.....မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏.....
............နေ့စဉ်ဘဝနှင် ဓမ္မအမြင်................
-သက်လုံပျက်နွား အမြှပ်ထွား
ရုန်းအားဝန်မနိုင်။
-မေတ္တာပျက်ပြီ ဒေါသမှီ
ခန္တီဝန်မနိုင်။
-ပျက် အ.လောဘ ရာဂကြွ
သမထမရှုနိုင်။
-အ.မောဟပြတ် မောဟပတ်
ဝိပသ်မရှုနိုင်။
-ရှက်ကြောက်ကင်းပ ကိလေဝ
သီလဝန်မနိုင်။
-သဒ္ဓါပျက်က ဝန်တိုလှ
ဒါနဝန်မနိုင်။
-သက်လုံကောင်းထက် မြှုပ်မထွက်
ထမ်းရွက်ဝန်ချီနိုင်။။
{မောင်သွေးချွန်}
No comments:
Post a Comment