❖ ရှင်ကွဲ သေကွဲ နှစ်မျိုးမှာ
တစ်မျိုးမျိုးကို
လူတိုင်း ကြုံရမှာ ဓမ္မတာပဲ …
❖ ရှင်နေတုန်းတောင် မခွဲနိုင်တာ
သေတော့
မခွဲချင်ပဲ ခွဲရတဲ့သူတွေရဲ့ စိတ်ဟာ
ကောင်းတဲ့အာရုံ ဖြစ်နိုင်ပါ့မလား ? …
❖ တစ်ဦးကို တစ်ဦး
အဆင့်မြင့်တဲ့ ကုသိုလ်တွေ ပြုနိုင်အောင်
မတွယ်တာပဲ မှန်ကန်တဲ့ ချစ်ခြင်းဖြင့် မချစ်ပဲနဲ့ …
❖ တစ်ယောက်ကို တစ်ယောက် တွယ်တာပြီး
သူ့ကို မိမိက ဆွဲချ , မိမိကို သူက ပြန်ဆွဲချပြီး
တွယ်တာတဲ့ စိတ်ဓာတ်တွေနဲ့
ကံတွေကို ပြုစု ပျိုးထောင်ကာ
အထုံတွေပါအောင် ပြုလုပ်နေကြတယ် …
❖ တစ်ကယ့် ပါရမီဖြည့်ဘက်တွေကတော့
တစ်ဦးအကျိုးကိုတစ်ဦး လိုလားလို့
အချိန်မရွေး ခွဲနိုင်ကြတယ်..
#ဖားအောက်_ဆရာတော်_ဘုရားကြီး
📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌
No comments:
Post a Comment