စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 23, 2016

မိမိပြုတဲ့ကုသိုလ်တိုင်းအမြတ်စားဖြစ်လိုသလား

မိမိပြုတဲ့ကုသိုလ်တိုင်း အမြတ်စားဖြစ်လိုပါသလား?'

ကုသိုလ်မှာသုံးမျိုးသုံးစားရှိပါတယ်။အမြတ်စားကုသိုလ်
အလတ်စားကုသိုလ်၊အညံ့စားကုသိုလ်ပေါ့။

ဥပမာ အလှူဒါနတစ်ခုဆိုပါစို့။အလှူမပြုခင်ကသန့်သန့်
ရှင်းရှင်း ရှာဖွေထားတယ်။ သမာအာဇီဝကျကျပေါ့။အဲဒိ
ငွေနဲ့အလှူလုပ်တယ်။လုပ်ပြီးတဲ့အခါမှာလဲမိမိအလှူကို
ဝမ်းသာပီတိဖြစ်နေတယ်။ ဒါဆို အဲဒိကုသိုလ်ကို တော့
အမြတ်စားလို့မှတ်သားရပါတယ်။

ကုသိုလ်ပြုခင်ကငွေးကြေးကတော့မသန့်ရှင်းဘူး။ဒါပင်
မဲ့လှူဒါန်းပြီတော့ဝမ်းသာမူ့ရှိတယ်။မိမိအလှူ၏ကိုပီတိ
ဖြစ်တယ်ဒါဆိုအလတ်စားကုသိုလ်ပါ။တစ်ချို့်ကြတော့
အလှူပြုဖို့ငွေကြေးကတော့သန့်ရှင်းတယ်။လှူပြီးတော့
မိမိအလှူအပေါ်မကြေနပ်ဘူး။ အကုသိုလ်တွေပွားနေ
တယ်ဒါဆိုရင်လဲအလတ်စားကုသိုလ်လို့မှတ်ရပါမယ်။

တစ်ချို့်ကြတော့ငွေကြေးကလဲမသန့်ရှင်းဘူး။လှူပြီး
တော့လဲကုသိုလ်မဖြစ်ဘဲအကုသိုလ်တွေပဲဆက်ဖြစ်
နေတယ်။ ဒိလိုကုသိုလ်မျိုးကိုတော့အယုတ်ညံ့ဆုံး
ကုသိုလ်လို့မှတ်သားရပါမယ်။ အလှူငွေမသန့်ရှင်း
တာကိုဥပမာအနေနဲ့ပြတာပါ။အမှန်ကတော့အလှူ
မပြုခင်အကုသိုလ်တစ်ခုခုပြုရင်လဲအတူတူပါပဲ။

ကုသိုလ်အယုက်၊အလတ်၊အမြတ်ပေါ်မူတည်ပြီးအကျိုး
ပေးလဲကွာသွားပါတယ်။ ဒါကြောင့်အမြတ်စားကုသိုလ်
ဖြစ်အောင်အားထုက်ကြပါသူတော်ကောင်းတို့။.........

မူရင်းရေးသားသူ။ ။ အရှင် ဓမ္မ အရိပ်
https://web.facebook.com/AshinDhammaShadow?fref=t

No comments:

Post a Comment