❀ ဥေပကၡာဆိုတာ • • •
❀ ဥေပကၡာဆိုတာ အလြန္မြန္ျမတ္တယ္၊ ဥေပကၡာဆိုတာ လူေတြေပၚမွာ လ်စ္လ်ဴရႈတာ မဟုတ္ဘူး၊ သူတို႔လုပ္တဲ့ ေစာ္ကားမႈ ခ်ီးမြမ္းမႈေတြကို လ်စ္လ်ဴရႈႏိုင္တာ၊ သူက သိပ္ အဆင့္ျမင့္တယ္ေနာ္။
❀ ဥပမာ- လူတစ္ေယာက္ ကိုယ့္ဆဲလည္း သူ႔ကိုကူညီစရာရိွရင္ ကူညီလိုက္တယ္၊ ကိုယ့္ခ်ီးမြမ္းေနလို႔လည္း ပိုမကူဘူး၊ လုပ္သင့္လို႔လုပ္တယ္။ ကိုယ့္အေပၚမွာ ေစာ္ကားမႈ ဦးစားေပးမႈ ဆိုတာေတြကို မၾကည့္ဘူး၊ လုပ္သင့္ရင္ လုပ္ေပးလိုက္တယ္၊ ညီတူညီမွ် လုပ္ေပးႏိုင္တဲ့ စိတ္ဓာတ္၊ တည္ၿငိမ္တဲ့စိတ္ဓာတ္ကို ေျပာတာ၊ အဲဒါ ဥေပကၡာဆိုတာ အလြန္မြန္ျမတ္တဲ့ တရားေနာ္။
❀ ျမတ္စြာဘုရားက သားေတာ္ရာဟုလာမို႔ ပိုခ်စ္တာ မရိွဘူး၊ ေဒဝဒတ္ႀကီးကဆိုးသြမ္းၿပီး အမ်ိဳးမ်ိဳးေသေၾကာင္းၾကံလို႔ ပိုမုန္းတာမ်ိုးမ႐ိွဘူး၊ သူတို႔ႏွစ္ေယာက္ အတူတူ ထားႏိုင္တယ္၊ အဲဒီလို အတူတူထားႏိုင္တယ္ဆိုတဲ့ ဥေပကၡာ။
❀ တခ်ိဳ႕က ဥေပကၡာျပဳလိုက္တယ္ေျပာရင္ မေခၚမေျပာေနတာကို ဥေပကၡာလို႔ ထင္တယ္၊ အဲဒါ `ဦးပစ္ခါေနာ္´၊ ဒီဥေပကၡာက မေခၚမေျပာေနတာမ်ိဳး မဟုတ္ဘူး၊ ကိုယ့္စိတ္ထဲမွာ အခ်စ္အမုန္းကင္းၿပီး လုပ္သင့္တာ လုပ္တာကို ဆိုလိုတယ္ေပါ့။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ္ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။
Unicode Version
°°°°°°°°°°°°°°°
❀ ဥပေက္ခာဆိုတာ • • •
❀ ဥပေက္ခာဆိုတာ အလွန်မွန်မြတ်တယ်၊ ဗြဟ္မဝိဟာရတရား လေးပါးထဲမှာပါတဲ့ ဒီ ဥပေက္ခာဆိုတာ လူတွေပေါ်မှာ လျစ်လျူရှုတာ မဟုတ်ဘူး၊ သူတို့လုပ်တဲ့ စော်ကားမှု ချီးမွမ်းမှုတွေကို လျစ်လျူရှုနိုင်တာ၊ သူက သိပ် အဆင့်မြင့်တယ်နော်။
❀ ဥပမာ- လူတစ်ယောက် ကိုယ့်ဆဲလည်း သူ့ကိုကူညီစရာရှိရင် ကူညီလိုက်တယ်၊ ကိုယ့်ချီးမွမ်းနေလို့လည်း ပိုမကူဘူး၊ လုပ်သင့်လို့လုပ်တယ်။ ကိုယ့်အပေါ်မှာ စော်ကားမှု ဦးစားပေးမှု ဆိုတာတွေကို မကြည့်ဘူး၊ လုပ်သင့်ရင် လုပ်ပေးလိုက်တယ်၊ ညီတူညီမျှ လုပ်ပေးနိုင်တဲ့ စိတ်ဓာတ်၊ တည်ငြိမ်တဲ့စိတ်ဓာတ်ကို ပြောတာ၊ အဲဒါ ဥပေက္ခာဆိုတာ အလွန်မွန်မြတ်တဲ့ တရားနော်။
❀ မြတ်စွာဘုရားက သားတော်ရာဟုလာမို့ ပိုချစ်တာ မရှိဘူး၊ ဒေဝဒတ်ကြီးကဆိုးသွမ်းပြီး အမျိုးမျိုးသေကြောင်းကြံလို့ ပိုမုန်းတာမျိုးမရှိဘူး၊ သူတို့နှစ်ယောက် အတူတူ ထားနိုင်တယ်၊ အဲဒီလို အတူတူထားနိုင်တယ်ဆိုတဲ့ ဥပေက္ခာ။
❀ တချို့က ဥပေက္ခာပြုလိုက်တယ်ပြောရင် မခေါ်မပြောနေတာကို ဥပေက္ခာလို့ ထင်တယ်၊ အဲဒါ `ဦးပစ်ခါနော်´၊ ဒီဥပေက္ခာက မခေါ်မပြောနေတာမျိုး မဟုတ်ဘူး၊ ကိုယ့်စိတ်ထဲမှာ အချစ်အမုန်းကင်းပြီး လုပ်သင့်တာ လုပ်တာကို ဆိုလိုတယ်ပေါ့။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
No comments:
Post a Comment