~~~~~~~~~~~~~~~~~~~
#အတင်းလုပ်ပြီး မထင်ပေါ်ချင်နဲ့။
စေတနာမှန်၊ အလုပ်မှန်ရင် အချိန်တန်ရင် ထင်ပေါ်လာလိမ့်မယ်။
#အတင်းလုပ်ပြီး အရေးပေးမခံချင်နဲ့။
အရာရောက်လာရင် အရေးပေးလာလိမ့်မယ်။
#အတင်းလုပ်ပြီး ဂုဏ်ဆာပြမနေနဲ့။
သီလပညာဂုဏ်ရှိလာရင် အကုန်သိလာလိမ့်မယ်။
#အတင်းလုပ်ပြီး နာမည်မကြီးချင်နဲ့။
အလုပ်ကြီးလာ၊ အလုပ်မှန်လာရင် အချိန်ကျလာရင် အရှိန်ရလာလိမ့်မယ်။
#တကယ်တော့ တစ်ချို့အရာတွေက ဇွတ်အတင်းလုပ်ယူလို့ မရဘူး။ သူ့အကြောင်းတရားနဲ့၊ သူ့အချိန်နဲ့၊ သူ့အကျိုးပေးဆိုတာ သပ်သပ်ရှိပြီးသား လုပ်ယူတိုင်း ရချင်မှရတာ၊ ဖြစ်ချင်မှဖြစ်တာ၊ ရရင်ဖြစ်ရင်လည်း ခဏပဲ။ အမှန်မရရင် အမြန်ကျတာပဲ။
#အကောင်းဆုံးက ဘာကြီးဖြစ်ချင်တာ၊ ဘာကြီးရချင်တာဆိုတာထက် ဘယ်လောက်လုပ်နိုင်တာ၊ ဘယ်လိုမှန်ကန်တာပဲ ဖြစ်အောင်၊ အကြောင်းကောင်းအောင် ကျိုးစားတာ အကောင်းဆုံးပဲ။ အကြောင်းကောင်းတယ်၊ စေတနာမှန်တယ်၊ အလုပ်မှန်တယ်ဆိုရင် အချိန်တန်ရင် အကျိုးပေးလည်း မှန်လာမှာပဲပေါ့။
No comments:
Post a Comment