{{{{{ ရင်လွှမ်းတဘက် }}}}}
အမျိုးသမီးများ ငယ်ငယ် ကြီးကြီး အသီးသီးသော ဝိသဘာဂ=ရဟန်းများအတွက် ဆန့်ကျင်ဘက်အာရုံဖြစ်သော ဣတ္ထိယများ-
ကျောင်းဘုရားသွားသောအခါ ဘုရားရှင်နဲ့ ရဟန်းတော်များ ရှိခိုးဦးချ ကန်တော့သည့်အခါမှာ ရင်လွှမ်းတဘက်ကို အချိုးကျကျ အသုံးပြုကြရပေမည်။
ရင်လွှမ်းတဘက်ကို ယောဂီရောင်ဟုဆိုအပ်သော နီညိုရင့်ရောင်ကို အသုံးပြုပါ။
အရှည် အလျား ၄-ပေ ခန့်နှင့် အနံ ၁-ပေ ခွဲ= တစ်တောင်ခန့် ဆိုလျှင် သင့်လျှော်ပါသည်။
တဘက်ကို အသုံးပြုပုံ-
ဘယ်- ညာ မိမိအားသန်ရာ ပခုံးတစ်ဖက်ပေါ်သို့ တဘက်တစ်စကို ၁-ပေ ခွဲ လောက်ကို လက်နဲ့ တင်လိုက်ပါ။ ရှေ့ဖက်မှာ ကျန်နေတဲ့ ၂-ပေ ခွဲ ခန့်ကို ရှေ့ရင်ဘတ်တပြင်လုံး ဖုံးကာမိအောင် လက်ဖြင့်ပြုပြင်ပါ။ အဖျားပိုင်းသည် မိမိ၏ ရှေ့ပိုင်း ၀မ်းပျဉ်း ပေါင် ဒူးများကိုပါ ကွယ်ကာမိအောင် အချိုးကျကျ ပြုပြင်လိုက်လျှင် ရဟန်းတော်များ၏ ရှေ့မှာ ဣနြေ္ဒရရ ဟိရိသြတ္တပ္ပ အရှက်အကြောက်ရှိရှိ ကြည်ညိုဖွယ်ရာ တင့်တယ်သော ဗုဒ္ဓဘာသာ၀င် အမျိုးသမီး ဣနြေ္ဒရှင် ပီပီသသ ဖြစ်ပါပြီ။
ခုတော့ အဲ့သလို မဟုတ်ကျပြီ။
ထိုင် မလုံ၊ ထ ဖော်၊ ကုန်းရှိခိုး - နောက် ပေါ်။
လက်တစ်ဝါးစာ လက်ကိုင်ပဝါလေး ရှေ့မှာချခင်းပြီး လက်တင် ရှိခိုးဦးချနေကြတာက သူတို့လက် ဖုံမပေအောင် လုပ်သလိုပါဘဲ။ အကွယ်အကာမပါတော့ ရှေ့ကို ကုန်းပြီး၀တ်ချ- ပြန်ပြီးခါမတ်တော့ ရှေ့က မလုံခြုံပြန်ဘူး။
ကဲ ဒါလေးတွေလဲ အဆင်ပြေအောင် ပြုပြင်လိုက်ကြပါအုံး။
ဣနြေ္ဒယှဉ်သော ဣနြေ္ဒရှိသော အမျိုးသမီးကောင်းတို့- သိတယ်နော်။
ကျောင်း-ဘုရား ရဟန်းများ ထံတော်ပါးသွားတာ - Model Show-ပွဲ သွားသလိုတွေ သတိထားကြပေတော့။
မလုံမခြုံ ၀တ်စားဆင်ယင်မှုက အမျိုးသမီးများရဲ့ဘ၀ ပျက်စီးခြင်ရဲ့ အစပါဘဲ။ ။
(( Htayrawarda Dhammawardi – Baikkhu Thamana ))
<<<<<<<<<<<<<< *** >>>>>>>>>>>>>>
{{{ ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့ }}}
ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -
((( ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာ နားထောင်ကြနော်။ ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်း သုံးတဲ့နေရာ၊ မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေ ဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။
အဆန်း တကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ ဆန္ဒ ဖြစ်လာနိုင်တယ်လေ။
ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရ သလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။
သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါ ကုန်းခမ်းကြ သေးတာ မဟုတ်ဘူး။ ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲ တွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့ လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။
ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေ ကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံ၀တ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံ ကြပါကွယ် )))
မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။
ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။
{{{ ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း }}} တဲ့. . . .
အရမ်းကောင်းတယ်ထင်လို့ပြန်လည်မျှဝေပေးလိုက်ပါသည်။ ။
{{{ ထေရဝါဒ ဗုဒ္ဓဘာသာ၀င် အမျိုးသား / အမျိုးသမီး အထူးသတိထားကာ အချိုးကျအောင် ပြုလုပ်သင့်သော ပြုပြင်သင့်သော လိုက်နာသင့်သော ကုသိုလ်မှုကြီး ဖြစ်ပါသည်။ }}}
No comments:
Post a Comment