စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, September 14, 2016

လူငယ်များအတွက် ဓမ္မစာပေများ


လူငယ်များအတွက် ဓမ္မအနှစ်သာရ 
************************************
===============================












လူငယ်များအတွက် ဓမ္မအနှစ်သာရ ( ၁ )
🌹🌹🌹🌹🌹 🌹🌹🌹🌹🌹 🌹🌹🌹🌹🌹🌹
ခန္ဓာရှိတဲ့ သတ္တဝါတိုင်း အို နာသေ ဒုက္ခများရှိကြလေ၏ ။
ထို ရရှိထားသော ခန္ဓာကြောင့် ဇရာ မရဏ ဆိုတဲ့ ဒုက္ခ
တွေကို ခံစားရတာပါ ။ ထို့ ကြောင့်ပညာရှိသူတော်ကောင်း
တို့သည် ခန္ဓာကို မလိုချင်ကြတော့ ။ ဒုက္ခ၏ တည်










အရှင် ဇိနပုတ္တ

ရာဖြစ်သော ထို ခန္ဓာ ကိုယ်အပေါ် တစ်ချို့က စွဲမက်ပြီး
မာန်မာန တွေ တတ်တတ်ကြ၏ ။ ရုပ်လှခြင်းအပေါ်
မာန်တတ်တတ်ကြသလို အရွယ်ကောင်းခြင်း အပေါ်လဲ
မာန်တတ်တတ်ကြလေ၏ ။ ဤခန္ဓာသည် ဒုက္ခတို့
စုံဆည်းရာ အစုအဝေမှန်းသိသော သူတော်ကောင်း
တို့သည် ထိုခန္ဓာကို စွန့်ရန်နှင့်နှောင်တဖန်မရရှိ ဖို့သာ
ကြိုးစားကြလေ၏ ။

💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦



လူငယ်များအတွက် ဓမ္မအနှစ်သာရ ( ၂ )'
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
သတ္တဝါတိုင်း အမှား ရှိကြပါတယ်။ ဘယ်ကင်းနိုင်မှာလဲ
မှားယွင်း တတ်တဲ့ မောဟကို ရဟန္တာမှ ပယ်နိုင်တာလေ
ဒါကြောင့် မောဟရှိနေတဲ့သတ္တဝါတိုင်းပဲ အမှားဆိုတာရှိ
နေကြမှာပေါ့ ။ အမှားပြုမိရင် နောင်တရပူဆွေးသောက











အရှင် ဇိနပုတ္တ

တွေနဲ့ အမြဲ မိမိ ကိုယ်ကို မနှိက်စက်ကြပါနဲ့။ အမှားကို
အမှန်ပြင်လို့ရရင် ပြင်လိုက်ပါ ။ ဝန်ခံတောင်းပန်လို့ ရခဲ့
ရင် ဝန်ခံတောင်းပန်လိုက်ပါ။ တူမျှတဲ့ ပေးဆပ်မူ့ပြုရမယ်
ဆိုရင်လဲ ရဲရဲကြီးပေးဆပ်လိုက်ပါ။ အဲဒိအမှား ကြီးကို
မိမိ နှလုံးအိမ်မှာ တဖန် သတိရလာတဲ့ အခါမှာ သောက
တွေပူဆွေးမူ့တွေ မဖြစ်စေဘဲ နောင်ကို ငါ ဒီအမှားမျိုး
မလုပ်မိအောင် ရှောင်ကြဉ်မယ်လို့သာ နှလုံးသွင်းလိုက်
ပါ။ ဒါဆိုကုသိုလ်ဖြစ်သွားပါတယ်။


💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛



လူငယ်များအတွက် ဓမ္မအနှစ်သာရ ( ၃ )'
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
သတ္တဝါ တိုင်းပဲ နှစ်သက် ဖွယ် အာရုံတွေ ကို အမြဲ လိုလား တတ်ကြ ပါတယ် ။
လှတာ မြင်တော့ လိုချင် တယ် ကောင်းတာ မြင်တော့ စားချင် တယ် ။ ဒါ သတ္တဝါ တိုင်းပါ ။
အဲဒီလို လိုချင် တော့ အဲဒီ လိုချင် တဲ့ အရာ လေး ကို ရအောင် နည်းမျိုးစုံ သုံးပြီး အားထုက်
ကြပါတယ် ။ အဲဒိ လိုချင် တာလေး တွေရ ရင် စိတ်ချမ်းသာ မယ် ဒီလို ထင်ကြ တာကို ။











အရှင် ဇိနပုတ္တ

တကယ် ရတော့ လဲ ထင် သလောက် စိတ် မချမ်းသာ ပါဘူး ရထား တာလေး ပျောက်မှာ
စိုးရ ၊ သိမ်းဆည်ရ ၊ ထိမ်းးသိမ်းရ နဲ့ ဒုက္ခတွေ များ ကြပြန် တာပေါ့ ။ တကယ်တော့ စိတ်ချမ်း
သာအောင် လိုခြင်တဲ့ အာရုံကိုမရ မက အပင်ပန်း ဆင်းရဲခံ ပြီးရအောင် လုပ်နေ စရာ မလိုပါဘူး ။
လိုချင် စိတ်လေး ကို တတ်နိုင် သလောက် လေးထိမ်း လိုက်ရင် အပူငြိမ်း သွားပါ တယ် ။
ဒါကြောင့် ရောင့်ရဲ တတ်သူ သည် ချမ်းသာ ၏ လို့ ရှေ့ ပညာရှိ တွေ ဆိုခဲ့ ကြတာပါ ။
အသုံး လိုတာ လောက်ရှိရင် ရပါပြီ ။
အပို လိုချင်စိတ် တွေကို လျော့ပြီး ရောင့်ရဲ နိုင်အောင်ကြိုးစားကြပါ။


💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙



ရုပ်လှလို့မာန်မတတ်ပါနဲ့ ခဏနဲ့ ပျက်မှာပါ'
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ခန္ဓာရှိတဲ့ သတ္တဝါတိုင်း အို နာ သေ ဒုက္ခများရှိကြလေ
၏ ။ ထို ရရှိထားသော ခန္ဓာကြောင့် ဇရာ မရဏ ဆိုတဲ့ ဒုက္ခတွေကို ခံစားရတာပါ ။
ထို့ ကြောင့် ပညာရှိသူတော်ကောင်းတို့သည် ခန္ဓာကို မလိုချင်ကြတော့ ။











အရှင် ဇိနပုတ္တ

ဒုက္ခ၏ တည်ရာဖြစ်သော ထို ခန္ဓာ ကိုယ်အပေါ် တစ်ချို့က စွဲမက်ပြီး မာန်မာန တွေ
တတ်တတ်ကြ၏ ။ ရုပ်လှချင်းအပေါ် မာန်တတ်တတ်ကြသလို အရွယ်ကောင်းချင်း
အပေါ်လဲ မာန်တတ်တတ်ကြလေ၏ ။ ဤ ခန္ဓာသည် ဒုက္ခတို့ စုံဆည်းရာ
အစုအဝေမှန်းသိသော သူတော်ကောင်းတို့ သည် ထိုခန္ဓာကို စွန့်ရန်နှင့်
နှောင်တဖန်မရရှိ ဖို့သာကြိုးစားကြလေ၏ ။


☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁



'ဒါနကောင်းမှု့ကိုအခွင့်သင့်တိုင်းပြုကြပါ'
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
ဒါနဆိုတာမပြုမဖြစ်ပြုရမယ့်အလုပ်သာဖြစ်ပါတယ်။
တစ်ချို့ကဒါနကြောင့်သံသရာရှည်တယ်ဒါနမလိုဘူး။
ဒီလိုမျိုးတွေပြောတတ်ကြပါတယ်။ဒါနဆိုတာသံသရာ
ရှည်စေတယ်လို့မမှတ်ရပါဘူး။မိမိတရားထူးရသွားတဲ့
အချိန်မှာမိမိပြုခဲ့တဲ့ဒါနကဆက်ပြီးသံသရာရှည်အောင်
မလုပ်ပါဘူး။ဒါပင်မဲ့ဒါနကတရားထူးရအောင်တော့
ထောက်ပံ့မူ့ပြုနိုင်ပါတယ်။ဦးဇင်းတို့တတွေဟာသံသရာ
လည်နေကြအုံးမှာပါ။တရားထူမရခင်အထိပေါ့။
သံသရာမှာချမ်းချမ်းသာသာတင့်တင့်တယ်တယ်နေ
နိုင်ဖို့အတွက်ဒါနမျိုးစေ့ရှိမှဖြစ်မှာပါ။ပွင့်တော်မူပြီးကုန်
သောဘုရားရှင်တိုင်းဒါနကိုအစပြုပြီးပါရမီတွေဖြည့်ခဲ့











အရှင် ဇိနပုတ္တ

ကြရပါတယ်။ဒါကြောင့်ဒါနအမူ့ကိုအခွင့်ကြုံတိုင်းပြု
ကိုပြုရပါမယ်။သံသရာမှလွတ်လမ်းကိုသိမြင်ပြီးကုန်
တဲ့ပညာရှိကြီးတွေကဘာဆိုလဲဆိုတော့သတ္တဝါတွေ
အကယ်၍ဒါနအကျိုးကိုသာသေချာသိကြမယ်ဆိုရင်
စားမဲ့အစာကိုတောင်မစားပဲအငတ်ခံပြီးလှူကြလိမ့်
မယ်လို့ဆိုကြပါတယ်။ဒါကြောင့်အခွင့်ကြုံမယ်ကို့မှာ
လဲအဆင်ပြေမယ်ဆိုရင်လှူနိုင်သလောက်အလှူ
ဒါနပြုကြပါ။


^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^



သီလသည်သာအဓိကပါ'
💦💦💦💦💦💦💦💦💦💦💦
မိမိလဲအေးချမ်း၊ပတ်ဝန်းကျင်လဲအေးချမ်းပြီးသာယာ
ချမ်းမြေ့အောင်ပြုနိုင်စွမ်းရှိတဲ့တစ်ခုတည်းသောတရား
ကတော့သီလသာလျှင်ဖြစ်ပါ။သီလသည်အချက်အခြာ
ကျတဲ့တရားလို့ပြောလို့ရပါတယ်။ဒါနပြုတယ်ဆိုရင်လဲ
သီလရှိမှအကျိုးပေးသန်ပါတယ်။ဝိပဿနာအလုပ်လုပ်
မယ်ဆိုပြန်တော့လဲသီလကအဓိကကြပြန်ရော။သီလ











အရှင် ဇိနပုတ္တ

မရှိပဲဝိပဿနာလုပ်ရင်ဘာမှအရာထင်မှာမဟုက်ပါဘူး။
ဘာလို့လဲဆိုတော့သီလဝိသုဒ္ဓိကပထမဆုံးလှေကား
အဆင့်ဖြစ်နေလို့ပါ။သီလဝိသုဒ္ဓိနဲ့ပြည့်စုံသွားမှစိတ္တဝိသုဒ္ဓိ
ဖြစ်ပါတယ်။အဲဒိလို့အဆင့်ဆင့်ဖြစ်ပြီးနောက်ဆုံးမှာမဂ်
ဉာဏ်ဖိုလ်ဉာဏ်အဆင့်ကိုရောက်ရတာပါ။ဒါကြောင့်
သီလသည်အဓိကအချက်ခြာလို့ပြောကြတာဖြစ်ပါတယ်။
သီလဆိုတာလဲအကုန်စောင့်ထိန်းနိုင်မှသီလဖြစ်တာ
မဟုက်ရပါဘူး။ကိုယ်ကတစ်ပါပဲနိုင်ရင်တစ်ပါပဲစောင့်
လိုက်ပါ။တစ်နာရီပဲသီလစောင့်ထိန်းနိုင်ရင်တစ်နာရီပဲ
စောင့်လိုက်ပါ။ကိုယ်နိုင်သလောက်ပေါ့။


💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝



လက်တွေ့ဘဝ မှာ မေတ္တာနှင့် နေနည်း'
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
မေတ္တာ နဲ့ နေတယ် ဆိုတာ အရမ်း ခက်ခဲလွန်း တဲ့ အလုပ်ကြီး
တော့ မဟုက် ပါဘူး ။ ဒါပင် မဲ့ အမြဲ နေဖို့ ကြပြန် တော့လဲ မလွယ် ပြန်ဘူး ။
တတ်နိုင် သလောက် ကျိုးစား ယူရမှာ ပေါ့ ။ မေတ္တာ စိတ် နဲ့ နေ နည်း ကို
ဦးဇင်း လွယ် လွယ် ပြော ပြပါ မယ် ။ ကိုယ် နဲ့ နေ့စဉ် တွေ့ ကြုံ ဆက် ဆံနေရ တဲ့
အသိုင်း ဝိုင်း တွေ လူတိုင်း ရှိကြ ပါတယ် ။ သူတို့ နဲ့ ဆက်ဆံ တဲ့ အခါ သူတို့ နဲ့
ဘယ်လို ပြေပြေ လည်လည် ဖြစ်အောင် ဆက်ဆံရ မလဲ လို့ အရင်တွေး ပါ ။











အရှင် ဇိနပုတ္တ

နောက်ပြီ သူတို့ စိတ် ချမ်းသာ ပျော်ရွှင် အောင်ငါ တစ်ခုခု ဖန်တီး ပေး မယ် ။
သူတို့ လေးတွေ အဆင် ပြေကြ ပါစေ စိတ် ချမ်းသာကြ ပါစေ အဲဒီ လို
စိတ်လေး မိမိ သန္တာန် မှာ ကိန်အောင် လုပ်ယူ ပါ။ ဒါ ဆို မိမိ နိုင် သလောက်
မေတ္တာ နဲ့ နေထိုင် ခြင်း ပါပဲ ။ အဲဒီ လို အရင်ဆုံး မိမိ ပတ်ဝန်း ကျင်ကို
မေတ္တာ ထား နိုင် အောင် ကျင့်မယ် ။ နောက် ပိုင်း မိမိ နဲ့ တွေ့ တဲ့ သူတိုင်း ကို
မေတ္တာ ထား နိုင်အောင် ကျင့်မယ် ။ နောက် ဆုံး မှာ သတ္တ၀ါ
အားလုံး ကို မေတ္တာ ထား နိုင်အောင် ကျင့် ရ ပါ မယ် ။ ခု ပြော သလို
လက်တွေ့ ကျင့်ကြံ နေထိုင် တာကို မေတ္တာ နဲ့ နေတယ်လို့ ပြော ကြတာ ဖြစ်ပါ ။


🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂



လိုချင်တိုင်း လောဘ ဖြစ်သလား ?'
💛💛💛💛💛💛💛💛💛💛💛💛💛💛
လောဘဆိုရာ အရာဝတ္ထုတစ် ခု အပေါ် အလွန်အမင်း လိုချင်တာမျိုး ကို
ခေါ်ပါတယ် ။ ဒါပင်မဲ့ လိုချင် မူ့တိုင်း ကိုတော့ လောဘ လို မှတ်လို့ မရပါ ဘူး ။
ဥပမာ ဆိုကြပါ တော့ ။ အလုပ် သမား တစ်ယောက် က လကုန်ရင် သူ့လုပ်
အားခ လေးကို သူလို ချင်ပါ တယ် ။ အဲဒိ လို သူရသင့် ရထိုက် တာမျိုး ကို
လိုချင်တာ ကို လောဘ လို့ မခေါ်ရ ပါဘူး ။ တစ်ချို့ ကြတော့ ကောင်းမူ့











အရှင် ဇိနပုတ္တ

ကုသိုလ် လိုခြင် ကြ ပြန်ရော ။ အဲဒီ လို ကုသိုလ် လို ချင်တာ မျိုးကို လဲ
လောဘ လို့ မခေါ်ရပါ ဘူး ။ ရသင့် ရထိုက် တာ ကို လိုချင်တာ
, သမ္မာ အာဇီဝ ကျကျ လိုချင်တာ , ကောင်းမူ့ ကုသိုလ် လိုချင်တာ အဲဒါ
မျိုးဆိုရင် ဆန္ဒလို့ ပဲ ခေါ်ရပါ တယ် ။ မကောင်းတဲ့ အကုသိုလ် လောဘ
မဟုတ် ပါ ဘူး ။ လောဘ ဆိုတာ သမာ အာဇီဝ မဟုက်ဘဲ မတရားသော
နည်း နဲ့ လိုချင် မူ အကုသိုလ် စိတ် နဲ့ ယှဉ်တဲ့ လို ချင်မူ့ မျိုးကို သာ လောဘ
လို့ ခေါ်ဆိုရပါတယ် ။


🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃



ဒေါသ မထွက် အောင် ဘယ်လို ကျင့်ယူမလဲ ?'
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
ဒေါသ ထွက် တယ် ဆို တာ မနှစ် သက်ဖွယ် အာရုံ တစ်ခု နဲ့ တွေ့ ရလို့
ဒေါသဖြစ် ရတာပါ ။ မနစ်သက် ဖွယ် အဆင်းကို မြင်ရင် ၊ မနစ်သက်
ဖွယ် အသံ ကို ကြား ရင်း စတာ တွေ ကြောင့် ဒေါသ ထွက် တတ်ပါ တယ် ။
အဲဒါ ကြောင့် မနစ်သက် ဖွယ် အဆင်း အသံ အနံ စတဲ့ အာရုံ တစ်ခုခု က











အရှင် ဇိနပုတ္တ

မိမိ ရဲ့ မျက်စိ နား နှာခေါင်း စတဲ့ ဒွါရ တစ်ခုခု ကို ရောက် လာရင် ဒေါသစိတ်
လေးဖြစ် ပေါ် လာပါတယ် ။ ဒါကြောင့် ဒေါသ ထွက် တော့ မယ် ဆိုရင်
အော် ဒီအာရုံက မနစ်သက် ဖွယ် အာရုံပါ့လား ။ ခု ငါ့ရဲ့ မျက်စိ နား စတဲ့
ဒွါရကို ရောက်လာပြီး ။ အာရုံနဲ့ ဒွါရ ထိတော့ ဒေါသစိတ် ဖြစ်တော့မယ် ။
အာရုံက အာရုံ ဒွါရ က ဒွါရ သူ့ ဟာ သာ ထိ တာ ဒေါသ ဖြစ်စရာ လား ?
အဲဒီလို ခွဲခြား ပြီး နှလုံးသွင်း လိုက်ပါ ။ ဒါဆို တော်ရုံ ဒေါသစိတ် က ပညာ နဲ့
တွေ့ ရင် ပျောက် သွားပါ လိမ့်မယ် ။ ခုနည်း အတိုင်း လက်တွေ့ ကျင့်သုံး
ကြည့်ရင် ဒေါသ အကြမ်းစား တွေကို မထိန်း နိုင်ပင်မဲ့ အနူစား ဒေါသ
အချို့ ကို ထိန်း နိုင်လာ တာတွေ့ ရမှာပါ ။


🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱



ဒေါသ ကို နိုင်သလောက်လျော့ ကြပါ'
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
ဒေါသဆို တာ အသွား နှစ်ဖက် ရှိ တဲ့ ဓား တစ်ချောင်း လို ပါ ပဲ ။
သူတစ်ပါ ကို လဲ ဒုက္ခပေးတယ် ကိုယ့် ကို လဲ ဒုက္ခပေးတယ် ။











အရှင် ဇိနပုတ္တ

ဘယ် သူ အတွက်မှ အကျိုး မရှိပါ ဘူး ။ အဲ ဒိ အတွက် ကြောင့် မြတ်ဗုဒ္ဓ က
ဒုဋ္ဌော ; ဒေါသော လို့ နှစ်ခွဲ ဟော ခဲ့တယ် ။
ဆို လို တာ က တော့ သူများကိုလဲ ဖျက်စီး တတ် မိ
မိ ကိုယ် လဲ ဖျက်စီး တတ်တယ် တဲ့။ အဲ ဒီ လို မကောင်း တဲ့
ဒေါသ ကို တတ်နိုင် သလောက် ထိန်းသိမ်း ကြ ရ မယ်။


💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗



ကိုယ်ကမှန်နေပင်မဲ့ပြောသင့်မှပြောကြပါ'
☀☀☀☀☀☀☀☀☀☀☀☀☀☀☀☀☀☀☀☀
ကိုယ်စကား မှန်နေရင် တစ်ချို့က အခြေ အနေ နဲ့ အချိန်ခါကို
ထည့်မတွက် တော့ဘူး ။ စွတ်ပြော တော့တာပဲ ။ အဲဒီလို
မလုပ်ရပါဘူး ။ စကား က အကျိုး ရှိတယ် ကိုယ့်က မှန်နေ တယ်












အရှင် ဇိနပုတ္တ

ဆိုရင်တောင် မှ အခြေနေ အချိန်ခါကို စဉ်းစားပြီး ပြောသင့်မှ
ပြောရပါမယ် ။
ဋီကာမှာ တော့ " နိဓာနဝတီ ဝါစာပိ ကာလယုတ္တာဝ အတ္ထဝဟာ ဟောတိ
" လို့ဆိုထား ပါတယ် ။ အဓိပ္ပါယ် ကတော့ နှစ်သက် ဖွယ်ကောင်း တဲ့
စကားတောင် မှ သင့်တော်တဲ့ အချိန်မှာ ပြောမှ အကျိုးရှိတာ တဲ့ ။
ဒါကြောင့် အချိန်အခါ ကို ကြည့်ပြီး ပြောသင့် ပြောထိုက် မှ ပြောကြပါ ။
မပြော သင့် ဘူး ပြောရင် အကျိုး မရှိနိုင် ဘူး လို ယူဆရင် မှန်နေတဲ့
စကား ဖြစ်ပါစေ လုံးဝ မပြောပါနဲ့ ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹



တရားစာတွေဖတ်ခွင့် နာခွင့်ရတာ ရှေ့ကုသိုလ်ရှိနေလို့ပါ'
💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝
တရားစကားဆိုတာသူတော်ကောင်းဓာတ်ခံရှိသူတို့၏
နားမှာသာတင့်တယ်ပါတယ်။သူတော်ကောင်းတွေသာ
နှစ်ကြိုက်ကြပြီးသူယုက်မာတို့အတွက်တော့နားခါးစရာ
သာဖြစ်ပါတယ်။တရားစကားကြားနာခွင့်၊ဖတ်ရှု့ခွင့်ရ
တယ်ဆိုတာကတော့မိမိမှာကုသိုလ်ကောင်းမူ့ရှိနေလို့











အရှင် ဇိနပုတ္တ

ပါ။ရှေ့ကုသိုလ်မရှိရင်တရားစာတွေဖတ်ခွင့်ရမှာတောင်
မဟုက်ပါဘူး။ဖတ်ခွင့်ရပြန်တော့လဲတစ်ချို့ကနည်းနည်း
လေးဖတ်ပြီးကျော်လိုက်ကြပြန်တယ်။တစ်ချို့ကတရား
စာပေးတွေရေးတဲ့သူတွေကိုတောင်အပြစ်မြင်တတ်ကြ
သေးတယ်။ဒါတွေဟာတကယ်တော့နှလုံးသွင်းမမှန်
လို့ကုသိုလ်နဲ့ကြုံပါလျက်အကုသိုလ်ဖြစ်သွားရတာလို့
ပြောလို့ရပါတယ်။တစ်ချို့မိစ္ဆာဒိဋ္ဌိကြီးတွေဆိုရင်ဘုရား
ရှင်ကိုဖူးခွင့်ရကြပါတယ်။သူတို့မှာကုသိုလ်ကောင်းမူ့
ရှိနေလို့ဘုရားဖူးခွင့်ရပါလျှက်နှလုံးသွင်းမမှန်တော့
အကုသိုလ်တွေဖြစ်ပြီးအပါယ်ရောက်ကုန်ကြပါတယ်
ဒါကြောင့်အရာရာကိုနှလုံးသွင်းမှန်ဖို့အရေးကြီးလှပါတယ်။


🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾



ကုသိုလ်တစ်ပဲနဲ့ ငရဲတစ်ပိဿာကျေနိုင်တယ်ဆိုတာ'
💋💋💋💋💋💋💋💋💋💋💋💋💋💋💋💋💋💋💋💋
ကုသိုလ်က ၃ မျိုးရှိပါတယ်။ ဒါနကုသိုလ်၊ သီလကုသိုလ်
ဘာဝနာကုသိုလ်ပေါ့။ အဲဒီကုသိုလ်တွေထဲမှာ နိဗ္ဗာန်ကိုတန်း
ပို့ပေးနိုင်တဲ့ ကုသိုလ်ကတော့ ဘာဝနာကုသိုလ်ပါ။
ဒါနရှိရင်နတ်ရွာရောက်မယ်။ ဖြစ်လေရာ ဘဝတိုင်းချမ်းသာ
ပြည့်စုံမယ်။ သီလရှိရင် ဗြဟ္မာဖြစ်မယ်။ ဖြစ်လေရာဘဝတိုင်း
အဆင်း ဥစ္စာနဲ့ ပြည့်စုံမယ်။ အဲ ဒါပင်မဲ့ သူတို့နှစ်ဦးကနိဗ္ဗာန်
ကိုတော့ အထောက်ပံ့ပဲပေးနိုင်ပါတယ် ။











အရှင် ဇိနပုတ္တ

နိဗ္ဗာန်ကို ပို့ပေးနိုင်တာကတော့ ဝိပ္ပဿနာဘာဝနာကုသိုလ်
ဖြစ်ပါတယ်။ ဝိပ္ပဿနာပွားများသူ အတွက် မဂ်ဉာဏ် ဖိုလ်
ဉာဏ်တွေ ဖြစ်သွားရင် နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ရပါပြီ။
အပါယ် တံခါးကြီး လုံးဝ လုံးဝ ပိတ်သွားပါပြီ။ မဂ်ဉာဏ်ဖြစ်
တဲ့အချိန်လေးက တစ်စက္ကန့် ၏ အပုံတစ်တစ်သိန်းပုံရင်တစ်
ပုံစာလောက်တောင်မကြာပင်မဲ့ အဲဒီမဂ်ဉာဏ်လေးဖြစ်သွား
တာနဲ့ မိမိတစ်သံသရာလုံးပြုလာခဲ့တဲ့ အကုသိုလ်တွေ
အကုန်ကြေကုန်ပါတယ်။
ဒါကြောင့် မိမိတို့စွမ်းနိုင်သမျှ ၅မိနစ် ၁၀ မိနစ် ဖြစ်ဖြစ်
ဝိပ္ပဿနာများပွားများကြပါ။


☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔



"မသာတစ်ခေါက်၊ကျောင်းဆယ်ခေါက်"ဆိုတာဘာလဲ?'
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
မသာတစ်ခေါက်၊ကျောင်းဆယ်ခေါက်ဆိုတာကတော့
ဘုန်းကြီးကျောင်းကို ဆယ်ခေါက်သွားတာထက်စာရင်
မသာတစ်ခေါက်လိုက်ပို့တာကပိုမြတ်တယ်၊ ပိုကုသိုလ်
ရတယ်လို့ဆိုလိုတာပါ။
မေးစရာရှိတာက အသုဘလိုက်ပို့တိုင်းအာ့လို့ကုသိုလ်
ရပါသလားဆိုတာပါပဲ။မရပါဘူး။ အသုဘလိုက်ပို့တဲ့ အခါ
မှာ မူးမူးရူးရူးတွေ၊အသုဘကိုကြည့်ပြီးကမ္မဋ္ဌာန်းမရှု့သူတွေ
သံဝေဂဉာဏ်မဖြစ်တဲ့သူတွေကဘာမှမရပါဘူး၊ခြေညောင်း
တာပဲအဖတ်တင်ပါတယ် ။











အရှင် ဇိနပုတ္တ

ဘုန်းကြီးကျောင်းသွားရင်ဘုရားကိုဖူးရမ
ယ်။ရဟန်းတော် တွေကိုဖူးမြင်
ရမယ်။ဒါသာမာန်သွားခြင်းပေါ့။
ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိစတာတွေ ဖြစ်ပါလိမ့်မယ် ။
ဒါန ကုသိုလ်လဲ ဖြစ်မှာပေါ့ အဲဒီအနုဿတိတွေက
ဥပစာရဘာဝနာအထိ ပဲဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့်
ဥပစာရသမာဓိ အကျိုး လောက်ပဲရနိုင်တယ်ပေါ့။
အသုဘကမ္မဋ္ဌာန်း ရှု့သူကတော့ ပဌမဈာန်အထိရနိုင်ပါတယ်။
ဒါကြောင့် အသုဘကမ္မဋ္ဌာန်း ရှု့ရင်ပိုအကျိုးများတဲ့
အတွက်" မသာတစ်ခေါက် ကျောင်း ဆယ်ခေါက်" လို့တင်စားပြောခြင်းသာဖြစ်ပါတယ်။
ဒါပင်မဲ့ဘုန်းကြီးကျောင်းရောက်ရင်လဲကုသိုလ်ယူတတ်
မှရတာဖြစ်သလို အသုဘလိုက်ပို့ရင်ယူတတ်မှကုသိုလ်ရ
ပါတယ်။ဒါကြောင့်ဘယ်ပဲရောက်ရောက်ကုသိုလ်ယူတတ်
ဖို့ကသာအဓိကကျပါတယ် ။


🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈



လှူဒါန်းရာတွင် စေတနာသာအဓိကပါ'
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
အလှူပြုတဲ့အခါမှာအနည်းအများကအရေးမကြီးပါ
ဘူးစေတနာပါ၊မပါသာအရေကြီးတာပါ။အလှူပစ္စည်း
တွေကြောင့်ကုသိုလ်အများကြီးပိုရတာမဟုက်ပါဘူး။
ထက်သန်သောစေတနာကြောင့်ကုသိုလ်ပိုရတာပါ။
အလှူပစ္စည်းတွေကအဲဒါစေတနာဖြစ်ပေါ်လာအောင်
စွမ်းဆောင်ပေးတဲ့အရာမျှသာဖြစ်ပါတယ်။အဲဒါလှူဖွယ်











အရှင် ဇိနပုတ္တ

တွေကြောင့်ထက်သန်တဲ့စေတနာဖြစ်ပေါ်လာတယ်။
အဲဒီစေတနာတွေကပဲအကျိုးပေးတာပါ။လှူဖွယ်နည်း
နေပင်မဲ့အဲဒီနည်းနည်းလေးကထက်သန်တဲ့စေတနာ
ကိုဖြစ်စေရင်ကုသိုလ်များစွာဖြစ်ပါတယ်။လှူဖွယ်တွေ
ကများပါရဲ့ ထက်သန်တဲ့စေတနာဖြစ်လာအောင်အဲဒီ
လှူဖွယ်ပစ္စည်းတွေကိုမိမိစိတ်ကိုမလှုံ့ဆော်ပေးနိုင်ရင်
အကျိုးနည်းနည်းပဲရပါတယ်။
ဒါကြောင့်လှူဖွယ်ကိုနည်းသည်များသည်အဓိက
မထားဘဲနဲ့စေတနာထက်ထက်သန်သန်သာလုပ်ကြေ
ပါလို့တိုက်တွန်းလိုပါတယ်။


🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
မူရင်းရေးသားသူ 🍂🍂🍂🍂🍂🍂🍂🍂 အရှင် ဓမ္မ အရိပ် 🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂


🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂 မြတ်ဗုဒ္ဓ ၏ သာသနာ 🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂



🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂  အရှင် ဇိနပုတ္တ  🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂












🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺 မြတ်ဗုဒ္ဓ ၏ သာသနာ 🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
------------------------------------- mrsoethullm@gmail.com ------------------------------
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹











" မြတ်ဗုဒ္ဓ ၏ သာသနာ " Page " မှ ဓမ္မစာပေ ရေးသားသူများအဖွဲ့

No comments:

Post a Comment