စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, September 29, 2020

စိတ်ညစ်နေလျှင်ဘယ်လိုနှလုံးသွင်း ဆင်ခြင်ရမလဲ

#မေး - အရှင်ဘုရား…ဘ၀မှာ
စိတ်ညစ်စရာတွေ ဆက်တိုက်ကြုံရရင်
ဘယ်လို နှလုံးသွင်းပြီး ဆင်ခြင်ရမလဲ
သိချင်ပါတယ် အရှင်ဘုရား…။

#ဖြေ - စိတ်ညစ်စရာကြုံရရင်
ဆက်မတွေးဘဲမေ့ပစ်လိုက်၊
စိတ်ချမ်းသာစရာကိုသာရှာတွေးပါ၊
ဒါက တစ်ခု။

- စိတ်ညစ်စရာ စိတ်ချမ်းသာစရာဆိုတာ
လောကသဘာ၀ လောကဓံမျှသာ၊
အကောင်းအဆိုး မည်သည့်အရာမျှ
မမြဲဟု နှလုံးသွင်းပါ၊ ဒါကတစ်ခု။

- လောကဓံမှန်သမျှ ကြံ့ကြံ့ခံနိုင်ရန်
သမထကျင့်စဉ်၊ ဝိပဿနာ
ကျင့်စဉ်ကို ကျင့်ရမည်၊
သတိသမ္ပဇဉ် လေ့ကျင့်နည်းကို
မဟာသတိပဋ္ဌာနသုတ်မှာ
လာတဲ့အတိုင်းလေ့ကျင့်ပါ။
အကျိုးရှိပါလိမ့်မည်။

  
ဒေါက်တာနန္ဒမာလာဘိဝံသ
 (ပါမောက္ခချုပ်ဆရာတော်)

No comments:

Post a Comment