စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, September 15, 2016

နေ့တိုင်းတွေးသင့်တဲ့အတွေး..

'' မနက်တိုင်း တွေးသင့်တဲ့ အတွေးတွေ''
🍃🍁🍃🍁🍃🍁🍃🍁🍃🍁🍃🍁

ဒီနေ့ အကောင်းဆုံးစိတ်ထားနဲ့ လုပ်သင့်တာတွေကို လုပ်မယ်။ ငါ့အတွက် အကျိုးရှိတာ အများအတွက်လည်း အကျိုးရှိတာတွေကို လုပ်မယ်။ ငါဟာ စိတ်ကောင်းရှိတဲ့သူဖြစ်တယ်။ ဥာဏ်ရှိတဲ့သူ ဖြစ်တယ်။ သဘာဝကျကျ တွေးတတ်တဲ့သူ ဖြစ်တယ်။ မျှတတဲ့ သဘောထား ရှိတဲ့သူဖြစ်တယ်။ အများအကျိုး ဆောင်ရွက်ချင်တဲ့သူ ဖြစ်တယ်။

ငါဟာ ညီညွတ်မှုကို မြတ်နိုးတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ် ပြောဆိုဆက်ဆံရတာကို နှစ်သက်တယ်။ ငါဟာ ကျန်းမာရေး ကောင်းတဲ့သူဖြစ်တယ်။ ကျန်းမာရေးကောင်းအောင်  အစားအသောက် အနေအထိုင်ကို ဆင်ခြင်တဲ့သူဖြစ်တယ်။ ငါ့ဘဝမှာ အစစအရာရာ အဆင်ပြေဖို့ဟာ ငါ့ကျန်းမာရေး ကောင်းမှဖြစ်မယ်။ ကောင်းတာတွေ များများလုပ်မယ်။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

Credit to original writer.

No comments:

Post a Comment