"ဒွါရ(၆)ပါး"ထဲက တစ်ပါးပါးမှာကွက်ပြီး
ဝိပဿနာရှုရင် ဖြစ်နိုင်ပါ့မလား။
ဥပမာ-"မျက်စိနဲ့ ရူပါရုံ"၊
"နားနဲ့ အသံ"စသည်ဖြင့် ဆိုပါစို့။
ဆရာကြီး ဦးဂိုအင်ကာ
"ဖြစ်နိုင်တာပဲ။
သို့သော်လည်း-
ဘယ်"ဒွါရ"ကပဲ "အာရုံ"ကိုသိတာဖြစ်စေ
"ဝေဒနာ"ကို သိတာကတော့ ဖြစ်ရမှာပါ။
"မျက်စိ၊ နား၊နှာ၊ လျှာ၊ ကိုယ်၊ စိတ်"ဆိုတဲ့
"ဒွါရ(၆)ပါး"စလုံးမှာ"ဖဿ"ခေါ်တဲ့"အာရုံ"နဲ့
ထိခိုက်မိတိုင်း "ဝေဒနာ"ပေါ်ပါတယ်။
အဲဒီ"ဝေဒနာ"ကို မရှုမှတ်နိုင်လို့ လွတ်သွားရင်
"သင်္ခါရ"ခေါ်တဲ့ "တုံ့ပြန်မှုဖြစ်ပုံ"ကို
မသိလိုက်ရပါ။
"ဒွါရ"တိုင်းမှာလည်း-
"အာရုံသိရတဲ့ အကြောင်း"က
အဆက်မပြတ် မဟုတ်ပါ။
ပြတ်တောင်း ပြတ်တောင်းသာ
ဖြစ်တတ်ပါတယ်။
ဥပမာ-"အသံ"ဆိုပါတော့၊
ကြားရတစ်ချက်၊မကြားရတစ်ချက်သာ
ဖြစ်နေတာပါ။
သို့သော်လည်း-
"ပရမတ္ထရဲ့ သဘာဝ"အားဖြင့်တော့
"စိတ်နဲ့ရုပ်"တို့ဟာ အစဉ်အမြဲ ထိတွေ့
နေကြတာပါ။
ထိတွေ့မှုကြောင့် "ဝေဒနာတွေ"ဟာ
အစဉ်မပြတ် ဖြစ်ပေါ်နေပါတယ်။
ဒါကြောင့် "ဝေဒနာ"ကို ရှုမှတ်ရတာဟာ
"အနိစ္စရဲ့သဘော"ကို "ဒိဌဓမ္မ"သိနိုင်ဖို့
အလွယ်ဆုံး အရှင်းဆုံးဖြစ်ပါတယ်။
ဒီနည်းနဲ့ သိဖို့ကို ဦးစွာ ပိုင်နိုင် ထားတာ
ကောင်းပါတယ်။
ပိုင်နိုင်ပြီးရင် "တခြား ဒွါရတွေ"နဲ့
စမ်းကြည့်ချင် စမ်းကြည့်နိုင်ပါတယ်။
"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]
မှီခိုရာ ကျမ်းကိုး
("The Art Of Living"
S.N Goenka.
"အနေတတ်ပါစေ"။
"ဦးတင်ဦး(မြောင်)" မြန်မာပြန် စာအုပ်။
စာ [၁၅၈] မှ )
"ဓမ္မပဗ္ဗတ ဝိပဿနာ ရိပ်သာ"
နောင်ဆိုင်ရွာ ။ မူဆယ်- နမ့်ခမ်းမြို့။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံ။
No comments:
Post a Comment