စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Friday, September 23, 2016

မာနမ႐ွိေသာ ႐ွင္သာရိပုတၱရာ

❀ မာနမရိွေသာ ႐ွင္သာရိပုတၱရာ • • •

❀ ေလာကလူေတြဟာ ကိုယ့္မာနကို ကိုယ္မခ်ိဳးႏိုင္ၾကဘူး။ ႐ွင္သာရိပုတၱရာလို ပုဂၢဳိလ္​မ်ိဳးေတြက်ေတာ့ မာနဆိုတာ လံုးဝမရိွတဲ့ ပုဂၢဳိလ္​မ်ိဳးေတြ။ ေတာင္းပန္စရာရိွရင္ သူက အရင္စၿပီးေတာင္းပန္တယ္။

❀ ႐ွင္သာရိပုတၱရာမေထရ္ျမတ္ဟာ (၇)နွစ္အရြယ္ ကိုရင္ေလးတစ္ပါးက ႐ွင္သာရိပုတၱရာရဲ႕ သကၤန္​းစေလး ေနာက္မွာ ေလွ်ာက်ၿပီး မညီမညာျဖစ္ေနတာကို `အ႐ွင္ဘုရား သကၤန္​းေလ်ွာက်ေနပါတယ္´ လို႔ ေျပာတဲ့အခါ တ႐ိုတေသ တေလးတစား သကၤန္​းကို ျပင္ဆင္ဝတ္ၿပီးေတာ့မွ ႐ွင္သာရိပုတၱရာက `သင့္ေလ်ာ္ပါၿပီလား´လို႔ တေလးတစားေျပာတယ္။ အခုခ်ိန္​မွာ​ ဆိုလို႔ရိွရင္​ ေျပာလိုက္မယ္။ ခဏခဏ ၾကားရတဲ့စကားက `လ်ွာမ႐ွည္နဲ႔´ ဆိုတဲ့ စကားပဲ။ လ်ွာမ႐ွည္နဲ႔ ဆိုတဲ့ စကားကေတာ့ တြင္တြင္သံုးတာ။ အဲဒီမွာ ႐ွင္သာရိပုတၱရာက်ေတာ့ အဲဒီလိုစကားမ်ဳိး မေျပာတဲ့အျပင္ `တဒဟုပဗၺဇိေတာသေႏၱာ၊ ဇာတိယာ သတၱ ဝႆိေကာ´ ေမြးဖြားလို႔ (၇)ႏွစ္ပဲ ရိွေသးတယ္။ ကိုရင္ဝတ္တာလည္း ဒီေန႔မွဝတ္တာ။ အဲဒီကိုရင္ေလးက အျပစ္ကို ေထာက္ျပၿပီး ေျပာတယ္ဆိုရင္ ဦးထိပ္ရြက္ ပန္ဆင္ပါမယ္ လို႔ ေျပာတယ္။ ဒါကလည္း အင္မတန္ ပညာႀကီးတဲ့ ပုဂၢဳိလ္​၊ ဘာမာနမွမရိွတဲ့ ပုဂၢဳိလ္​သူျမတ္ႀကီးေတြရဲ႕ စိတ္ေနသေဘာထားဟာ ႀကီးျမတ္လွပါတယ္။ ဘုန္းႀကီးတို႔တစ္ေတြ အတုယူၾကရမွာ ျဖစ္တယ္။ ဒီေလာက္ႀကီးမားတဲ့ပညာရိွတဲ့ ပုဂၢဳိလ္​ျမတ္ႀကီးေတာင္မွပဲ အခုလိုစိတ္ေနသေဘာထားေတြ ထားႏိုင္တယ္ဆိုရင္ ငါတို႔က ဘာမို႔လို႔ မထားႏိုင္ရမွာလဲ။ ဒို႔ႀကိဳးစားၿပီးထားျကရမယ္ လို႔ ကိုယ့္ကိုယ္ကို ဆံုးမၾကရမွာျဖစ္တယ္။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။

Unicode Version
##########

❀ မာနမရှိသော ရှင်သာရိပုတ္တရာ • • •

❀ လောကလူတွေဟာ ကိုယ့်မာနကို ကိုယ်မချိုးနိုင်ကြဘူး။ ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်​မျိုးတွေကျတော့ မာနဆိုတာ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်​မျိုးတွေ။ တောင်းပန်စရာရှိရင် သူက အရင်စပြီးတောင်းပန်တယ်။

❀ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ (၇)နှစ်အရွယ် ကိုရင်လေးတစ်ပါးက ရှင်သာရိပုတ္တရာရဲ့ သင်္ကန်​းစလေး နောက်မှာ လျှောကျပြီး မညီမညာဖြစ်နေတာကို `အရှင်ဘုရား သင်္ကန်​းလျှောကျနေပါတယ်´ လို့ ပြောတဲ့အခါ တရိုတသေ တလေးတစား သင်္ကန်​းကို ပြင်ဆင်ဝတ်ပြီးတော့မှ ရှင်သာရိပုတ္တရာက `သင့်လျော်ပါပြီလား´လို့ တလေးတစားပြောတယ်။ အခုချိန်​မှာ​ ဆိုလို့ရှိရင်​ ပြောလိုက်မယ်။ ခဏခဏ ကြားရတဲ့စကားက `လျှာမရှည်နဲ့´ ဆိုတဲ့ စကားပဲ။ လျှာမရှည်နဲ့ ဆိုတဲ့ စကားကတော့ တွင်တွင်သုံးတာ။ အဲဒီမှာ ရှင်သာရိပုတ္တရာကျတော့ အဲဒီလိုစကားမျိုး မပြောတဲ့အပြင် `တဒဟုပဗ္ဗဇိတောသနေ္တာ၊ ဇာတိယာ သတ္တ ဝဿိကော´ မွေးဖွားလို့ (၇)နှစ်ပဲ ရှိသေးတယ်။ ကိုရင်ဝတ်တာလည်း ဒီနေ့မှဝတ်တာ။ အဲဒီကိုရင်လေးက အပြစ်ကို ထောက်ပြပြီး ပြောတယ်ဆိုရင် ဦးထိပ်ရွက် ပန်ဆင်ပါမယ် လို့ ပြောတယ်။ ဒါကလည်း အင်မတန် ပညာကြီးတဲ့ ပုဂ္ဂိုလ်​၊ ဘာမာနမှမရှိတဲ့ ပုဂ္ဂိုလ်​သူမြတ်ကြီးတွေရဲ့ စိတ်နေသဘောထားဟာ ကြီးမြတ်လှပါတယ်။ ဘုန်းကြီးတို့တစ်တွေ အတုယူကြရမှာ ဖြစ်တယ်။ ဒီလောက်ကြီးမားတဲ့ပညာရှိတဲ့ ပုဂ္ဂိုလ်​မြတ်ကြီးတောင်မှပဲ အခုလိုစိတ်နေသဘောထားတွေ ထားနိုင်တယ်ဆိုရင် ငါတို့က ဘာမို့လို့ မထားနိုင်ရမှာလဲ။ ဒို့ကြိုးစားပြီးထားကြရမယ် လို့ ကိုယ့်ကိုယ်ကို ဆုံးမကြရမှာဖြစ်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။

No comments:

Post a Comment