စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, November 22, 2025

တူရာတူရာစုကြတယ်

တူရာ တူရာ စုကြတယ်
-----------🌿🌸🌿--------
 သံလိုက်က သံကိုပဲ ဆွဲတယ်။

မီးဆိုတာ အမှိုက်ရှိရာပဲ လာတတ်တယ်။
     မီးက ရေနောက် မလိုက်ဘူး။

 သဘောချင်း တူရာနဲ့ 
      မိမိအလိုလိုက်ရာကို
      စိတ်က လိုက်ပါနေတယ်။

စိတ်ကို မကောင်းတဲ့ဘက် 
     မသွားစေချင်ရင် 
     ကိုယ့်မှာရှိတဲ့ 
     မကောင်းတဲ့ဓာတ်တွေ 
     အရင် ဖျက်ပစ်ရမယ်။

ကိုယ့်ဆီမှာ~
     မကောင်းတာတွေ ရှိနေရင် 
    သူများတွေဆီက~ 
   မကောင်းတာတွေ လာမယ်။

ကိုယ့်ဆီက မကောင်းတာတွေကလည်း
     သူများရဲ့မကောင်းတွေနဲ့ပဲ
     သွားပေါင်းလိမ့်မယ်။

ဓါတ်တူခြင်းသာ တွေ့လိမ့်မယ် ။
     လောကကြီးမှာ သဘောတူရာချင်းသာ
     ပေါင်းဖက် တွေ့ဆုံတတ်ကြပါတယ်။

 ကိုယ့်မှာ "မာနကင်း"နေရင်~
      "ဂါရဝရှိသူ"နဲ့သာ ဆုံတွေ့ရတတ်ပါတယ်။

အရက်သမားက 
      အရက်သမားချင်း ပေါင်းတယ်။

ဖဲသမားကလည်း  
     ဖဲသမားချင်း ပေါင်းတယ်။

ကိုယ့်မှာ မာနရှိနေရင်~
     မာနသမားက လာပေါင်းမယ်။

တဏှာရှိနေရင်~ 
     တဏှာသမားက လာပေါင်းမယ်။

 တရားသမားကလည်း
     တရားသမားချင်းသာ ပေါင်းလိမ့်မယ်...။

  မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

No comments:

Post a Comment