စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 23, 2016

အတွေ့အကြုံကောင်း


                 *** အတွေ့အကြုံ   ကောင်း ***

- အခက်အခဲ တွေ  
- ဒုက္ခ တွေ
- ဆုံးရှုံးမှု တွေ    ဟာ
               လူ့ဘဝ ကို
မှန်ဘီလူးနဲ့ ကြည့်ရသလို အခွင့်အရေးမျိုးကို ပေးတယ် ။

* ဘဝနဲ့ ပတ်သက်တဲ့ အမှန်တရား တွေဟာ ဘာတွေလည်း -
* ပျော်ရွှင်မှု ဆိုတာ ဘာလည်း -
* ဘယ်ဟာ ကျေနပ်စရာ အကောင်းဆုံးလည်း - * ဘဝမှာ တန်ဖိုးအရှိဆုံး အရာတွေဟာ ဘာတွေလည်း -
               ဆိုတာ သိလာတယ်။

           ဒုက္ခ ရောက်တဲ့အခါ ကျမှ
* မိတ်ဆွေကောင်းဟာ ဘယ်သူလည်း ဆိုတာလည်း
သိလာတယ် ။
* ကိုယ် အင်မတန် အားကိုးခဲ့တဲ့ အရာတွေဟာ
တကယ် အားကိုးစရာ ကောင်းရဲ့လား ဆိုတာလည်း
သိလာတယ် ။
* အားကိုးစရာ အစစ်ဟာ ဘာလည်း -
  ဘယ်သူ့ကို အားကိုးရ မလည်း -
  ကိုယ့်ကိုယ် ကို ကိုယ် အားကိုးနိုင်ဖို့ အရေးကြီးတယ်
ဆိုတာလည်း -
သဘောပေါက်လာတယ် ။

           ဒါကြောင့်
- ဒုက္ခ တွေ
- အခက်အခဲ တွေဟာ
  တန်ဖိုးရှိတဲ့ အတွေ့အကြုံ ဖြစ်ပါတယ် ။

        ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

https://m.facebook.com/groups/1730478527185975?view=permalink&id=1852739434959883

No comments:

Post a Comment