❆ ❆ သုညတ တရားနာမှ သုညတ နိဗ္ဗာန်ရောက်မည် ❆ ❆
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
❆ အားလုံး ဒကာ ဒကာမတွေ သုညတ တရားနာရမှ အဖိုးတန်မယ်ဆိုတာ မှတ်ထားကြပါ ၊ သုညတ တရားနာရမှ နိဗ္ဗာန်
ရောက်မယ် ....
❆ ဒါဖြင့် ...မောဃရာဇ ရဟန်းကလဲမူတည် ၊ ရှင်အာနန္ဒကလဲ သုညတဆိုတာ ဘယ်ဟာတုန်းဘုရား ...လို့မေးလျှောက်တော့ ...
ဒကာ ဒကာမတို့ သန္တာန်မှာ ရုပ်ပေါ်လာလို့ရှိရင်လဲ သုညတ မှတ်ပါ ၊
ဝေဒနာပေါ်လာရင်လဲ သုညတ မှတ် ၊ သညာ ပေါ်လာရင်လဲ သုညတ
မှတ် ၊ စိတ်ကလေး ပေါ်လာရင်လဲ သုညတ မှတ် ၊ သုညချည့် မှတ်ပါတဲ့
❆ ဒကာ ဒကာမတို့ ပုံစံ နဲ့ ချပြတော့မှ သုညတ ရှင်းပါလိမ့်မယ် ...
သုညတ ရှင်းတော့.....
❆ ဒကာ ဒကာမတို့ သန္တာန်မှာ ဝေဒနာ သုံးမျိုးရှိတယ် ၊
ကိုင်း ...ဒကာ ဒကာတို့ ကိုယ်ပေါ်မှာ ယားမယ် ၊ နာမယ် ၊ အောင့်မယ် ၊
ဆိုတာ ဘာဝေဒနာတုန်း၊ ( ဒုက္ခ ဝေဒနာပါဘုရား ) ၊ ဒုက္ခဝေဒနာ ...
သိသွားကတည်းက ပုဂ္ဂိုလ် သတ္တဝါ ပျောက်နေပြီ ၊ ပုဂ္ဂိုလ် သတ္တဝါ
ပျောက်တယ်ဆိုတာ " ငါ " ပျောက်တာပဲ ၊ " ငါ " တစ်ခု ဆိတ်သုဉ်းသွား
ပြီ ၊
ဒီဝေဒနာကလေးကို တစ်ခါ စောင့်ဆိုင်းပြီး ကြည့်လိုက်တာပေါ့ဗျာ ၊
ဝေဒနာကလေး၏ သက်တမ်းကလဲ ၁_ နဲ့. ၂ _ ပဲရှိတယ် ၊ ၁ မှာ ဖြစ်ပြီး
၂ မှာပျက်ရှာတယ် ...ဒါဖြင့် အပျက်မြင်လိုက်တော့ " ငါ့ဥစ္စာ " ရှိသေးရဲ့လား ၊ ( မရှိပါဘုရား ) ၊
❆ ဒါဖြင့် ..အဖြစ်မြင်ရင် " ငါ " ပြုတ်တယ် ၊ " ငါ " ကဒိဋ္ဌိ ။
❆ အပျက်မြင်ရင် " ငါ့ဥစ္စာ " ပြုတ်တယ် ၊ " ငါ့ဥစ္စာ " က တဏှာ ။
❆ ဩော် ဒါဖြင့် တို့ဟာ " ဖြစ်ပျက် " မြင်ဖို့အရေးကြီးတယ် ၊ ဒါရှုဖို့ပါပဲ...
❆ ဒကာ ဒကာမတို့ " ငါ " " ငါ့ဥစ္စာ " ပြုတ်တော့ကို " သုညတ " ဆိုက်
သွားပြီ ၊ ဝေဒနာအပေါ်၌ ငါ ကော ရှိသေးရဲ့လား (မရှိပါဘုရား ) ၊
ငါ့ ဥစ္စာ ကော ( မရှိပါဘုရား ) ၊ ဒါဖြင့်ဝေဒနာအပေါ်၌ သုညတ ဆိုက်သွားတော့ ဒီရှုတဲ့ တရားသည် " သုညတ မဂ် " ဖြစ်သွားတယ် ၊
❆ ဒီဘက်က ပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြုတ်သွားတယ် .....
➳ ဒုက္ခသစ္စာ မသိတဲ့ အဝိဇ္ဇာ ပဋိစ္စသမုပ္ပါဒ် လဲပြုတ်သွားတယ် ၊
➳ ငါ့ဥစ္စာ လို့စွဲလမ်းနေတဲ့ တဏှာ ပဋိစ္စသမုပ္ပါဒ် လဲ ပြုတ်တယ် ၊
➳ ငါ လို့စွဲထားတဲ့ ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ် လဲ ပြုတ်တယ် ၊
❆ ဩော်...ဒီဘက်မှာ သမုဒယ သစ္စာနဲ့ ၊ ဒုက္ခသစ္စာ ချုပ်တယ် ၊
နိရောဓ နဲ့ မဂ္ဂ ကျန်ရစ်ရမယ် ၊
❆ ဒါဖြင့် ...နိဗ္ဗာန် နဲ့ မဂ် ကျန်ရစ်တော့တာပဲ ၊ ဆိုတာကို ခင်ဗျားတို့
သုညတ ဆိုက်တဲ့ ပုဂ္ဂိုလ်မှာ ဒါကြောင့် သေမင်း မမြင်နိုင်ဘူးဆိုတော့
သူ နိဗ္ဗာန် ရောက်လို့ မမြင်ဘူးပြောတာ....ရှင်းကြပလား ....
❆ ဒီက သုညတ မဂ်ဖြစ်တော့ ကို ဒီဘက်မှာ သမုဒယ နဲ့ ဒုက္ခ ချုပ်သွားတဲ့ အခါကျတော့ ဒါလဲ ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါ
ဆိတ်သုဉ်း တဲ့ သင်္ခါရ ဆိတ်သုဉ်းတဲ့ နိဗ္ဗာန်ပေါ်လာတယ် ၊ သုညတ
နိဗ္ဗာန် ပဲပေါ်လာတယ် ...ဩော်...သုညတ တစ်လုံးဟာလဲ ကိစ္စ ပြီးပါလား......
❆ ပေါ်လာတဲ့ တရားကလေးတွေ၏ ပေါ်တာသိမှု၊ ပျက်တာသိမှုသည် ၊ ပေါ်တာသိရင် ဒိဋ္ဌိပြုတ် ၊ ပျက်တာသိရင် တဏှာပြုတ် ၊ " တဏှာ ၊ ဒိဋ္ဌိ " ပြုတ်ပါတယ် ဆိုကတည်းကိုက .....
" ပထမ နိဗ္ဗာန် " မရဘဲ ခံနိုင် ပါ့မလား ၊ ( မခံ နိုင်ပါဘုရား ) ၊
❆ ဖြစ်ပျက်သိတဲ့ဥာဏ်သည် " ငါ " " ငါ့ဥစ္စာ " ဆိတ်သုဉ်းတာကို သိတဲ့ဥာဏ် ၊ ဒီဥာဏ်သည် ပထမဝိပဿနာ ဥာဏ် ၊ ရှု ပါများလာရင်
မုန်းလာမယ် ၊ ဒီသုညတ တွေဟာ သုညတ လဲ ဟုတ်တာပဲ ၊ ဖြစ်ပျက် ဒုက္ခ လဲဟုတ်တာပဲ ၊ ဒီလိုဥာဏ်တက်လိုက်တဲ့အခါ ဒုက္ခကို ပရိညေယျနဲ့ ပိုင်းခြာသိလိုက်တယ် ၊ ဖြစ်လာတာလဲ ဒုက္ခ ပဲ ၊ ပျက်တာလဲ ဒုက္ခ ပဲ ၊ ဒီ အထဲ ဒုက္ခ မှတစ်ပါး ဘာမှ မရှိလို့ ဆုံးဖြတ်ချက်ချလိုက်လို့ ရှိရင် ၊ ဒါ ပရိညေယျ နဲ့ ပိုင်ပိုင် နိုင်နိုင် သိတာပဲ ၊ သိလိုက်တဲ့အခါ ကျတော့ ဒီမဂ်ဟာ လောကုတ္တရာမဂ် ဖြစ်သွားတယ်
❆ လောကုတ္တရာမဂ် ဖြစ်သွားသည်နဲ့ တစ်ပြိုင်နက် တည်း ခုနင်ကဖြစ်
ပျက်တွေဟာ အကုန်ချုပ်သွားတယ် ၊ ချုပ်သွားတဲ့အခါ ဒီဘက်မှာ ...
နိရောဓသစ္စာပေါ်တယ် ၊ ဒါဖြင့်...ဒုက္ခနိရောဓော ...နိဗ္ဗာနံ လဲပေါ်တယ်
ဒီဘက်က တဏှာနိရောဓော...နိဗ္ဗာနံ လဲ ဖြစ်သွားမယ် ....
❆ ဒကာ ဒကာမတို့ ရှုနေတဲ့ ဖြစ်ပျက်ဟာ ငါ ငါ့ဥစ္စာ မဟုတ်တဲ့ တရားပဲ ၊ အဖြစ်မြင်ကတည်းက ငါ ပြုတ် ၊ သက္ကာယဒိဋ္ဌိ ၊ ဥစ္ဆေဒ ဒိဋ္ဌိသေ ၊ အပျက်မြင်ကတည်းက ငါ့ဥစ္စာပြုတ် ၊ သဿတဒိဋ္ဌိသေ ၊
ဒါဖြင့် ဖြစ်ပျက်ဟာ ဒိဋ္ဌိ ခွာပြီးသား ၊ တဏှာခွာပြီးသား ၊ ပဋိစ္စသမုပ္ပါဒ်
တန်းပါဆိုလို့ ရသေးရဲ့လား ( မရပါဘုရား ) ။
❆ ဒါဖြင့်....ရှုကော ရှုတတ်ပလား ၊ ဘယ်ဝေဒနာပေါ်လာ...လာ .၊
ဖြစ်ပျက်ရှု ၊ သုခပေါ်လဲ ( ဖြစ်ပျက်ရှု ) ၊ ဒုက္ခပေါ်လဲ ( ဖြစ်ပျက်ရှု ) ၊
ဥပေက္ခာပေါ်လဲ ( ဖြစ်ပျက်ရှု ) ၊ ဖြစ်ပျက်ရှု လိုက်လို့ရှိရင်ဖြင့် ........
သုညတ မဆိုက်ဘူးလား ၊ ငါ ပြုတ် ၊ င့ါဥစ္စာပြုတ် ၊ သဿတပြုတ် ၊
ဥစ္ဆေဒပြုတ် ၊ သက္ကာယပြုတ် ၊ မပြုတ်ပါနဲ့ ဆိုလို့ ရသေးရဲ့လား ...
( မရပါဘုရား ) ၊ ကဲ...ဘယ်လောက် အဖိုးတန်သတုန်း ....( တန်ပါတယ်ဘုရား ) .........
သာဓု...သာဓု...သာဓု.....
❆ ( ၁၁..၉..၆၁ ) ၊ မိုးကုတ်ဆရာတော်ဘုရားကြီး ၊ အမရပူရမြို့ ၊
မင်္ဂလာ တိုက်ဟောင်းဓမ္မာရုံ ၌ ဟောကြားတော်မူသော တရားတော်မှ
ထုတ်နုတ် ပူဇော် ဓမ္မဒါန ပြုပါသည်။
❆ စေတနာ မေတ္တာများစွာဖြင့်.....
*** ကြည် စံ ***
https://m.facebook.com/story.php?story_fbid=306967559681040&id=100011033940285
No comments:
Post a Comment