***အာသဝတရား ၄-ပါး ကို ပြဆိုခြင်း ...***
-------------------------------------------------------
"အာသဝ" ဟူသည် "အရက်စိမ်ရည်" ကို
ဆိုလို၏။
လောဘ၊ မောဟ၊ ဒိဋ္ဌိ တရားဆိုးတို့ကို
အရက်စိမ်ရည်နှင့် ပမာပြု၍ ဘုရားရှင်
ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့ခြင်း
ဖြစ်၏။
"အရက်" ဟူသည်ကား စိမ်ရည်အိုးထဲ၌
ကြာမြင့်စွာ စိမ်ထားသည့်အခါ၌ အာနိသင်
လွန်စွာပြင်းပြလာ၍ သောက်သုံးသူတို့အား
မူးယစ်စေတတ်ပြီး၊ အကောင်း-အဆိုး၊ အကြောင်း-အကျိုး၊ အကျိုး-အပြစ်၊
အမှန်-အမှားတို့ကို ဟုတ်တိုင်းမှန်စွာ
ဝေဖန်ပိုင်းခြား ချင့်ချိန်နိုင်စွမ်း အလျဉ်းကင်းမဲ့
စေပြီး ထင်ရာမြင်ရာကို မိုက်မိုက်ကန်းကန်း၊
ဟော့ဟော့ရမ်းရမ်း ပြုမူဆောင်ရွက်စေလေ့
ရှိသဖြင့် ဆင်းရဲဒုက္ခ အမျိုးမျိုးတို့နှင့် ရင်ဆိုင်တိုး
ရစေတတ်၏။
ထိုနည်းတူစွာ အနမတဂ္ဂသံသရာ
တစ်လျှောက်လုံး၌ သတ္တဝါတို့၏
္ခခန္ဓာကိုယ် စိမ်ရည်အိုးထဲတွင် ကြာရှည်စွာ
စိမ်ထားသည်ဖြစ်သော လောဘ၊ မောဟ၊
ဒိဋ္ဌိ တရားဆိုးတို့သည် ၄င်းတို့
ကိန်းအောင်းရာ ပုထုဇဉ်သတ္တဝါတို့အား
တွေဝေယစ်မူး အရူးဖြစ်စေပြီး
အကောင်း-အဆိုး၊ အကြောင်း-အကျိုး၊
အကျိုး-အပြစ်၊ အမှန်-အမှားတို့ကို
ဟုတ်တိုင်းမှန်စွာ ဝေဖန်ပိုင်းခြား
ချင့်ချိန်နိုင်စွမ်း အလျဉ်း
ကင်းမဲ့စေတတ်သောကြောင့်
"အာသဝ = အာသဝေါ" ဟူ၍
ခေါ်ဆိုခြင်း ဖြစ်၏။
အာသဝေါတရား ၄-ပါး ရှိ၏။
ယင်းတို့ကား ......
(၁) ကာမာသဝ - ဝတ္ထုအာရုံ ကာမဂုဏ်တို့အား
လိုချင်နှစ်သက် တပ်မက်တတ်ခြင်း။
(လောဘ စေတသိက်)
(၂) ဘဝါသဝ - ရူပဈာန်၊ အရူပဈာန်နှင့်
ထိုဈာန်တို့၏ အကျိုးဝိပါတ်ကို နှစ်သက်
တွယ်တာတတ်ခြင်း။ (လောဘစေတသိက်)
(၃) ဒိဋ္ဌာသဝ - အယူလွဲမှားမှု မိစ္ဆာဒိဋ္ဌိ။
(ဒိဋ္ဌိ စေတသိက်)
(၄) အဝိဇ္ဇာသဝ - အာရုံ၏ သဘောမှန်ကို
မသိခြင်း။ တွေဝေခြင်း။ (မောဟစေတသိက်)
စသည်တို့ ဖြစ်ကြကုန်၏။
ဤကား အာသဝတရား ၄-ပါးတို့အား
အကျဉ်းမျှ ပြဆိုခြင်း ဖြစ်သတည်း။
No comments:
Post a Comment