စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 23, 2016

သစ္စာမသိတာကြောက်စရာအကောင်းဆုံး

❆  ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ❆ 
         ==============================

@ သစ္စာမသိတာ ကြောက်စရာ အကောင်းဆုံး @
          _______________________________

★  ဒကာ ဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အမြင်နဲ့ ပြော
တာ " သစ္စာမသိတာ ကြောက်စရာ အကောင်းဆုံး " သစ္စာမသိတာ
ကြောက်စရာ အကောင်းဆုံးလို့ သေသေချာချာ မှတ်ထားကြ ...

★  သစ္စာမသိတဲ့ ပုဂ္ဂိုလ်သည် အရုပ်ဆိုးဆုံးပဲဆိုတော့ သူ " ဇာတိ "
ချည်း စတောင်းတယ် ၊ " ဇာတိ " ကို သူ ဒုက္ခသစ္စာလို့ ကော သိရဲ့လား
( မသိပါဘုရား ) ၊ ဒုက္ခသစ္စာလို့ မသိတော့ လူဖြစ်ရပါလို့၏ ၊ နတ်ဖြစ်ရပါလို၏ ၊ အကြိမ်ကြိမ် ဖြစ်ရပါလို့၏ဆိုတော့ ..ဒုက္ခအကြိမ်
ကြိမ်ဖြစ်ရပါလို့၏ လို့ သူဆိုနေတာကိုး....

★  ဒုက္ခဆိုတာ ရှောင်ကွင်းရမည့်အလုပ် ၊ ရှောင်ကွင်းရမည့်အလုပ်ကို
မရအရ တောင်းယူကြတယ်ဆိုတော့ ...ဒီထက်လွဲတာ ရှိသေးရဲ့လား ..( မရှိပါဘုရား ) ၊

★  ဒါကြောင့် ဒကာ ဒကာမတွေ အဆိုးဆုံးတရားဟာ ဘယ်တရားပါ
လိမ့်...( သစ္စာမသိမှုပါဘုရား ) ၊

★  သစ္စာကို ငါမသိ သိအောင် လုပ်မယ်ဆိုတဲ့ စိတ်ကိုဖြင့် မွေးဖြစ်အောင် မွေးပါဆိုတာ သတိပေးလိုက်ပါတယ် ၊ ဒါဖြင့် သစ္စာသိရမယ် ဆိုတော့ သစ္စာရှိတာကို အရင်အပြောရလိမ့်မယ် ...
အရှိကို အရင်ပြောမှ အသိက နောက်ကလိုက်ရမယ် ....

★ဒကာ ဒကာမတို့ ယ္ခုခန္ဓာကြီးဟာဖြင့် ဒုက္ခသစ္စာပဲ   ၊ ဒါဖြင့် လုံးပြော
လိုက်တော့ ရှင်းမသွားဘူးလား ၊ ယ္ခု ခန္ဓာကြီး ဒုက္ခသစ္စာဆိုတော့ ...
ခန္ဓာထဲ ဘာပေါ်လာ ပေါ်လာ  ဘယ်လို ဆုံးဖြတ်ချက် ချမလဲ ...
( ဒုက္ခသစ္စာပါဘုရား ) ၊ ဝေဒနာပေါ်လဲ ( ဒုက္ခသစ္စာ ) ၊ စိတ်ပေါ်တာလဲ
( ဒုက္ခသစ္စာ ) ၊ ပူတဲ့ အေးတဲ့ ရုပ်တွေ ပေါ်တာလဲ ( ဒုက္ခသစ္စာပါဘုရား )

★  ပင်ကိုက ဒုက္ခသစ္စာမို့ ပေါ်တာလဲ ဒုက္ခသစ္စာပဲ ပေါ်ပေါက်ရမယ် ။

➳  ဩော် ...ကိုယ့်ခန္ဓာ ထဲ ဘယ်စိတ်တွေ ဖြစ်ဖြစ် ဖောက်ပြန်တဲ့ ကိစ္စပဲ ရှိသကိုး လို့ သိတဲ့ ဥာဏ်က. " မဂ္ဂသစ္စာကိစ္စဥာဏ် "
အဲဒီချည့် ဒကာ ဒကာမတွေက ရှုလိုက်တဲ့အခါ ကျလို့ရှိရင် ..သံသရာ
ကို အိုဘေး ၊ နာဘေး ၊ သေဘေး တွေပွားအောင် အပါယ်ဘေးတွေ မရောက်ရောက်အောင် ပို့တဲ့ " ပပဉ္စတရားတွေ " ချုပ်ပါတယ် ....

★  ငါဘုရားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် " ပပဉ္စနိရောဓော နိဗ္ဗာနံ " လို့
ငါဟောတယ်ကွတဲ့....
➳  ပပဉ္စချုပ်အောင် ကိုယ့်ကိစ္စဥာဏ်နဲ့ ကိုယ်လုပ်ရမယ် ၊ နောက်ကျတော့ ဖောက်ပြန်တဲ့ကိစ္စတွေကို မမြင်တော့ဘူးဆိုရင် ...
နိဗ္ဗာန်မြင်တဲ့ " ကတဥာဏ် " ဖြစ်သွားတယ် ၊ ရှင်းကြပလား ( ရှင်းပါတယ်ဘုရား ) ။

★  အဲဒါကို ခင်ဗျားတို့က ပထမ အပေါင်းသိထားတော့ ....
➳  ခန္ဓာငါးပါးအပေါင်းက ...ဒုက္ခသစ္စာ ၊
➳  အပေါင်းသိတာက...သစ္စဥာဏ် ၊ ( သိရမည့်ဥာဏ် ) ။
➳  တစ်ခါ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို ပေါ်တိုင်း ပေါ်တိုင်း
ဖြစ်ပျက်ကလေးရှုပြီး နေတာက ...ကိစ္စဥာဏ် ၊ ( အလုပ်လုပ်ရမည့်ဥာဏ် ) ။
➳  ဒီဖြစ်ပျက်ကို ဆုံးအောင်လိုက်လို့ ဆုံးသွားလို့ရှိရင် ...ကတဥာဏ် ၊
( ကိစ္စပြီးပြီလို့ သိပြီး ဝမ်းမြောက်ရမည့်ဥာဏ် ) ။

★ဒါဖြင့် ခင်ဗျားတို့ ဒီသုံးဥာဏ်နဲ့ တက်လဲ ဝိပဿနာမှာ ရပါတယ် ....

★  အဲဒါ ...ဘုရားတိုင်းမစွန့်တဲ့ ဓမ္မစင်္ကြာမှာ လာပါတယ် လို့မှတ်ပါ ၊
ကောဏ္ဍညနဲ့ တကွ ဗြဟ္မာအပေါင်း ရှစ်သောင်းလေးထောင်တွေ ဒီသုံး
ဥာဏ်နဲ့ တက်တယ် ၊ အကုန်ကျွတ်ကြတယ် ၊ ဒါ အရေးကြီးဆုံးပဲ ဆိုတာ မပေါ်သေးဘူးလား ( ပေါ်ပါပြီဘုရား )........။

★  သတ္တဝါမှန်သရွေ့ တရားတွေ့ မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာကြပါစေ ၊

★  စေတနာ မေတ္တာများစွာဖြင့်.......

*** ကြည် စံ ***

No comments:

Post a Comment