❞
တမလွန်ဘဝမှာရတဲ့အကျိုးက တစ်မျိုး လို့
စာပေကျမ်းဂန်တွေမှာ
အကျိုး ❝ နှစ်မျိုး ❞ သတ်မှတ်ထားပါတယ် …
မျက်မှောက် ဘဝမှာ ရရှိနိုင်တဲ့
အကျိုးဆိုတာ
ဒီဘဝမှာ -
🔹စည်းစိမ်ဥစ္စာ ရတာလည်း
အကျိုးတစ်မျိုး
🔹ရာထူးဂုဏ်သိန် ရတာလည်း
အကျိုးတစ်မျိုး
🔹ထူးခြားတဲ့ ဂုဏ်အရည်အသွေးတွေ
ရတာလည်း အကျိုးတစ်မျိုး
🔹စီးပွားဥစ္စာတွေ ရတာလည်း
အကျိုးတစ်မျိုး
🔹ချမ်းချမ်းသာသာနေလို့ ရတာလည်း
ဒီဘဝရဲ့ အကျိုးတစ်မျိုးလို့ ပြောရမယ် …
တမလွန်ဘဝ အကျိုးဆိုတာကတော့ -
လူတိုင်း လူတိုင်းဟာ
တမလွန်ဘဝဆိုတာ ရှိတယ် …
ဒီဘဝ အရေးတင်
စဉ်းစားလို့ မရသေးဘူး
နောင်ဘဝအရေး ဆိုတာကိုလည်း
စဉ်းစားကြရမယ် …
နောင်ဘဝအရေး အတွက်လည်း
ရှိသင့်ရှိထိုက်တဲ့ အကြောင်းတရားများ
ရှိအောင် လုပ်မှ ကောင်းတဲ့ အကြောင်းတရားတွေ
မိမိသန္တာန်မှာ ရှိမှ
နောင်ဘဝမှာ ကောင်းတဲ့အကျိုးတွေ ရနိုင်မယ် …
❝ ဒိဋ္ဌဓမ္မိက အတ္ထ ❞
မျက်မှောက်ဘဝမှာရတဲ့ အကျိုးနဲ့
❝ သမ်ပရာယိက အတ်ထ❞
တမလွန်ဘဝမှာ ရမယ့်အကျိုး ဆိုတဲ့
ဒီအကျိုးတရား နှစ်မျိုးစလုံး ကောင်းအောင် ဆိုရင်
ဓမ္မအသိနဲ့နေမှ ဖြစ်မယ် …
#ပါချုပ်_ဆရာတော်_ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
No comments:
Post a Comment