ဤအရာကားတားဆီး၍မရပါ
~•~•~•~•~•~•~•~•~•~•
လူသားမှန်သမျှ တစ်နေ့နေ့တွင် သေ ကြရမည်မှာ မြေကြီးလက်ခတ်မလွဲပင် သေချာလှ ပေ၏။ မည်သို့မျှ တားဆီး၍ မရနိုင်ပေ။ ဤသေခြင်းတရား သည် လေးမျိုးရှိပေသည် -
၁။ သက်တမ်းကုန်၍သေရခြင်း
~•~•~•~•~•~•~•~•~•~•~•~•
လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ ပါယ်လေးဘုံ အစရှိသော ဘုံတို့တွင် သတ်မှတ်ထားသော သက်တမ်း ကာလရှိကြ၏။ ကျွန်ုပ်တို့၏ ရှင်တော် ဗုဒ္ဓမြတ်ဘုရားသည် အသက် (၁၀၀)တမ်း၌ ပွင့်တော်မူခဲ့၏။ "လောကပညတ္တိ" ကျမ်းဂန်၌ လူတို့၏ သက်တမ်းသည် အနှစ်တစ်ရာလျှင် တစ်နှစ် လျော့သည်ဟု မိန့်ဆိုထားရာ ယနေ့ လူသားတို့၏သက်တမ်းသည် (၇၅)နှစ်တမ်းသာ ရှိကြတော့သည်။ ဤ ကဲ့သို့ သတ်မှတ်ထားသည့် သက်တမ်း အတိုင်း သက်တမ်းစေ့နေ၍ သေရခြင်း ကို သက်တမ်းကုန်၍ သေရခြင်းဟု ခေါ်၏။
၂။ ကံကုန်၍သေရခြင်း
~•~•~•~•~•~•~•~•~•
လက်ရှိဘဝတွင် အသက်ရှည်ရှည်နေရ၊ မနေရ ဟူရာ၌ အတိတ်ကံသည်လည်း အရေးပါလှပေ ၏။ ဘဝမပြတ်အောင် မူလ စီမံပေးလိုက်သည့် အတိတ်ကံနှင့် ကူညီပေးနေကြသည့် ကံစွမ်းအင် သတ္တိများ ကုန်လျှင် သက်တမ်းမကုန်သေး သော်လည်း ဧကန်ပင် သေကြရတော့ ၏။ ဥပမာ = (၇၅)နှစ်သက်တမ်းရှိသော်လည်း နေရမည့်ကံ က (၃၀)သာရှိလျှင် အသက်သုံးဆယ်၌ သေရ မည် ဖြစ်ပေသည်။ ဤသည်ကို ကံကုန်၍ သေခြင်း ဟုခေါ်၏။
၃။ သက်တမ်းနှင့်ကံကုန်၍သေရခြင်း
~•~•~•~•~•~•~•~•~•~•~•~•~•~•
သက်တမ်းလည်းကုန် ကံလည်းကုန်၍ သေဆုံး ခြင်း ဆိုသည်မှာ (၇၅)နှစ် သက်တမ်းတွင် ကံက လည်း (၇၅)နှစ် နေရမည့် စွမ်းအင်သတ္တိ ပါရှိ လာသည့် အတွက် သေရခြင်းမျိုးဖြစ်၏။
၎။ ဥပစ္ဆေဒကကံကြောင့်သေရခြင်း
~•~•~•~•~•~•~•~•~•~•~•~•~•
တချို့သောသူများသည် သက်တမ်းလည်းရှိ၊ ကံလည်းရှိ ကြသော်လည်း ရှေးကပြုခဲ့သော အကုသိုလ် ကံကြောင့် လည်းကောင်း၊ လက်ရှိ ဘဝတွင် မကောင်းမှုကံ ကြီးမားမှုကြောင့်လည်း ကောင်း ကားတိုက်၍သေခြင်း၊ ရေနစ်၍သေခြင်း၊ မီးလောင်ခံရ၍သေခြင်း၊ သူတစ်ပါးသတ်၍ သေခြင်း၊ မိမိကိုယ် မိမိ သတ်၍သေခြင်း စသည် တို့ဖြင့် သေရခြင်းမျိုးကို ဥပစ္ဆေဒကကံကြောင့် သေရခြင်းဟုခေါ်၏။ ဥပမာ -
(က) ရှင်မဟာမောဂ္ဂလာန်သည် ခိုးသား ငါးရာတို့၏ အရိုက်ခံရ၍ ပရိနိဗ္ဗာန် စံတော်မူခဲ့ရ၏။
(ခ) သာမာဝတီနှင့် နန်းတွင်းသူငါးရာ တို့သည် မာဂဏ္ဍီ၏ မီးရှို့သတ်ခြင်းကို ခံခဲ့ကြရ၏။
(ဂ) ဒေဝဒတ်သည် ဘုရားရှင်ကို စော်ကားသည့် အတွက် မြေမျိုခံခဲ့ရ၏။
(ဃ) နန္ဒဘီလူးသည် ရှင်သာရိပုတ္တာ၏ ဦးခေါင်း ကို တင်းပုတ်ဖြင့် ရိုက်နှက်ခဲ့သည့်အတွက် မြေမျိုခံခဲ့ရ၏။
(င) နန္ဒလုလင်သည် ဥပ္ပလဝဏ်ထေရီမကြီးကို စော်ကားခဲ့သည့်အတွက် မြေမျို ခံခဲ့ရ၏။
ယနေ့ခေတ်ကာလတွင်လည်း ဥပစ္ဆေဒကကံဖြင့် သေးဆုံးကြသူတွေ များစွာပင် တွေ့ရှိရပေသည်။ အရင်းစစ် လျှင် လူတို့ သေဆုံးခြင်းသည် ဤလေးမျိုး သာရှိပေ၏။ ဤအရာကား တားဆီး ၍ မရနိုင်သောအရာပေတည်း။
=================================
နာရေးလက်ကမ်းစာအုပ်ငယ်မှ -
No comments:
Post a Comment