စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, October 27, 2021
ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေပုံ
ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေပုံ
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကုသိုလ်ကနေ အကုသိုလ်ကို 
ဘယ်လိုလုပ် ဖြစ်စေတာတုန်း။
တချို့က 
ကုသိုလ်လုပ်တယ်ဆို 
ကုသိုလ်ပဲ ရတယ်လို့ ထင်တယ်။
ဒီနေရာမှာ ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ်ဖြစ်တာ ရှိတယ်။
ဘယ်လိုဖြစ်တုန်းဆိုရင် ဆိုပါစို့။
"သဒ်ဓါ ”
••••••••••
လူတစ်ယောက်မှာ လှူချင်တန်းချင်တဲ့
သဒ္ဓါတရားတွေ ဖြစ်လာတယ်။ 
အဲ့ဒီ သဒ္ဓါတရားဟာ ကုသိုလ်ပဲနော်။
သို့သော် " ငါ့သဒ္ဓါတရားဟာ 
ကောင်းလိုက်တာ"လို့ သဒ္ဓါတရားကို တွယ်တာတဲ့
လောဘစိတ်နဲ့ ကြည့်တဲ့အခါ အဲ့ဒီကြည့်တဲ့ လောဘစိတ်ကျတော့အကုသိုလ်ပဲ။
ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာလို့
ပြောတာ။ အဲ့ဒီတော့ ကုသိုလ်ကနေ အကုသိုလ်
ပြောင်းသွားနိုင်တာကို သတိထားဖို့နော်။
ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ်ဖြစ်တယ်။
"သီလ" 
•••••••••••••
ကိုယ့်ရဲ့သီလစင်ကြယ်တာကို အကြောင်းပြုပြီးတော့ငါ့သီလက စင်ကြယ်တယ်ဆိုပြီး သီလကိုအကြောင်းပြုပြီး မာနဖြစ်ရင် သီလက "ကုသိုလ်" 
မာနက အကုသိုလ်"
ဒါ "ဥပနိဿယပစ္စည်း"လို့ခေါ်တယ်။ 
သဒ္ဓါကို တွယ်တာမှုဖြစ်တယ်ရာဂဖြစ်တယ်။ 
တစ်ခါ ကိုယ့်သဒ္ဓါတရားကိုကြည့်ပြီးတော့ များများစားစား လှူလိုက်မိပြီး နောက်ကျတော့...
"ငါ့ သဒ္ဓါတရားကလည်းနော် ငါလှူလိုက်တာ မှားလိုက်တာ" ဆိုပြီး၊ သဒ္ဓါတရားကို ရှုတ်ချတဲ့
ဒေါသက မပေါ်နိုင်ဘူးလား။
သဒ္ဓါကိုအကြောင်းပြုပြီး 
ဒေါသလည်း ဖြစ်နိုင်တာပဲ။
ထို့အတူပဲ ကိုယ့်သီလ ကိုယ်ကြည့်ပြီးတော့
ကျေနပ်နေတယ်။ နှစ်သက်နေတယ်။
ကျေနပ်တယ်ဆိုတာ တဏှာလောဘနဲ့
ကျေနပ်တာကို ပြောတာ။ 
ကုသိုလ်စိတ်နဲ့ ကျေနပ်တာကို ပြောတာ 
မဟုတ်ဘူးနော်။
တဏှာစိတ်နဲ့ ကိုယ့်သီလကိုကိုယ်တွယ်တာပြီး ကျေနပ်နေပြီ။ သာယာနေပြီ၊ လောဘတွေဖြစ်နေတယ်ဆိုရင် ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေတယ်လို့ ဒီလိုပြောတာ။ 
"စာဂ"
••••••••••
ကိုယ့်ရဲ့စွန့်ကြဲမှုကို အကြောင်းပြုပြီး ငါလို
ဘယ်သူမှ မလှူနိုင်ဘူး။ငါက လှူနိုင်တယ်ဆိုပြီး …
ကိုယ့်အလှူဒါနပေါ်မှာကျေနပ်မက်မော
တွယ်တာနေမယ်ဆိုလို့ ရှိရင်"စာဂ"ဆိုတဲ့ ကုသိုလ်
အကြောင်းပြုပြီး အကုသိုလ်ဖြစ်ပြန်တာပဲ။
"သုတ" 
••••••••••••••
ကိုယ်က တရားဓမ္မတွေ နာထားတယ်။
မှတ်လည်း မှတ်တယ်။ 
စာတွေလည်း တတ်တယ်။ 
ဗဟုသုတတွေလည်း များလာတယ်။ 
အဲ့ဒီ များလာတဲ့ ဗဟုသုတအပေါ် 
မာန်မာနတွေ တက်လာတယ်။
ကိုယ့်ဗဟုသုတအပေါ် တွယ်တာမှု နှစ်သက်မှု 
ရာဂတွေ ဖြစ်လာတယ်ဆိုလို့ရှိရင်၊ တရားဓမ္မသုတက "ကုသိုလ်" တွယ်တာမှုဖြစ်လာတာတို့ 
မာနတို့က "အကုသိုလ်" 
ဒါကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ။
အဲ့ဒီလို ဖြစ်လာတာ။
တစ်ခါ စျာန်တရား အားထုတ်တယ်။ 
ကိုယ်ရထားတဲ့ စျာန်ကို သဘောကျ 
တွယ်တာနေတယ်။ 
တပ်မက်တွယ်တာနေတယ်ဆိုရင် 
စျာန်က "ကုသိုလ်" တွယ်တာ တပ်မက်တာက
"အကုသိုလ်"  ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာ။
သို့သော် ကိုယ်ရထားတဲ့ မဂ်စိတ် ဖိုလ်စိတ် ကိုတော့ 
ဒီလိုမဖြစ်ဘူး။
လောကုတ္တရာတရားက အလွန်သိမ်မွေ့တာ ဆိုတော့
လောဘနဲ့ အာရုံပြုလို့ မရဘူး။
အဲဒါကျတော့ လက်လှမ်းမမှီဘူးလို့
ပြောတယ်နော်။ ဘယ်လို လက်လှမ်းမမှီတုန်း ဆိုရင် 
ယင်ကောင်ကြီးဟာ မီးကျီးခဲပေါ်မှာ 
မနားဝံ့သလို …
မဂ်စိတ် ဖိုလ်စိတ်ပေါ်မှာလောဘက မတွယ်ဝံ့ဘူး။ 
လောကုတ္တရာစိတ်နား မကပ်နိုင်ဘူး။ 
တဏှာက လောကီစိတ်ကို နှစ်သက်နိုင်တာ။
လောကုတ္တရာစိတ်ကျတော့ သူနဲ့ဘက်မဟုတ်ဘူး။
ကုသိုလ်စိတ်ကို အကြောင်းပြုပြီးတော့
အကုသိုလ်တွေ ဖြစ်ကြသေးတယ်။
ဒါကို အကြောင်းပြုပြီး "ပုရိမာ ပုရိမာ
ကုသလာ ဓမ်မာ ပစ်ဆိမာနံ ပစ်ဆိမာနံ
အကုသလာနံ ဓမ္မာနံ ကေသဉ္စိ
ဥပနိဿယ ပစ္စယေန ပစ္စယော" 
"ကေသဉ္စိ"ဆိုတဲ့စကားက 
"အနန္တရ" တော့ မဖြစ်နိုင်ဘူး။ 
"အာရမ္မဏ"တော့  ဖြစ်နိုင်တယ်။
အာရုံပြုပြီးတော့ လောဘဖြစ်မယ်။
ဒေါသဖြစ်မယ်။ မာန်မာနတွေ ဖြစ်မယ်။
ဣဿတွေ ဖြစ်မယ်။ 
အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မယ်။ 
နောက်က ဖြစ်လာသမျှသည် 
အကုသိုလ်တွေချည်းပဲ 
ဖြစ်လာသည့် အတွက်ကြောင့်
ကုသိုလ်ကို အကြောင်းပြုပြီး 
အကုသိုလ် ဖြစ်တယ်လို့ ဒီလိုပြောတာ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ပဋ္ဌာန်းမြတ်ဒေသနာ၊ တရားတော်မှ
ကောက်နုတ်ချက် ဖြစ်ပါသည်။
Credit:Original uploader
ကံ, ကံ၏အကျိုး
ကံ ကံ၏အကျိုး
🌼🌼🌼🌼🌼
တစ်ခါတုန်းက…
လူမိုက်တစ်ယောက်ဟာ ခရီးတစ်ခုကို ထွက်ခဲ့ပါတယ်။
လမ်းခရီးတစ်လျှောက်လုံးတွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီးဖျက်ဆီးခဲ့တယ်တဲ့။
ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ်ခုနားကိုရောက်တဲ့အခါမှာချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။
ဒီလိုနဲ့ ခရီးဆက်ခဲ့တာ
ရေအိုးစင်တစ်ခုကိုလည်း တွေ့ရော
မောမောနဲ့ ရေသောက်ဖို့လုပ်တယ်။
ဖြစ်ချင်တော့…
ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။
အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီး
ရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။
အဲဒီလိုနဲ့ ခရီးဆက်သွားရင်း
ညောင်ပင်ကြီးတစ်ပင်အောက်ကို
ရောက်သွားပါတယ်။
အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီး
အနားယူနေတဲ့ အချိန်မှာပဲ
ရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။
လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့
ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။
ထိုနည်းတူစွာပဲ…
လူကောင်းတစ်ယောက်ကလည်း
လူမိုက်ထွက်ခဲ့တဲ့ လမ်းခရီးအတိုင်း သွားခဲ့ပါတယ်။လမ်းခရီးတစ်လျှောက်လုံး ပျက်ဆီးသမျှတွေကိုပြုပြင်တယ်။
လူမိုက်ဖျက်ဆီးခဲ့တဲ့ တံတားနားကိုရောက်တဲ့
အခါမှာ…
ဟင်…
တံတားက ပျက်ဆီးနေပါလား။
ငါဒီအတိုင်းထားခဲ့လိုက်ရင်
ခရီးသွားပြည်သူတွေ ဒုက္ခရောက်မယ် ဆိုပြီး
တံတားကိုပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်။
လူကောင်းလည်း ခရီးဆက်ထွက်ခဲ့ရာ
လူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့ရေအိုးအသစ်တစ်လုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ပြန်တယ်။
အဲဒီလိုနဲ့ ခရီးထွက်လာလိုက်တာ
လူမိုက်ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီးအောက်လည်းရောက်ရော မောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့အချိန်မှာပဲသစ်ပင်ပေါ်ကနေ
ညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကိုကျကာပေါင်ကျိုးသွားခဲ့ပါတယ်။
အဲဒီတော့…
လူကောင်းက…ငါဒီလောက် ကောင်းမှုကုသိုလ်တွေလုပ်နေရက်သားနဲ့
ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲ လို့
လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့
အချိန်မှာပဲသိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။
ပထမလာတဲ့ လူမိုက်သည်…
အရင်ဘဝကကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာ
ရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။
ဒါပေမဲ့…
သူသည် အခုလက်ရှိဘဝမှာ 
မကောင်းမှုတွေလုပ်တာများတဲ့အတွက်ကြောင့်
ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။
အသင်ဟာ အရင်ဘဝက…
အကုသ်ိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့အချိန်မှာညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။
ဒါပေမဲ့…
သင်သည် အခုလက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်
ကြောင့် အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်းဖြစ်တယ်အသင်လူသား ဆိုပြီး ရှင်းပြခဲ့ပါတယ်။
ဒါကြောင့် သူတော်ကောင်းတို့လည်း…
ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့
မကောင်းတာတွေပဲဖြစ်နေတယ် လို့
ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။
ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်အခုလက်ရှိဘဝမှာမကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်းမမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။
အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင်
နောင်လာမယ့်အနာဂါတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာအသေအချာပါပဲနော်…
credit 
Thursday, October 21, 2021
သပ္ပုရိသဒါနသုတ်
"သပ္ပုရိသဒါနသုတ်"  
ပဉ္စိမာနိ ဘိက္ခဝေ သပ္ပုရိသဒါနာနိ။
ဘိက္ခဝေ၊ရဟန်းတို့။
သပ္ပုရိသဒါနာနိ၊သူတော်တို့၏ ပေးလှူခြင်း
တို့သည်။
ဣမာနိ ပဉ္စ၊ဤငါးပါးတို့ပါပေတည်း။
ကတမာနိ ပဉ္စ? 
ပဉ္စ၊ငါးပါးတို့သည်။
ကတမာနိ၊အဘယ်သည်တို့နည်း။
သဒ္ဓါယ ဒါနံ ဒေတိ ၊ သက္ကစ္စံ ဒါနံ ဒေတိ ၊ ကာလေန ဒါနံ ဒေတိ ၊ အနုဂ္ဂဟိတစိတ္တော ဒါနံ ဒေတိ၊ အတ္တာနဉ္စပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ။
သဒ္ဓါယ၊ယုံကြည်၍။
(ရတနာသုံးတန် ကံ.ကံ၏အကျိုး မြတ်နိုး
ယုံကြည်သော သဒ္ဓါတရားဖြင့်)
ဒါနံ၊အလှူကို။
ဒေတိ၊စေတနာဖွေးဖြူ အလေးမူ၍ ပေးလှူ
ပါပေ၏။
သက္ကစ္စံ၊ရိုသေစွာ။
(လှူဖွယ်ဝတ္ထုနှင့် အလှူခံ
ပုဂ္ဂိုလ်တို့အပေါ်၌ ရိုသေသဖြင့်)
ဒါနံ၊အလှူကို။
ဒေတိ၊စေတနာဖွေးဖြူ အလေးမူ၍ ပေးလှူ
ပါပေ၏။
ကာလေန၊လျောက်ပတ်သောအခါ၌။
(ပေးလှူသင့်သော အချိန်အခါ၌)
ဒါနံ၊အလှူကို။
ဒေတိ၊စေတနာဖွေးဖြူ အလေးမူ၍ ပေးလှူ
ပါပေ၏။
အနုဂ္ဂဟိတစိတ္တော၊အလှူခံ ပုဂ္ဂိုလ်တို့အပေါ်၌
ချီးမြှောက်လိုသော စိတ်ထားရှိသည်ဖြစ်၍။
(အနဂ္ဂဟိတစိတ္တော၊လှူဖွယ်ဝတ္ထု၌ မစွဲလမ်း
အပ်သော စိတ်ရှိသည်ဖြစ်၍။)
ဒါနံ၊အလှူကို။
ဒေတိ၊စေတနာဖွေးဖြူ အလေးမူ၍ ပေးလှူ
ပါပေ၏။
အတ္တာနဉ္စ၊မိမိကိုယ်ကို၄င်း။
ပရဉ္စ၊သူတပါးကို၄င်း။
အနုပဟစ္စ၊ချီးမြှောက်ခြင်း ရှုတ်ချခြင်း၏
အစွမ်းဖြင့် မထိခိုက်မူ၍။
ဒါနံ၊အလှူကို။
ဒေတိ၊စေတနာဖွေးဖြူ အလေးမူ၍ ပေးလှူ
ပါပေ၏။
သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ 
အခါကိုသိ၊  ချီးမြှောက်ဘိလျက်၊
မထိမပါး၊ ပေးလှူငြား၊
ငါးပါးသပ္ပုရိသ မြတ်ဒါန။
၁။ သဒ္ဓါဒါန 
(ယုံကြည်သဖြင့် အလှူကိုပေးလှူ၏)
၂။ သက္ကစ္စဒါန 
(ရိုသေစွာ အလှူကိုပေးလှူ၏)
၃။ ကာလဒါန  
(လျှောက်ပတ်သောအခါ၌ အလှူကို
ပေးလှူ၏)
၄။ အနုဂ္ဂဟိတဒါန
(အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော
စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးလှူ၏)
အနဂ္ဂဟိတဒါန
(မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးလှူ၏)
၅။ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စဒါန (မိမိကိုယ်ကို၎င်း သူတပါးကို၎င်း မထိပါးမူ၍ အလှူကိုပေးလှူ၏)
သဒ္ဓါဒါန
(၁) သဒ္ဓါယ ခေါ ပန ဘိက္ခဝေ ဒါနံဒတွာ 
ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ ၊ အဘိရူပေါစ ဟောတိ ဒဿနီယော ပါသာဒိကော ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန်နာဂတော။ 
ဘိက္ခဝေ၊တို့။
ခေါ ပန၊စင်စစ်။
သဒ္ဓါယ၊ယုံကြည်၍။
ဒါနံ၊အလှူကို။
ဒတွာ၊ပေးလှူရသောကြောင့်။
ယတ္ထ ယတ္ထ၊အကြင်အကြင် ဖြစ်ရာဘုံ၌။
တဿ ဒါနဿ၊ထိုပေးလှူအပ်သော အလှူ၏။
ဝိပါကော၊အကျိုးသည်။
နိဗ္ဗတ္တတိ၊ဖြစ်၏။
တတ္ထ တတ္ထ၊ထိုထိုဖြစ်ရာ ဘုံ၌။
အဍ္ဎော စ၊ကြွယ်ဝသည်၄င်း။
မဟဒ္ဓနော စ၊များသော ဥစ္စရှိသည်၄င်း
မဟာဘောဂေါ စ၊များသော အသုံးအဆောင်ရှိ
သည်၄င်း။
ဟောတိ၊ဖြစ်၏။
အဘိရူပေါ စ၊အလွန်အဆင်းလှသည်၄င်း။
ဒဿနီယော စ၊ရှုချင်ဖွယ် ရှိသည်၄င်း။
ပါသာဒိကော စ၊ကြည်လင်ဖွယ်ရှိသည်၄င်း။
ပရမာယ၊မြတ်သော။
ဝဏ္ဏပါက္ခရတာယ၊ကိုယ်အရေ အဆင်းနှင့်။
သမန်နာဂတော စ၊ပြည့်စုံသည်၄င်း။
ဟောတိ၊ဖြစ်၏။
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ ၏။
များသောအသုံးအဆောင်ရှိ၏။ ရှုချင်စဖွယ်ရှိ၏။ 
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။
ခပ်သိမ်းလူ.ရှင် ပေးလျှူလျှင် ကြည်ရွှင်ချမ်းသာမယ်။
၁။သဒ္ဓါတရား ဖြစ်ကာပွား 
တို့များအလှူပေးလှူ
မယ်။
သဒ္ဓါကြည်လင် လှူဒါန်းလျှင် ရုပ်သွင်အဆင်းလှနှိုင်တယ်။
သက္ကစ္စဒါန
(၂) သက္ကစ္စံ ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ။ ယေပိဿ တေ ဟောန္တိ ပုတ္တာတိ ဝါ ဒါရာတိ ဝါ ဒါသာတိ ဝါ ပေဿာတိ ဝါ ကမ္မကရာတိ [ကမ္မကာရာတိ (က။)] ဝါ, တေပိ သုဿူသန္တိ သောတံ ဩဒဟန္တိ အညာ စိတ္တံ ဥပဋ္ဌပေန္တိ။
ဘိက္ခဝေ၊ရဟန်းတို့။
ခေါ ပန၊စင်စစ်။
သက္ကစ္စံ=လှူဖွယ်ဝတ္ထုကို စင်ကြယ်စွာဖြင့်
အရိုအသေပြု၍။
ဒါနံ=အလှူကို။
ဒတွာ= ပေးလှူရသောကြောင့်။
ယတ္ထယတ္ထ=အကြင်အကြင် ဖြစ်ရာဘုံ၌။
တဿ ဒါနဿ=ထိုပေးလှူအပ်သောအလှူ၏။
ဝိပါကော=အကျိုးသည်၊
နိဗ္ဗတ္တတိ=ဖြစ်၏။
တတ္ထ တတ္ထ=ထိုထိုဖြစ်ရာ ဘုံ၌။
အဍ္ဎော စ၊ကြွယ်ဝသည်၄င်း။
မဟဒ္ဓနော စ၊များသော ဥစ္စရှိသည်၄င်း
မဟာဘောဂေါ စ၊များသော အသုံးအဆောင်ရှိ
သည်၄င်း။
ဟောတိ၊ဖြစ်၏။
အဿ၊ထိုပေးလှူအပ်သောသူ၏။
ယေပိ တေ၊အကြင်သူတို့သည်လည်း။
ပုတ္တာတိဝါ၊သားတို့ဟူ၍လည်းကောင်း။ ဒါရာတိဝါ၊မယားတို့ဟူ၍လည်းကောင်း။ ဒါသာတိဝါ၊ကျွန်တို့ဟူ၍လည်းကောင်း။
ပေဿာတိဝါ၊စေပါ ခိုင်းခံသောသူတို့ဟူ၍
လည်းကောင်း။
ကမ္မကရာတိဝါ၊အမှုလုပ်သောသူတို့ဟူ၍
လည်းကောင်း။
ဟောန္တိ၊ဖြစ်ကုန်၏။
တေပိ၊ထိုသား.မယားစသောသူတို့သည်
လည်း။
သုဿုသန္တိ၊စကားကိုနာယူကုန်၏။
သောတံ၊နားကို။
ဩဒဟန္တိ၊ထောင်ကုန်၏။
အညာအညာယ၊သိခြင်းငှါ။
စိတ္တံ၊စိတ်ကို။
ဥပဋ္ဌပေန္တိ၊ဖြစ်စေကုန်၏။
လှူဖွယ်၀တ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။ 
ထိုသူသည်....
၁။ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်၀ချမ်းသာ၏။
၂။များသော အသုံးအဆောင်ရှိ၏။
၃။သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ 
မိမိစကားကို နားထောင်တတ်သည်။
၄။တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။
လှူဖွယ်၀တ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။
၂။ဂါရဝတရား ရင်မှာထား 
နည်း/များအလှူပေးလှုမယ်။
ရိုသေလှူငြား သူ့စကား အများနာယူတယ်။
ကာလ ဒါန 
(၃) ကာလေန ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ ကာလာဂတာ စဿ အတ္ထာ ပစုရာ ဟောန္တိ။
ဘိက္ခဝေ၊ရဟန်းတို့။ 
ခေါ ပန၊စင်စစ်။
ကာလေန၊လျောက်ပတ်သော အခါ၌။
ဒါနံ၊အလှူကို။
ဒတွာ၊ပေးလှူရသောကြောင့်။
ယတ္ထယတ္ထ=အကြင်အကြင် ဖြစ်ရာဘုံ၌။
တဿ ဒါနဿ=ထိုပေးလှူအပ်သောအလှူ၏။
ဝိပါကော=အကျိုးသည်၊
နိဗ္ဗတ္တတိ=ဖြစ်၏။
တတ္ထ တတ္ထ=ထိုထိုဖြစ်ရာ ဘုံ၌။
အဍ္ဎော စ၊ကြွယ်ဝသည်၄င်း။
မဟဒ္ဓနော စ၊များသော ဥစ္စရှိသည်၄င်း
မဟာဘောဂေါ စ၊များသော အသုံးအဆောင်ရှိ
သည်၄င်း။
ဟောတိ၊ဖြစ်၏။
အဿ၊ထိုပေးလှူသောသူအား။
ကာလာဂတာ၊ပထမအရွယ် ငယ်သော
ကာလကအကျိုးပေးသောအားဖြင့်
လျောက်ပတ်သောအခါသို့ရောက်ကုန်သော။
အတ္ထာစ၊အကျိုးတို့သည်၄င်း။
ပစုရာ၊များကုန်သည်။
ဟောန္တိ၊ဖြစ်ကုန်၏။
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို 
ရတတ်သည်။
အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။
၃။လိုတဲ့အချိန်မှာ လိုအပ်ရာ ကောင်းစွာပေးလှူမယ်။
အခါသိသဖြင့် လှူတုံလင့် ချိန်သင့်ကောင်းကျိုးရနှိုင်တယ်။
အနုဂ္ဂဟိတဒါန
(၄) အနုဂ္ဂဟိတစိတ္တော ခေါ ပန, ဘိက္ခဝေ, 
ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ ဥဠာရေသု စ 
ပဉ္စသု ကာမဂုဏေသု ဘောဂါယ စိတ္တံ နမတိ။
ဘိက္ခဝေ၊ရဟန်းတို့။
ခေါ ပန၊စင်စစ်။
အနဂ္ဂဟိတစိတ္တော၊လှူဖွယ်ဝတ္ထု၌ မစွဲလမ်းအပ်
သောစိတ်ရှိသည်ဖြစ်၍။
(အလှူခံ ပုဂ္ဂိုလ်တို့အပေါ်၌
ချီးမြှောက်လိုသော စိတ်ထားရှိသည်ဖြစ်၍။) 
ဒါနံ၊အလှူကို။
ဒတွာ၊ပေးလှူရသောကြောင့်။
ယတ္ထ ယတ္ထ၊အကြင်အကြင် ဖြစ်ရာဘုံ၌။
တဿ ဒါနဿ၊ထိုပေးလှူအပ်သော အလှူ၏။
ဝိပါကော၊အကျိုးသည်။
နိဗ္ဗတ္တတိ၊ဖြစ်၏။
တတ္ထ တတ္ထ၊ထိုထိုဖြစ်ရာ ဘုံ၌။
အဍ္ဎော စ၊ကြွယ်ဝသည်၄င်း။
မဟဒ္ဓနော စ၊များသော ဥစ္စရှိသည်၄င်း
မဟာဘောဂေါ စ၊များသော အသုံးအဆောင်ရှိ
သည်၄င်း။
ဟောတိ၊ဖြစ်၏။
ဥဠာရေသု၊မြတ်ကုန်သော။
ပဉ္စသု၊ငါးပါးကုန်သော။
ကာမဂုဏေသုစ၊ကာမဂုဏ်တို့၌လည်း။
ဘောဂါယ၊သုံးဆောင်ခံစားခြင်းငှာ။
စိတ္တံ၊စိတ်သည်။
နမတိ၊ညွတ်၏။
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ 
လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း  ကြွယ်၀ချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။
အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ။
မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ 
အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။
၄။မစွန်းငြိပဲဆို ဒါနကို ပေးကိုပေးလှူမယ်။
မစွန်းငြိတောင်း လှူတုံရှောင်း အကောင်းသုံးဆောင်ရနှိုင်တယ်။
၅။ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ န စဿ ကုတောစိ ဘောဂါနံ ဥပဃာတော အာဂစ္ဆတိ အဂ္ဂိတော ဝါ ဥဒကတော ဝါ ရာဇတော ဝါ စောရတော ဝါ အပ္ပိယတော ဝါ ဒါယာဒတော ဝါ [အပ္ပိယတော ဝါ ဒါယာဒတော ဝါ (သီ။ သျာ။ ကံ။ ပီ။), အပ္ပိယဒါယာဒတော ဝါ (က။)]။ 
ဘိက္ခဝေ၊ရဟန်းတို့။
ခေါ ပန၊စင်စစ်။
အတ္တာနဉ္စ၊မိမိကိုယ်ကိုလည်းကောင်း။ ပရဉ္စ။သူတစ်ပါးကိုလည်းကောင်း။
အနုပဟစ္စ၊ချီးမြှောက်ခြင်း ရှုတ်ချခြင်း၏
အစွမ်းဖြင့် မထိခိုက်မူ၍။
ဒါနံ၊အလှူကို။
ဒတွာ၊ပေးလှူရသောကြောင့်။
ယတ္ထယတ္ထ=အကြင်အကြင် ဖြစ်ရာဘုံ၌။
တဿ ဒါနဿ=ထိုပေးလှူအပ်သောအလှူ၏။
ဝိပါကော=အကျိုးသည်၊
နိဗ္ဗတ္တတိ=ဖြစ်၏။
တတ္ထ တတ္ထ=ထိုထိုဖြစ်ရာ ဘုံ၌။
အဍ္ဎော စ၊ကြွယ်ဝသည်၄င်း။
မဟဒ္ဓနော စ၊များသော ဥစ္စရှိသည်၄င်း
မဟာဘောဂေါ စ၊များသော အသုံးအဆောင်ရှိ
သည်၄င်း။
ဟောတိ၊ဖြစ်၏။
အဿ၊ထိုပေးလှူအပ်သောသူအား။
ကုတောစိ၊တစ်စုံတစ်ခုသောအကြောင်း
ကြောင့်။
အဂ္ဂိတောဝါ၊မီးဘေးကြောင့်လည်းကောင်း။ ဥဒကတောဝါ၊ရေဘေးကြောင့်လည်းကောင်း။ ရာဇတောဝါ၊မင်းဘေးကြောင့်လည်းကောင်း။
စောရတောဝါ၊ခိုးသူဘေးကြောင့်လည်း
ကောင်း။ 
အပ္ပိယဒါယာဒတောဝါ၊မချစ်အပ်သော
အမွေခံကြောင့်လည်းကောင်း။
ဘောဂါနံ၊စည်းစိမ်တို့၏။
ဥပဃာတော၊ပျက်ဆီးခြင်းသည်။ 
နအာဂစ္ဆတိ၊မဖြစ်။
ဣတိ-ဤသို့။
ဣမာနိ ပဉ္စ၊ဤငါးပါးတို့တည်း။
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။
[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]
၅။မိမိသူတပါး မထိပါး 
နည်း/များအလှူပေးလှူမယ်။
မထိမပါး လှူတုံငြား ငါးပါးရန်ဘေး
ကင်းဝေးတယ်။ 
ဣမာနိ ခေါ, ဘိက္ခဝေ, ပဉ္စ သပ္ပုရိသဒါနာနီ’’တိ။
ဘိက္ခဝေ၊ရဟန်းတို့။
သပ္ပုရိသဒါနာနိ၊သူတော်တို့၏ ပေးလှူခြင်း
တို့သည်။
ဣမာနိ ခေါ ပဉ္စ၊ဤငါးပါးတို့ပါပေတည်း။
ဣတိ၊ဤသို့။
ဘဂဝါ၊ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့်
ပြည့်စုံထင်ရှား မြတ်ဘုရားသည်။
အဝေါစ၊ကောင်းစွာမသွေ မိန့်တော်မူလိုက်
ပါပေသတည်း။
၁။သဒ္ဓါကြည်လင် လှူဒါန်းလျှင် ရုပ်သွင်အဆင်းလှ။
၂။ရိုသေလှူငြား သူစကား အများနာယူကြ။
၃။အခါသိသဖြင့် လှူတုံလင့် ချိန်သင့်ကောင်းကျိုးရ။
၄။မစွန်းငြိတောင်း လှူတုံရှောင်း အကောင်းသုံးဆောင်ရ။
၅။မထိမပါး  လှူတုံငြားမူ ထိုသည့်သူ၏ ပြောထူများပြား စည်းစိမ်အား  ငါးပါးရန်မခ။     
ဘာ့ကြောင့်ပါလိမ့်?  
၁။ ချမ်းတော့ချမ်းသာပါရဲ့။
ရုပ်ကဆိုးနေတာ
ဘာ့ကြောင့်ပါလိမ့်?
သဒ္ဓါတရားနဲ့ မလှူ ခဲ့လို့ပါတဲ့...
၂။ ချမ်းတော့ချမ်းသာပါရဲ့ ကိုယ့်သားသမီး၊ 
တပည့်လက်အောက် ငယ်သားတွေကို
ပြောမနိုင်၊ ဆိုမနိုင်ဖြစ်နေရတာ
ဘာကြောင့်ပါလိမ့်?
ရိုရိုသေသေ မလှူ ခဲ့လို့ပါတဲ့...
၃။ ချမ်းတော့ချမ်းသာပါရဲ့
လိုတာမရ၊ ရတာမလိုဖြစ်နေတာ
ငွေပေးဝယ်လို့မရတာ ဘာကြောင့်ပါလိမ့်?
ကာလဒါန မပြု ခဲ့လို့ပါတဲ့...
၄။ ချမ်းတော့ ချမ်းသာပါရဲ့ ကောင်းတာတွေနဲ့မတည့်တာ
သွေးတိုးရှိလို့ ဆီးချိုရှိလို့
ဟိုဟာနဲ့ မတည့်ဒီဟာနဲ့ မတည့်
ဖြစ်နေရတာ
ဘာ့ကြောင့်ပါလိမ့် ?
မကောင်းတတ်လို့ဆိုပြီး
လှူခဲ့ကြလို့ပါတဲ့ ...
၅။ ချမ်းတော့ချမ်းသာပါရဲ့
ရန်သူမျိုးငါးပါးက
မလွတ်ကင်းတာ ဘာကြောင့်ပါလိမ့်?
ဂုဏ်တုဂုဏ်ပြိုင် လုပ်လှူခဲ့လို့ပါတဲ့.
သပ္ပုရိသဒါနသုတ္တံ
‘‘ပဉ္စိမာနိ, ဘိက္ခဝေ, သပ္ပုရိသဒါနာနိ။ ကတမာနိ ပဉ္စ? သဒ္ဓါယ ဒါနံ ဒေတိ, သက္ကစ္စံ ဒါနံ ဒေတိ, ကာလေန ဒါနံ ဒေတိ, အနုဂ္ဂဟိတစိတ္တော [အနဂ္ဂဟိတစိတ္တော (သီ။)] ဒါနံ ဒေတိ, အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ။
‘‘သဒ္ဓါယ ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ, အဘိရူပေါ စ ဟောတိ ဒဿနီယော ပါသာဒိကော ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော။
‘‘သက္ကစ္စံ ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ။ ယေပိဿ တေ ဟောန္တိ ပုတ္တာတိ ဝါ ဒါရာတိ ဝါ ဒါသာတိ ဝါ ပေဿာတိ ဝါ ကမ္မကရာတိ [ကမ္မကာရာတိ (က။)] ဝါ, တေပိ သုဿူသန္တိ သောတံ ဩဒဟန္တိ အညာ စိတ္တံ ဥပဋ္ဌပေန္တိ။
‘‘ကာလေန ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ ကာလာဂတာ စဿ အတ္ထာ ပစုရာ ဟောန္တိ။
‘‘အနုဂ္ဂဟိတစိတ္တော ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ ဥဠာရေသု စ ပဉ္စသု ကာမဂုဏေသု ဘောဂါယ စိတ္တံ နမတိ။
‘‘အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ခေါ ပန, ဘိက္ခဝေ, ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ, အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ န စဿ ကုတောစိ ဘောဂါနံ ဥပဃာတော အာဂစ္ဆတိ အဂ္ဂိတော ဝါ ဥဒကတော ဝါ ရာဇတော ဝါ စောရတော ဝါ အပ္ပိယတော ဝါ ဒါယာဒတော ဝါ [အပ္ပိယတော ဝါ ဒါယာဒတော ဝါ (သီ။ သျာ။ ကံ။ ပီ။), အပ္ပိယဒါယာဒတော ဝါ (က။)]။ 
ဣမာနိ ခေါ, ဘိက္ခဝေ, ပဉ္စ သပ္ပုရိသဒါနာနီ’’တိ။
#ဓမ္မရင်ပြင်နားခိုဝင်၍
#ပူပင်မသန်းအေးချမ်းကြပါစေ
#အရှင်ကာရုညဓမ္မရင်ပြင်
Wednesday, October 20, 2021
တဏှာရဲ့ကျွန်
တဏှာရဲ့ ကျွန်
••••••••••••••••••••••••••
လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ်လို့ ထင်တာ။ ဒါပေမဲ့ မလွတ်လပ်ဘူး၊
ခိုင်းရာနေ စေရာသွားနေကြရတာ။ ဘယ်သူက ခိုင်းတုန်း၊ တဏှာက ခိုင်းနေတာ၊
တဏှာစေရာ သွားနေကြရတာ၊ လိုချင်မှု လောဘ ဆိုတဲ့ တဏှာက ခိုင်းတာကို လုပ်နေကြတာ၊
ဒါကြောင့်မို့ လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ် independent လို့ ပြောနေကြပေမယ့်
တကယ်တော့ မလွတ်လပ်ဘူး၊ တဏှာက အုပ်စိုးနေတာ၊ ဟုတ်ရဲ့လား၊
တဏှာရဲ့ အုပ်ချုပ်မှုကို ခံနေကြရတာဖြစ်တယ်။
လောကမှာ လူတွေက ပြောကြသေးတယ်နော်၊ အဖော်မရှိဘူး၊ တစ်ယောက်တည်း နေတာတဲ့။
တစ်ယောက်တည်းနေတယ် ထင်ပေမယ့် ဘယ်ဟုတ်မတုန်း၊ တကယ်တော့ အဖော်နဲ့နေတာပဲ။
ဘာ အဖော်လဲ၊ တဏှာ အဖော်လေ၊ တဏှာက သူ့အဖော်ပဲ၊ အတွေးလေးနဲ့ကျေနပ်လို့ ဆိုတာ
တဏှာနဲ့နေတာ။ တဏှာအဖော်နဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့ မဟုတ်ဘူး။
အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာတစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့ မဟုတ်ဘူး။
အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာက ခိုင်းတာ၊
မင်း တစ်ယောက်တည်းနေဆိုလို့ သူက တစ်ယောက်တည်း နေရတာပါ။
ဒါကြောင့်မို့ မြတ်စွာဘုရားက တဏှာဒါသော၊ "လောကော - လောကကြီးဟာ၊ တဏှာဒါသော - တဏှာရဲ့ကျေးကျွန် ဖြစ်၍နေပါပေတော့၏" လို့ ဟောခဲ့တာဖြစ်တယ်။ တို့တစ်တွေ တဏှာရှိသေးသမျှ ကျွန်အဖြစ်ကမလွယ်သေးဘူး။ ဘယ်သူ့ရဲ့ကျွန်လဲ၊ တဏှာရဲ့ကျွန်ပေါ့။ ကျွန်မှ တဏှာကို သိမ်ပြီးရိုသေလေးစားရတာ၊
သူခိုင်းရင် မြင်းရဲဘူး၊ မငြင်းနိုင်ဘူး၊ တဏှာရဲ့ ကျေးကျွန် ဖြစ်နေတာကိုး။
ကဲ ကိုယ့်ရဲ့ ဘဝအသွင်ကို ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင် ဘဝကြီးဟာ ကောင်းတယ် ဆိုးတယ်လို့
ပြောနေကြတာ မဟုတ်ဘူးနော်၊ လောကအမြင်မှာတော့ ဘဝဆိုတာ ပျော်စရာကြီးလို့ ထင်ကြတာ၊
တချို့ကလည်း ဘဝဆိုတာ ငြီးငွေ့စရာကြီးလို့ ပြောတယ်။
အခု ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့ -
(၁)    ဘဝဆိုတာ မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ၊ အခြေအနေက တည်ငြိမ်နေတာ မဟုတ်ဘူး။
(၂)    အဲဒီတွန်းပို့ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘဝကြီးမှာ အကာအကွယ်မဲ့နေတယ်။
(၃)     ဘဝကြီးမှာ ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး၊ အားလုံးထားခဲ့ရမှာဖြစ်တယ်။
(၄)    ဘဝကြီးဟာ အမြဲတမ်း လိုပြီးတော့နေတယ်၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ မရှိဘူး။
(၅)    တို့ဟာ တဏှာရဲ့ ကျွန် ဖြစ်နေကြတယ်။
ဟော ဘဝနဲ့ပတ်သက်ပြီး ဒါတွေကို ဒီလိုမြင်မှ ဓမ္မနဲ့မြင်တယ်လို့ ပြောရမှာနော်။
ယခုလို ဘဝရဲ့အသွင်အပြင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါမှာ....
ဘဝမှာ သာယာစရာတွေ ရှိသလို.. အပြစ်တွေလည်းရှိတယ်။
ဘဝရဲ့ ထွက်ပေါက် exit ဆိုတာလည်းရှိတယ်။ အဲဒီ ထွက်ပေါက်ဆိုတာ ဘဝကို
ဖြစ်ပေါ်စေတဲ့၊ ဘဝကို တွယ်တာတဲ့ တဏှာကို ဖယ်ရှားပစ်တာဖြစ်တယ်။
တဏှာကို ဖယ်ရှားပစ်ဖို့က မဂ္ဂရှစ်ပါး အကျင့်တရားကို ကျင့်ရမှာပဲ ဖြစ်တယ်။
ဒီအကျင့် လမ်းကြောင်းအတိုင်း လျှောက်လမ်းမယ်ဆိုရင်တော့ ဘဝနိရောဓ ဆိုတဲ့
ပန်းတိုင်ကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်
ကြည့်ပြီးလျှင် "ဘဝနိရောဓ" လို့ဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
(သာဓု... သာဓု... သာဓု ပါ အရှင်ဘုရား......။)
ဆရာတော် ဒေါက်တာနန္ဒာမာလဘိဝံသ ၏
"ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း" တရားတော်မှ ကောက်နုတ်ထားပါသည်။
သံသရာဝယ်၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊
အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊
ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများစွာဖြင့် ပြည့်စုံနိုင်ပါစေရှင်..
Credit. ...မိုးတိမ်လွင်ပြင်(Pakokku)
3.10.2013
သတိပဋ္ဌာန်အလုပ် အမြဲလုပ်
အိပ်စားသွားလာလောက်နဲ့
အချိန်ကုန်နေခြင်းဟာ
အခွံချည်းသောဘဝကို
ပိုင်ဆိုင်နေကြတာပါ ။
တန်ဖိုးရှိတဲ့အနေထားတွေကို
အချည်းနှီးမဖြစ်စေဖို့ 
ဉာဏ်အရည်သွေးမြင့်အောင်
စာဖတ်ပါ တရားနားပါ ။
စိတ်အရည်အသွေးတွေ
ကောင်းလာဖို့တရားထိုင်ပါ ။
​ဒုက္ခတွေသိမ်းစေမယ့်
အလုပ်တွေကို ရှာပြီးလုပ်ပါ ။
ဘဝကိုချမ်းသာစေမယ့်
ကုသိုလ်အလုပ်ကို တွဲလုပ်ပါ ။
မသိမှုမောဟတွေနဲ့ပဲ
အချိန်မကုန်လွန်ပါစေနဲ့ ။
သိနေသမျှချမ်းသာရမယ့်
သတိပဋ္ဌာန်အလုပ်ကိုလည်း
အမြဲလုပ်ဖို့ လိုအပ်ပါတယ် ။
             (သာရ ဂ ဝေ သီ)
၂လှမ်း၃ဖဝါး ကြွတော်မူခြင်း
🙏.....(၂)လှမ်း (၃)ဖဝါးဖြင့် ကြွတော်မူခြင်း
🌷🌷🌷🌷🌷🙏🙏🙏🙏🙏🌷🌷🌷🌷🌷
⚙...မြတ်စွာဘုရားဟာ လူ့ပြည်ကနေ နတ်ပြည်
ကို ခြေတော်(၂)လှမ်း(၃)ဖဝါးနဲ့ ဘယ်လိုကြွခဲ့
တာလဲ..အဲ့ဒါလေး..အနည်းငယ်ရှင်းပြပါမယ်။
ဆရာတော်က ဒီနေ့လပြည့်မနက်ခင်းမှာ ရှစ်ပါး
သီလပေးရင်းနဲ့ ဒီအကြောင်းတွေဟောပြခဲ့ပါ
တယ်။
…ဘုရားရှင်က သူ့ရဲ့သာသနာမှာ တန်ခိုးပြခွင့်
မရှိဘူးလို့ ပညတ်တော်မူခဲ့ပါတယ်။ဒါကိုအခွင့်
ကောင်းယူခဲ့တာက တိတ္ထိတွေပဲဖြစ်ပါတယ်။
ဘုရားရှင်ဆိုတာ ပြောပြီးတဲ့စကားကို ဘယ်-
တော့မှ မပြင်တတ်ဘူးလို့ တိတ္ထိတွေသိပါတယ်
ဒါကြောင့် တိတ္ထိတွေဟာ သူတို့မှာ တန်ခိုးမရှိ
ပါဘဲနဲ့ ဘုရားရှင်ကို တန်ခိုးပြိုင်ဖို့ စိန်ခေါ်ခဲ့ကြ
ပါတယ်။ချည်ပြီးတုတ်ပြီး ရိုက်ဖို့ဂွင်ရှာကြတာ
ဖြစ်ပါတယ်။ဒါကိုကြည့်ပြီး ဘာတွေးမိသလဲဆို
တော့ မိစ္ဆာဒိဋ္ဌိတွေဟာ တစ်ဖက်သားရဲ့ အား
နည်းချက်ကို အမြဲတန်းအခွင့်ကောင်းယူလေ့ရှိ
ကြတယ်ဆိုတာ သတိမူသင့်ပါတယ်။
ဘုရားရှင်က သူတို့စိန်ခေါ်မှုကို ”ပြိုင်ကြမယ်”
ဆိုပြီးသတင်းပြန်လိုက်ပါတယ်။တတ္ထိတွေ မျက်
လုံးပြူးသွားတယ်။ရှင်ကြီးဂေါတမ ဘယ်လိုဖြစ်
တာလဲ..ပေါ့။ကောသလမင်းထံသွားပြီး ဗုဒ္ဓဟာ
ရှေ့နောက်စကားမညီကြောင်း သွားတိုင်ပြော
ကြတယ်။ဒီကိစ္စ ကောသလမင်းကြီးက ဗုဒ္ဓကို
မေးမြန်းခဲ့ပါတယ်..ဘုရားရှင်ကဖြေပါတယ်
”ဒါယကာမင်းမြတ်..ဘုရင့်ဥယျာဉ်ထဲက သီးပင်
စားပင်တွေကို ဘယ်သူမှ မဆွတ်ရ မခူးရလို့
 အမိန့်ထုတ်ထားတယ် မဟုတ်လား..”
”မှန်ပါ..အမိန့်ထုတ်ထားပါတယ်ဘုရား..”
”ဒါဆို ဘုရင့်ဥယျာဉ်ထဲက သစ်သီးတွေကို
 ဒါယကာမင်းကြီးကော ခူးခွင့်မရှိဘူးလား”
”တပည့်တော်ကတော့ ခူးခွင့်ရှိပါတယ်ဘုရား”
”အေး..အဲ့ဒီဥပမာအတိုင်းပဲ ငါဘုရားသာသနာ
မှာ တန်ခိုးပြခွင့်မရှိဘူးဆိုတာ တပည့်သာဝက
တွေအတွက်ပြောတာပါ..ငါဘုရားကတော့
ပြခွင့်ရှိပါတယ်..ဒါကြောင့် တန်ခိုးပြမယ်လို့
ပြန်ကြားခဲ့တာပါ..မင်းကြီး..”
…အကျိုးကြောင်းသင့်တဲ့စကားတော်မို့ ဘယ်သူ
မှ ငြင်းလို့မရပါဘူး။
”ဒါဆို ဘယ်နားမှာ တန်ခိုးပြိုင်မှာလဲ ဘုရား”
”သရက်ပင်ခြေရင်းမှာ တန်ခိုးပြိုင်မှာပါ..”
…နန်းတော်ကနေတဆင့် ဒီသတင်းကို တိတ္ထိ
တွေကြားပါတယ်။အဲ့ဒီသတင်းလည်းကြားရော
တိတ္ထိခေါင်းဆောင်ကြီးတွေက တိတ်တဆိတ်
အမိန့်ထုတ်ပါတယ်။တနယ်လုံးဝန်းကျင်မှာရှိ
တဲ့သရက်ပင်မှန်သမျှ သတ်စေ..တဲ့။သူတို့မှာ
ပြစရာတန်ခိုးမရှိလေတော့ အရှက်ကွဲမခံနိုင်လို့
ဒီလိုကြံတာဖြစ်ပါတယ်။သူတို့.. တကယ်တန်း
မုန်းတာက ဘုရားရှင်ဖြစ်ပါတယ်။ဘုရားရှင်ကို 
မယှဉ်နိုင်တော့ အပြစ်မဲ့တဲ့ သရက်ပင်တွေကို
လိုက်ပြီးခုတ်သတ်ခဲ့ပါတယ်။(ဒီနေရာမှာ သိ
ထားရမှာက မိစ္ဆာဒိဋ္ဌိတွေဟာ သူတို့မယှဉ်နိုင်
ဘူးလို့ဆုံးဖြတ်ရင် သက်မဲ့သစ်ပင်ကိုတောင်
သတ်ခဲ့ဖူးတယ်ဆိုတာ သတိမူရမှာဖြစ်တယ်)။
တနယ်လုံးမှာ သရက်ပင် တစ်ပင်မှမကျန်ရ
အောင် သူတို့လိုက်လံရှင်းလင်းခဲ့ပါတယ်။
ဘုရားရှင် တန်ခိုးပြစရာ အပင်မရှိအောင်လုပ်
ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ ဝါဆိုလပြည့်နေ့မှာ
(ကဏ္ဍ)အမည်ရှိတဲ့ ဥယျာဉ်စောင့်ကလှူတန်း
တဲ့ သရက်သီးကို ဘုရားရှင်က အချိုပွဲအဖြစ်
ဘုဉ်းပေးခဲ့ပါတယ်။အဲ့ဒီသရက်စေ့ကို မြေမှာ
ချပြီး ဘုရားရှင်က သရက်စေ့ပေါ်ကို ရေနဲ့
လက်ဆေးချလိုက်တာ..ချက်ခြင်းပဲ အတောင်
(၆၀)လောက်မြင့်တဲ့ သရက်ဖြူပင်ကြီး”ဝုန်း”
ခနဲ ပေါ်ပေါက်လာပါတယ်။ဝါဆိုလပြည့်နေ့..
အဲ့ဒီသရက်ပင်ရင်းမှာ တတ္ထိတွေကို နှမ်နင်းဖို့
ရေမီးအစုံ အစုံ တန်းခိုးပြတော်မူခဲ့ပါတယ်။
ပါဠိလိုဆိုရင်တော့(ယမကပါဋိဟာရိယာ)လို့
ခေါ်ပါတယ်။(ယမက)ဆိုတာ အစုံ အစုံလိုက်
ကို ပြောတာပါ။ဆံပင်တစ်ပင်က ရေပန်းဖွား
တွေ ပန်းထွက်နေရင် အခြားဆံပင်တစ်ပင်က
မီးပန်းဖွားတွေ ပန်းထွက်နေတယ်။ဆံပင်တိုင်း
မွှေးညှင်းတိုင်းက အဲ့ဒီလိုအစုံလိုက် ပန်းထွက်
နေတာပါ။ဘယ်ဘက်မျက်လုံးတော်က မီးပန်း
ပွားတွေပန်းထွက်နေရင် ညာဘက်မျက်လုံးက
ရေအလျှံတွေထွက်နေတယ်။ဘယ်ဘက်နား
ရွက်တော်က ရေပန်းပွားတွေထွက်ရင် ညာ
ဘက်နားတော်က မီးအလျှံတွေ ပန်းထွက်နေ
တယ်။အလွန်လျှင်မြန်တဲ့စျာန်အဘိညာဉ်နဲ့
တစ်ခုချင်းစီကို စဉ်ဆက်မပြတ်ဝင်စားပြီးတော့
တန်ခိုးပြတော်မူတာဖြစ်ပါတယ်။စိတ်ကူးနဲ့မှန်း
ပြီးတော့ ကြည်ညိုပူဇော်လို့ရအောင် တင်ပြ
ပေးတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း
ကြက်ပျံမကျ ကြိတ်ကြိတ်တိုး ဖူးမျှော်လိုက်ကြ
တာ..ကျနော်တို့လည်း ခပ်ညံ့ညံ့လူသားဘဝနဲ့
ခပ်ဝေးဝေးက ဖူးချင်လည်း ဖူးခဲ့ရမှာပေါ့...။
နေဝင်ဖြိုးဖျ ညနေဆည်းဆာအချိန်မှာ အဲ့ဒီလို
တန်ခိုးပြာဋိဟာပြတော်မူပြီး တာဝတိံသာနတ်
ပြည်ကို ခြေ(၂)လှမ်း(၃)ဖဝါးနဲ့ ကြွတော်မူခဲ့
ပါတယ်။ပထမခြေလှမ်း လှမ်းလိုက်ချိန်မှာပဲ
ယုဂန္ဓိုရ်တောင်ထိပ်ကြီးက ဘုရားရားရှင်ရဲ့
ခြေဖဝါးအောက်ကို ကိုင်းညွတ်ပြီး လာရောက်
ခံယူသွားတယ်။နောက်တစ်လှမ်း လှမ်းလိုက်
တဲ့ အချိန်မှာ မြင့်မိုရ်တောင်ထိပ်ကြီးက ကိုင်း
ညွတ်လာပြီး ဘုရားရှင်ရဲ့ခြေဖဝါးအောက်ကို
လာရောက်ခံယူပါတယ်။သရက်ပင်ထိပ်ဖျားက
နေပြီး လှမ်းလိုက်တဲ့ခြေလှမ်းက(၂)လှမ်းပဲ
ဖြစ်ပါတယ်။ဒါပေမဲ့ ခြေဖဝါးတော်က သရက်
ပင်နားမှာ တစ်ဖဝါး၊..ယုဂန္ဓိုရ်တောင်ထိပ်မှာ
တစ်ဖဝါး၊.မြင့်မိုရ်တောင်ထိပ်မှာ တစ်ဖဝါးဆို
ပြီး သုံးဖဝါးနဲ့အရောက်ကြွသွားတော်မူခဲ့တာ
ဖြစ်ပါတယ်။နတ်ပြည်ရောက်တော့ သိကြား
မင်းကြီး ထိုင်နေကျ ပင်လယ်ကသစ်ပင် ခြေ
ရင်းက ပဏ္ဍုကမ္ဗလာမြကျောက်ဖျာကြီးပေါ်မှာ
ထိုင်တော်မူပါတယ်။မယ်တော်မာယာဒေဝီ-
တဖြစ်လဲ..သန္တုသိတနတ်သားအမှူးပြုတဲ့ 
စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာ
တွေကို အဘိဓမ္မာတရား စတင်ဟောကြား
တော်မူခဲ့ပါတယ်။
🙏..တန်ခိုးပြလို့ပြီးတော့ မြတ်စွာဘုရားက
ဖြတ်ခနဲ ပျောက်သွားတယ်လို့ ဘုရားဖူးတွေ
ကထင်ကြပါတယ်။ဘယ်ရောက်သွားတာပါ
လဲလို့မေးကြတော့..အရှင်မောဂ္ဂလာန်က..
နတ်ပြည်ကြွသွားကြောင်း..ဝါကျွတ်မှသာ
ပြန်ဆင်းလာမယ့်အကြောင်းပြောပြခဲ့ပါတယ်။
ဘုရားဖူးပရိသတ်တွေကလည်း ဒါဆိုရင် သူတို့
လည်း အိမ်မပြန်တော့ဘူး..ဒီမှာပဲဖြစ်သလိုနေ
ကြပြီး ဘုရားရှင်ပြန်ဆင်းလာတာကို စောင့်
ကြမယ်ဆိုပြီး အဲ့ဒီနားမှာပဲ သစ်ခက်တည်းနန်း
ထိုးပြီးနေတဲ့သူ နေကြပါတယ်။နီးစပ်ရာ ရွာ
တွေ အ်ိမ်တွေမှာ နေကြသူတွေလည်းရှိမှာပါ။
အဲ့ဒီပရိသတ်ကို အရှင်မောဂ္ဂလာန်က နေ့စဉ်
တရားဟောပေးတော်မူပါတယ်။ဘုရားရှင်ဟာ
လူသားစင်စစ်ဖြစ်တာမို့ နတ်ပြည်မှာ တရား
ဟောနေပေမဲ့လည်း နေ့စဉ်ဆွမ်းဘုဉ်းပေးလေ့
ရှိပါတယ်။အစာကြေခဲတဲ့ နတ်သုဒ္ဓါတွေနဲ့ 
သိပ်အဆင်ပြေပုံမရပါဘူး။ဒါကြောင့် မြောက်-
ကျွန်းကို ဆွမ်းခံကြွပြီး ဆွမ်းဘုဉ်းပေးတော်မူ
ပါတယ်။ဆွမ်းခံကြွရင်းနဲ့ အရှင်သာရိပုတ္တဆီ
ဝင်ပြီး အဘိဓမ္မာကို အကျဉ်းနည်းနဲ့ ဟောပြ
တော်မူပါတယ်။ပညာဥာဏ်ကြီးတဲ့ အရှင်သာ
ရိပုတ္တက အကျဉ်းဟောတာကို ကောင်းစွာနား
လည်ပါတယ်။နတ်ပြည်မှာတော့ နတ်တွေကို
အဘိဓမ္မာအကျယ်နည်းဟောပြတော်မူတာဖြစ်
ပါတယ်။အရှင်သာရိပုတ္တကလည်း နေ့စဉ်ပဲ
သူ့တပည့်(၅၀၀)ကို ဘုရားဟောပြတဲ့ အဘိ
ဓမ္မာတရားကို မကျဉ်းမကျယ် အလောတော်
နည်းနဲ့ ပြန်ဟောပြပါတယ်။အခု..လူ့လောက
မှာ ကျွန်တော်တို့သင်ယူခွင့်ရနေတဲ့ အဘိဓမ္မာ
တရားတွေဟာ အရှင်သာရိပုတ္တက သူ့တပည့်
တွေကို ပြန်ဟောပြတဲ့ မကျဉ်းမကျယ်နည်းပဲ
ဖြစ်ပါတယ်။
(အောက်ကစာကို သေသေချာချာဖတ်ပေးပါ)
⚙..သီတင်းကျွတ်လပြည့်နေ့ရောက်လာပါပြီ။
အဘိဓမ္မာတရားတော်ကို ဘုရားရှင်တော်က
နတ်ဗြဟ္မာတွေကို အကျယ်ဟောပြလို့ပြီးခဲ့ပါ
တယ်။အဲ့ဒီနေ့မှာပဲ အရှင်သာရိပုတ္တကိုအကျဉ်း
နည်းပြန်ဟောပြလို့ပြီးပါတယ်။အရှင်သာရိပုတ္တ
ကလည်း လပြည့်နေ့မှာပဲ အဘိဓမ္မာကို မကျဉ်း
မကျယ် အလောတော်နည်းနဲ့ တပည့်ငါးရာကို
 ပြန်သင်ပေးလို့ပြီးပါတယ်.အဲ့ဒါကြောင့်.
သီတင်းကျွတ်လပြည့်နေ့ကို..
”အဘိဓမ္မာ အခါတော်နေ့လို့”
ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။
..သီတင်းကျွတ်လပြည့်ညချမ်းမှာ.သိကြားမင်း
နေရာ သုဒဿန မြို့တော်ကနေပြီးတော့..
လူ့ပြည် သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝ
ကို ဆင်းသက်လာမယ်လို့ အရှင်မောဂ္ဂလာန်
က ပရိသတ်ကြီးကို သတင်းစကားပြောလာ
ပါတယ်။ဘုရားဖူးတွေလည်း သင်္ကဿနဂရ
အထိ သွားကြပြီးတော့ နေရာယူကြပါတယ်။
သားတော်ကြီး သာရိပုတ္တက သင်္ကဿနဂရ
မှာ ဝါကပ်တာမို့ အဲ့ဒီမြို့ကနေ ဆင်းသက်ရ
တာဖြစ်ပါတယ်။သိကြားမင်းဖန်ဆင်းတဲ့
စောင်းတန်းသုံးသွယ်နဲ့ နတ်ဗြဟ္မာတွေခြံရံ
ပြီးတော့..ဒီည ယခုည.သီတင်းကျွတ်လပြည့်
ညမှာ လူ့ပြည်ကို ဆင်းသက်တော်မူခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က နတ်ပြည်ကဆင်း
လာတဲ့ ဘုရားရှင်ကို အာရုံပြုပြီး ဆီမီးပူဇော်
ခြင်း.မီးပုံးပျံတွေလွှတ်ပြီးပူဇော်ခြင်းတွေ လုပ်
ခဲ့ကြတာဖြစ်ပါတယ်။
သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝမှာ ဘုရား
ရှင်ကို လာရောက်ဖူးမျှော်တဲ့ အရှင်သာရိပုတ္တ
နဲ့ တပည့်ငါးရာ...အခြားသောလူနတ်ဗြဟ္မာ
များကို ဘုရားရှင်က တရားဟောတော်မူခဲ့ပါ
တယ်။အရှင်သာရိပုတ္တရဲ့ တပည့်(၅၀၀)က
ရဟန္တာဖြစ်ကြပြီးတော့ ပရိသတ်အပေါင်း
လည်း တရားရခဲ့ကြပါတယ်။လူ့ပြည်ဋ္ဌာနကို
ပြန်ရောက်ရောက်ခြင်း အဲ့ဒီညမှာပဲ ဘုရား
ရှင်ဟာ သံဃာများနဲ့အတူ ပဝါရဏာပြုတော်
မူခဲ့ပါတယ်။
။။သီတင်းကျွတ်လပြည့်ဆိုတာကို ပြည့်ပြည့်
စုံစုံလေး သိစေချင်တဲ့စေတနာနဲ့ ဓမ္မဒါနပြု
ရေးသားပါတယ်။
။။ဤကုသိုလ်ကံကြောင့် မြန်မာပြည်ကြီး
 ကပ်ဘေးအပေါင်းမှ အမြန်ဆုံးကျော်လွှား
 နိုင်ပါစေ..ခင်ဗျား...။
သူရိန်စိုး(ဓမ္မဒူတ)
သီတင်းကျွတ်လပြည့်နေ့
Credit.. သူရိန်စိုး ( ဓမ္မဒူတ)
မြတ်စွာဘုရား လူ့ပြည်ဆင်းတော်မူခန်း
မြတ်စွာဘုရားတာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ဆင်းတော်မူခန်း။
တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ဆင်းရာ၌ သင်္ကဿမြို့ကို ဘုရားရှင် ဘာကြောင့် ရွေးချယ်ခဲ့သလဲ ?
ရှင်သာရိပုတ္တရာ အဲဒီသင်္ကဿမှာရှိနေလို့ / ရှင်သာရိပုတ္တရာရဲ့ ဉာဏ်ပညာကြီးမားပုံကို နတ်လူအပေါင်းအား သိစေလို ချီးမြှောက်လိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
မှန်ပေ၏ ထိုအချိန်တုန်းက ရှင်မဟာမောဂ္ဂလာန်သည် တန်ခိုးအရာမှာ အလွန်ကြီးမား၏ ဆိုတာ လူတိုင်းနီးပါးသိကြ၏ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရား တာဝတိံသာမှာ ရှိနေတာကို ရှင်မဟာမောဂ္ဂလာန်ကသာ တန်ခိုးဖန်ဆင်းပြလိုက် မြေလျှိုးမိုးပျံပြီး မြတ်စွာဘုရားထံတော်သို့သွားကာ  လျှောက်စရာရှိတာ သွားလျှောက်လိုက်ဆိုတော့ လူသိများလှ၏။ ရှင်သာရိပုတ္တရာကိုကား ဘယ်သူမှ မသိကြသေးပေ။
လူအပေါင်းတို့သည်လည်း မြတ်စွာဘုရား ဝါဆိုလပြည့်နေ့က သာဝတ္ထိမြို့ ကဏ္ဍ၏သရက်ပင်ရင်းမှာ တိတ္ထိတို့အားနှိမ်နင်းကြောင်း တန်ခိုးပြာဋိဟာပြတော်မူပြီး တာဝတိံသာနတ်ပြည်သို့ တက်သွားသည်အချိန်မှ စ၍ မြတ်စွာဘုရားကို ဖူးပြီးမှသာပြန်တော့မယ် ဟု နှလုံးပိုက်ကာ အားလုံးနီးပါး ကဏ္ဍသရက်ပင်နားမှာပဲ တဲထိုးကာ ဝါတွင်းသုံးလပတ်လုံးစောင့်နေကြ၏၊ ထိုသုံးလပတ်လုံးကို အနာထပိဏ်ကပဲ ကျွေးမွေးကုသိုလ်ပြုထား၏ ဟု ဆို၏။
ဝါလကျွတ်လို့ ပဝါရဏာပြုပြီး ရှင်မဟာမောဂ္ဂလာန်က တာဝတိံသာသို့ ကြွသွားကာ မြတ်စွာဘုရားအား လူအပေါင်းတို့ ကဏ္ဍသရက်ပင်ရင်းမှာ ဖူးမျှော်ဖို့စောင့်နေကြကြောင်း  ဘယ်နေရာမှာဆင်းဖို့ ရွေးချယ်ထားကြောင်း လျှောက်ထားရာ မြတ်စွာဘုရားက အောက်ပါစကားကို မိန့်တော်မူတာဖြစ်ပါတယ်။
ကုဟိံ ပန တေ မောဂ္ဂလာန ဧတရဟိ ဇေဋ္ဌဘာတာ
ဓမ်မသနောပတိ?
သင်္ကဿ နဂရေ ဘန္တေ။ (ဝိသုဒ္ဓိမဂ် ၂)
မောဂ္ဂလာန် သင့်ရဲ့ နောင်တော်ကြီးသာရိပုတ္တရာ ဘယ်မှာနေလဲ ဟုမေးရာ သင်္ကဿမှာပါဘုရား ဟုလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က ဒီလိုဆို ငါဘုရားကို ဖူးမြင်လိုသူတို့သည် သင်္ကဿကို လာရောက်ဖူးမျှော်ကြစေ ဟု မိန့်တော်မူလိုက်၏။
မောဂ္ဂလာန မံ ဒဋ္ဌုကာမာ သွေ သင်္ကဿနဂရေ အာဂစ္ဆန္တု အဟံ သွေ မဟာပဝါရဏပုဏ္ဏမာသီဥပေါသထဒိဝသေ သင်္ကဿနဂရေ သြတရိဿာမိ။
ရှင်မဟာမောဂ္ဂလာန်သည် ထိုအကြာင်းကို လူအပေါင်းအား သိစေပြီးနောက် သာဝတ္ထိမှ သင်္ကဿသို့ ယူဇနာသုံးရာဝေးသော ထိုခရီးကို လူအပေါင်းအား တမုဟုတ်ချင်းဖြင့် ရောက်အောင် တန်ခိုးဖြင့် ပိုဆောင်တော်မူ၏။
သီတင်းကျွတ်လပြည့်နေ၌့မြတ်စွာဘုရားသည် သိကြားမင်းအား လူ့ပြည်ပြန်ကြွရောက်မည့်အကြောင်း ပြောကြားရာ ဝိသကြုံနတ်သားကို ရွှေ ငွေ ပတ္တမြားစောင်းတန်းသုံးခုကို မြင့်မိုရ်တောင်ထိပ်မှနေ၍ သင်္ကဿမြို့တံခါးဝအထိ ဖန်ဆင်းစေပြီး မြတ်စွာဘုရားသည် အလယ်ပတ္တမြားစောင်းတန်းက ကြွရောက်ဆင်းသက်တော်မူ၏။ နတ်ဗြဟ္မာများက ဘေးစောင်းတန်းနှစ်ခုတွင်  အသီးသီး ပူဇော်လျက် လိုက်ပါလာကြ၏။
ထိုသို့ဆင်းလာချိန်တွင် မြတ်စွာဘုရားသည် လောကဝိဝရဏမည်သော တန်ခိုးကိုပြုတော်မူ၏၊ ထိုတန်ခိုးကား  သတ္တလောက သြကာသလောက အားလုံးကို ဖွင့်ပြသောတန်ခိုးတည်း၊ ငရဲပြည်မှ အထက် အကနိဋ္ဌဘုံတိုင်အောင်း ဟင်းလင်းပြင်ကဲသို့ဖြစ်နေ၏။ လူတို့သည်လည်းနတ်တို့ကိုမြင်နိုင်သလို နတ်တို့သည်လည်း လူတို့ကို မြင်ရပေ၏။ ထိုအံ့သြဖွယ်တန်းခိုးကို လူတိုင်းမြင်နိုင်ကြ၏။
မြတ်စွာဘုရား သင်္ကဿမြို့ စောင်းတန်းဦးရောက်သောအခါ ရှင်သာရိပုတ္တရာသည် ပဌမဦးဆုံး ခြေတော်အစုံကို ရှိခိုးဦးတိုက်ခွင့်ရ၏။
အောက်ပါဂါထာဖြင့်လည်း ပူဇော်လေ၏။
န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ။
န သုတော ဥဒ ကဿစိ။
ဧဝံ ဝဂ္ဂုဝဒေါ သတ္ထာ။
တုသိတာဂဏိမာဂတော။
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဤနေ့လို ထူးခြားဆန်းကြယ်သော ဖြစ်ရပ်မျိုးကာ 
ရှေးက မမြင်ဘူးသလို ကြားလည်း မကြားခဲ့ဘူးပါဘုရား။ ကရဝိတ်ငှက်မင်း၏အသံ ဗြဟ္မာမင်း၏ အသံတော်နှင့်တူစွာ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ထူးခြားသော တန်ခိုးပြာဋိဟာအဖုံဖုံတို့ဖြင့် သင်္ကဿမြို့တံခါးအနီး မြေပြင်သို့ ကြွဆင်းတော်မူခဲ့ပါပြီ။ ရှင်တော်မြတ်ဘုရားကို ဖူးမြင်ရ၍ လူနတ်အားလုံးတို့က ချစ်မြတ်နိုးစွာ ဘုရားအဖြစ်ကို တောင့်တ ကြပါကုန်၏ ဟု လျောက်ထားလေ၏။
ဤသို ရှင်သာရိပုတ္တရာက ရှေးဦးစွာဦးခိုက်ပြီး နောက်မှ ကျန်သောသူများ ရှိခိုးဦးတိုက်ခွင့်ရကြ၏။ 
သတ္ထာရံ ဓုရသောပါနေ ပတိဋ္ဌိတံ ပဌမမေဝ သာရိပုတ္တတ္ထေရော ဝန္ဒိ၊ ပစ္ဆာ သေသပရိသာ၊
{ဇာတ်အဋ္ဌကထာ.၄}
ထိုအချိန်တွင် ပရိသတ်အင်အားသည်ကား (၁၂) ယူဇနာအတိုင်းရှိ၏။ ထိုပရိသတ်တို့အလယ်၌ မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာ၏ ဉာဏ်ပညာကြီးကျယ်မှူကို ထင်ရှားပြလိုသည်ဖြစ်၍ ရှေးဦးစွာ ပုထုဇဉ်တို့သိနိင်သော ပုစ္ဆာကိုမေးတော်မူ၏၊ ထိုပုစ္ဆာကို ပုထုဇဉ်တို့သာဖြေကြကုန်၏။ ထိုနောက် သောတာပန်အရာနှင့်စပ်သောပုစ္ဆာကို မေးတော်မူ၏၊ ထိုပုစ္ဆာကို သောတာပန်တို့သာဖြေကုန်၏။ ပုထုဇဉ်တို့ ဘာမှမသိကုန်။
ထို့နောက် သကဒါဂါမ် အနာဂါမ် ရဟန္တာ မဟာသာဝကအရာတို့၌ အသီးသီးမေးတော်မူ၏ ထိုပုစ္ဆာတို့ကိုလည်း အထက်အထက်ပုဂ္ဂိုလ်တို့သာဖြေနိုင်ကြ၍ အောက်အောက်ပုဂ္ဂိုလ်တို့ ဘာမှ မသိကြကုန်။ ဆက်လက်၍ အဂ္ဂသာဝကအရာနှင့်စပ်သော ပုစ္ဆာကိုမေးတော်မူရာ၌ အဂ္ဂသာဝကတို့သာဖြေနိုင်ကုန်၏ အခြားသူတို့ ဘာမှမသိကြကုန်။
ထိုနောက် ရှင်သာရိပုတ္တရာအရာနှင့်စပ်သော ပုစ္ဆာကိုမေးတော်မူရာ ရှင်သာရိပုတ္တရာသည်သာလျင်ဖြေဆိုတော်မူနိုင်၏။ အခြားသောသူတွေ ဘယ်သူမှ မသိကုန်။ ထို့နောက် ဘုရားအရာ၌ ပြဿနာကို အကျဉ်းအားဖြင့် မေးတော်မူပြန်၏။ ရှင်သာရိပုတ္တရာသည် ပြဿနာရဲ့သဘောကိုသိသော်လည်း ဘုရားရှင်ရဲ့အလိုကျ မဖြစ်မှာကို စိုးရိမ်နေ၏၊ ထိုအကြောင်းသိတော်မူ၍ ဘုရားရှင်က နည်းလမ်းပေးတော်မူ၏။ ထိုသို့နည်းလမ်းရသောအခါ မထေရ်မြတ်သာ အကျဉ်းအားဖြင့်မေးသောပြဿနာကို အကျယ်တဝင့်ဖြေဆိုတော်မူ၏
ထိုအခါ နတ်လူတွေက မြတ်စွာဘုရားနှင့် ပြောတာ ဘယ်မထေရ်လဲ ဘယ်မထေရ်လဲ ဟု မေးမြန်းကြရာ ဓမ္မသေနာပတိ သာရိပုတ္တရာမရေ် တဲ့ ဟု သိကြသောအခါ "" အဟော မဟာပညော "" အံ့သြဖွယ်ကောင်းလောက်အောင် ဉာဏ်ပညာကြီးကျယ်လှပေတကား ဟု ချီးမွမ်းထောမနာပြုကြ၏။ ထိုအချိန်စ၍ ရှင်သာရိပုတ္တရာသည် နတ်လူတို့အကြားမှာ ဥာဏ်ပညာကြီးကျယ်သူအဖြစ် ထင်ရှားလာ၏။ မြတ်စွာဘုရားသည် ယူဇနာ ၁၂၀ ပမာဏရှိသောပရိသတ်ကြီးအားတရားဟောတော်မူပြီးအဆုံးမှာ အာလုံး ကုဋေပေါင်းသုံးဆယ် တရားထူးရကြ၏။
တိံသ ပါဏကောဋိယော အမတပါနံ ပိဝိံသု။
မြတ်စွာဘုရားသည် ဤသို့ ဓမ္မသေနာပတိ တရားစစ်သူကြီး ရှင်သာရိပုတ္တရာ၏ ပညာဉာဏ်ကြီးကျယ်ခြင်းဂုဏ်ကို ချီးမြှောက်ဖော်ထုတ်လိုသောကြောင့် တာဝတိံသာနတ်ပြည်မှ လူပြည်သို့ပြန်ကြွတော်မူလာသည့်အခါ သင်္ကဿမြို့ကို ရွေးချယ် ကြွတော်မူလာခြင်းဖြစ်ပါကြောင်း ဗဟုသုတအလို့ငှါ တင်ပြလိုက်ရပေတော့သည်။
ဒါကြောင့် တရားချစ်ခင်သူတော်စင်တို့တစ်တွေလည်း ခုလိုသီတင်းကျွတ်လပြည့်နေ့မှာ စောင်းတန်းသုံးသွယ်ဖြင့် ကြွတော်မူလာသော မြတ်စွာဘုရားအား အာရုံပြုကာ ဆီးမီးများဖြင့် ပူဇော်၍ ရှင်သာရိပုတ္တရာကဲ့သို့ ဉာဏ်ပညာကြီးကျယ်သောသူများ ဖြစ်ကြပြီး အမြိုက်ရေကို သောက်သုံးနိုင်ကြပါစေ ဟု ဆုတောင်းပေးလိုက်ပါတယ်။
မဇ္စျိမစာသင်သား { နေမိန္ဒ }
22.10.2018.
Credit photo Than Zaw 
Original post
ဆယ်ပါးသီလ
.   ဆယ်ပါးသီလ (ဝါ) ဒဿသာမဏေရသီလ
🌺🌿🌺🌿🌺🙏🙏🙏🙏🙏🌺🌿🌺🌿🌺
(၁) ပါဏာတိပါတာဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
(၂) အဒိန်နာဒါနာဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
(၃) အဗွဟ်မစရိယာဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
(၄) မုသာဝါဒါဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊
(၅) သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ၊
သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
(၆) ဝိကာလ ဘောဇနာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊
(၇) နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿနဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင် ကြည့်ရှု့ခြင်းမှ ရှောင်ကြဉ်ပါ၏။
(၈) မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ပန်းနံ့သာ နံ့သာပြောင်းကို လိမ်းကျံခြင်း မှ ရှောင်ကြဉ်ပါ၏။
(၉) ဥစ်စာသယန မဟာသယနာဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ၊
မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏။
(၁၀) ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ရွှေငွေကိုင်ခြင်း ခံယူခြင်း စီမံခြင်းမှ ရှောင်ကြည်ပါ၏။
ရှစ်ပါးသီလ
ရှစ်ပါး (ဥပုသ်) သီလ ခံယူဆောက်တည်ပုံ
🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမၸိ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
{ အရှင်ဘုရား တပည့်တော်သည် အားကိုးရာ သုံးပါးနှင့်တကွ ရှစ်ပါး သီလကို တောင်းပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ရှစ်ပါးသီလ ပေးတော်မူပါ ဘုရား။ }
(နမော တဿ စသော ဘုရားရှိခိုး၊ ဗုဒ္ဓံ သရဏံ စသော သရဏဂုံ တို့မှာ ငါးပါး သီလ ဆောက်တည်သည့် နည်းအတိုင်းပင်။)
သိက္ခာပုဒ် (၈)ပါး
🍁🍁🍁🍁
(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
(၂) အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
(၃) အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
(၅) သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
(၆) ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊
(၇) နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဒ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်နံသာ နံသာပြောင်းကို လိမ်းကျံခြင်း မှ ရှောင်ကြဉ်ပါ၏
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏။
တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ
အာမဘန္တေ ပါ၏ အရှင်ဘုရား။
🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠
Credit-Original Uploader
ကိုးပါးသီလ
ကိုးပါးသီလ ဆောက်တည်ခြင်း ပါဠိ 
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
အာမ ဘန္တေ ပါ၏ ဘုရား ။
ဘုရား ရှိခိုးခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
သရဏဂုံ ဆောက်တည်ခြင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။
ကိုးပါးသီလ ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသန ဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၈။ ဥစ္စာ သယန မဟာသယန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၉။မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။
အာမ ဘန္တေ ပါ အရှင်ဘုရား ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
Credit-Original Uploader
Tuesday, October 19, 2021
ဘယ်သူနိုင်လို့ ဘယ်သူရှုံးမလဲ
ဘယ်သူနိုင်လို့ ဘယ်သူရှုံးမလဲ ❓
လူ့လောကမှာ လူတွေ 
အနိုင်အရှုံး သတ်မှတ်တဲ့နေရာ 
အယူအဆခြင်း မတူညီကြဘူး။ 
လောကရှုထောင့်က ကြည့်တဲ့အခါ 
အနိုင်လို့ ထင်ရပေမယ့်လို့ 
ဓမ္မရှု‌ထောင့်က ကြည့်တဲ့အခါ 
အရှုံးဖြစ်နေတာတွေ တွေ့တယ်။ 
ဒါကြောင့်မို့ အနိုင်အရှုံးဆိုတာဟာ 
ရှု့‌ထောင့်အလိုက် ဘယ်သူက နိုင်ပြီး 
ဘယ်သူက ရှုံးသလဲဆိုတာ သိကြရတယ်။
တစ်ခါတစ်ရံ လူတွေဟာ 
ကိုယ်က နိုင်လိုက်တယ်လို့ ယူဆတယ်။ 
သို့သော် ကိုယ်က ရှုံးသွားတာကို မသိကြဘူး။ 
အဲ့ဒီတော့ နိုင်လိုက်တယ် ထင်ပြီး 
အရှုံးကြီး ရှုံးသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ 
တစ်ဘဝမကဘူး၊ တစ်သံသရာလုံးထိအောင် 
ရှုံးသွားကြတယ်။ 
ဒါကြောင့် လောကအမြင် နဲ့ ဓမ္မအမြင်ဟာ 
အင်မတန်မှကွာခြားတယ်။ 
တစ်ခါတစ်ရံ လုံးဝ ဆန့်ကျင့်ဘက်ဖြစ်တယ်။ 
မြတ်စွာဘုရားက 
အနိုင်ယူနည်း လေးမျိုးကို 
ဟောကြားထားတာ ရှိတယ်။ 
ဘယ်လိုပုဂ္ဂိုလ်မျိုးကို 
ဘာနဲ့ အနိုင်ယူရမယ် ဆိုတာကို 
မြတ်စွာဘုရား ဟောထားတဲ့ ဒေသနာတော် 
အထင်အရှားရှိတယ်။ 
ဒေါသသမားကို အနိုင်ယူနည်း
~~~~~~~~~~~~~~~~~~~~
မြတ်စွာဘုရားက
"အ‌တ္ထဓောနေ ဇိနေကောဓံ" 
ဒေါသခက်ထန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို 
မိမိက ဒေါသ ခက်ထန်ခြင်း မပြု၊
သည်းခံခြင်း၊မေတ္တာ ထားခြင်း၊
အေးငြိမ်းတဲ့ စိတ်ဓါတ်မျိုးဖြင့်သာလျှင် 
အနိုင်ယူလို့ ဟောတော်မူတယ်။ 
ဟော .. 
လောကရဲ့ အမြင်နဲ့ အလွန်ဆန့်ကျင်တယ်။ 
ခက်ထန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို 
ဒေါသနဲ့ မတုံ့ပြန်ဘဲ 
မေတ္တာနဲ့ တုံ့ပြန်ရမယ်လို့ ဆိုတာပါပဲ။ 
ဒေါသကို မေတ္တာနဲ့ အနိုင်ယူပါ။ 
ခန္တီ ဆိုတဲ့တရားနဲ့ အနိုင်ယူပါ။
မကောင်းသူကို အနိုင်ယူနည်း
~~~~~~~~~~~~~~~~~~
"အသာဓုံ သာဓုနာ ဇိနေ"တဲ့။ 
လောကလူတွေဟာ လူတိုင်း 
အကောင်းချည်း လုပ်နေတာ မဟုတ်ဘူး။ 
မကောင်းတာလည်း လုပ်ကြတယ်။
မကောင်းတာတာတွေလုပ်တဲ့ ပုဂ္ဂိုလ်တယောက်ကို 
ကိုယ်က ကောင်းတာလုပ်ပြီးတော့ နေရမယ်။ 
သူမကောင်းတာလုပ်တာမျိုးကို 
လိုက်ပြီး မတုရဘူး။
မကောင်းတာကို မကောင်းတာနဲ့ မတုံ့ပြန်ရဘူး။
မကောင်းတာကို ကိုယ်က
ကောင်းတာနဲ့ တုံ့ပြန်ရတယ်။ 
မြတ်စွာဘုရားက  မကောင်းသူကို 
မိမိကိုယ်တိုင်က သူ့အပေါ်မှာ ကောင်းခြင်းဖြင့် 
ကိုယ်ကအနိုင်ယူပါတဲ့။
မစ္ဆရိယသမားကို အနိုင်ယူနည်း
~~~~~~~~~~~~~~~~~~~~
"ဇိနေ ကဒရိယံ ဒါနနေ"တဲ့။ 
နှမြောတဲ့ ပုဂ္ဂိုလ်တို့ကို 
မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့်
အနိုင်ယူပါတဲ့။ 
နှမြောတဲ့ပုဂ္ဂိုလ်နဲ့ 
စွန့်ကြဲပေးကမ်းတတ်တဲ့ ပုဂ္ဂိုလ်၊ 
ဘယ်သူက နိုင်လို့ ဘယ်သူက ရှုံးတာလဲ?
အနိုင်အရှုံး တွက်ကြည့်ရမယ်။
ဒါနကောင်းမှု မရှိတဲ့ ပုဂ္ဂိုလ်ဟာ ရှုံးနေတယ်၊ 
ဒါနရှိတဲ့ ပုဂ္ဂိုလ်ဟာ အနိုင်ရနေတယ်၊ 
ဒီလို အနိုင်အရှုံးကို တွက်လို့ ရတယ်‌။
လူလိမ်ကို အနိုင်ယူနည်း
~~~~~~~~~~~~~~~
နောက်တစ်ခုက "သစ္စေနာလိကဝါဒိနံ" တဲ့။ 
"အလိကဝါဒီ" ဆိုတာ 
ဘယ်တော့မှ မှန်မှန်မပြောဘူး။
မဟုတ်တာ မမှန်တာကို 
အမြဲပြောနေတဲ့ ပုဂ္ဂိုလ်မျိုးကို 
သစ္စေန -မိမိက မှန်တာကိုသာ ပြောခြင်းဖြင့် 
အနိုင်ယူပါတဲ့။
မှန်ကန်တဲ့ စကားကို ဆိုတဲ့သူဟာ 
တဖြည်းဖြည်း မြင့်တက်လာတယ်။
မှန်ကန်တဲ့ စကားတွေဆိုမှုကို အကြောင်းပြုပြီး 
သူရဲ့ သန္တာန်မှာ 
ကုသိုလ်တဖြေးဖြေးမြင့်တက်လာတယ်။
ဒာကြောင့် လိမ်တဲ့လူဟာ အရှုံးသမားဖြစ်ပြီး 
မှန်ကန်စွာပြောဆိုတဲ့ ပုဂ္ဂိုလ်က အနိုင်ရတယ်။
နိုင်သူနဲ့ ရှုံးသူ 
လောကအမြင် နဲ့ နိုင်သူနှင့်ရှုံးသူဟာ 
ပုံစံတစ်မျိုးနဲ့ မြင်ရမှာ ဖြစ်သော်လည်း 
ဓမ္မအမြင် နဲ့ ကြည့်မှ တကယ့်
နိုင်သူအစစ်နဲ့ ရှုံးသူအစစ်ကို
မြင်ကြရမှာ။
တို့တေတြဟာ 
နိုင်သူဘက်က နေမလား၊ 
ရှုံးသူဘက်က နေမလား။ 
တို့တတွေဟာ ဘယ်နည်းနဲ့
အနိုင်ယူမလဲဆိုတာကိုလည်းပဲ 
ဗုဒ္ဓမြတ်စွာဟောကြားတဲ့ ဒေသနာတော်အရ 
မှတ်သားသင့်တယ်။ 
မှတ်သားပြီးတော့ 
မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ 
လက်တွေ့ကျင့်သုံးဖို့လိုအပ်တယ်။ 
လက်တွေ့ကျင့်သုံးခြင်းဖြင့် 
တို့တေတြဟာ 
သံသရာမှာ အရှုံးသမားများမဖြစ်ဘဲ 
အနိုင်ရသူများဖြစ်အောင် 
ကြိုးစားအားထုတ်ရမယ်။ 
ဒါကြောင့် 
ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့
ဒေသနာတော်ကို ဦးထိပ်ထားပြီး
သံသရာဘဝမှာ အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေသာ 
ဖြစ်ကြပါစေကုန်သတည်း။     
🙏သာဓု သာဓု သာဓု🙏
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 
ဒေါက်တာနန္ဒမာလာဘိဝံသ
("နိုင်သူနှင့် ရှုံးသူ" တရားတော်မှ 
ကောက်နုတ်ဖော်ပြ ဓမ္မဒါနပြုပါသည်။ 
ထပ်ဆင့်ကုသိုလ်ယူခြင်း‌ဖြင့် 
ကပ်ကြီးသုံးပါးဘေးက ကင်းဝေးကြပါစေ။
credit..Dhamma Practitioner
ဆီမီး အလင်းတိုင် လှူရကျိုး
ဆီမီး၊အလင်းတိုင် လှူရကျိုး ( ၇ )  မျိုး 
🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯
၁။   ခန္ဓာကိုယ်မှ အညစ်အကြေး ကင်းစင်ခြင်း။ 
၂။   အနီးအဝေးကို ကြည့်ရှုက မြင်နိုင်သော အဘိညာဉ်ရခြင်း။ 
၃။   ကျောက်တောင် အုဌ်တံတိုင်း စသည်ကို ဖောက်ထွင်းမြင်နိုင်သော မျက်စိကို ရရှိခြင်း။ 
၄။    အမှုကိစ္စတို့ကို ပြုလုပ်ဆောင်ရွက်က မခက်ခဲဘဲ အလွယ်နှင့်ပြီးစီးခြင်း။ 
၅။    ဉာဏ်ပညာ ကြီးမား ထက်မြက်ခြင်း။ 
၆။    ခရီးသွားလေရာမှာ မိမိအထက်က အလင်းရောင်များ အမြဲလိုက်ပါခြင်း။ 
၇။     မဂ်ဉာဏ် ဖိုလ်ဉာဏ်အလင်းရ၍ နိဗ္ဗာန်ကို သိမြင်နိုင်ခြင်း။ 
"ဆီမီးလှူကျိုး  ညစ်ကြေးကင်းစင်
ဒိဗ္ဗစက္ခု   ရမူနောင်တွင်
ကျောက်တောင်ထွင်း၍  အလင်းကိုမြင်
ဘယ်ကိစ္စ  ခက်ရသူမထင်
ဆီမီးလှူက  ကြီးထပညာ
သွားရာရောင်လင်း  မယွင်းလိုက်ပါ
မဂ်ဖိုလ်ဥာဏ်ထူး  ဆွတ်ခူးမှန်စွာ
နိဗ္ဗာန်နန်း  စံမြန်းရလေတာ။"
(တစ်နည်း) ဆီမီးလှူကျိုး ( ၅ )ပါး။
******************************
၁။  တန်ခိုးတေဇော် အာနုဘော်ကြီးခြင်း၊ 
၂။  ရဲရင့်လျင်မြန်ခြင်း၊ 
၃။  ထွန်းလင်းတောက်ပအဆင်းလှခြင်း၊ 
၄။  ဥာဏ်ပညာထက်မြက် ကြီးကျယ်ခြင်း၊ 
၅။  ကိတ္တိ ၂-ပါးကျော်စောထင်ရှားခြင်း။           ။ 
( ဤကား အကျိုးများစွာတို့အနက် ထူးကဲသောအကျိုးငါးပါးသာဟု မှတ်ရာ၏။)
(တစ်နည်း) ဆီမီးလှူရကျိုး (၂)ပါး
******************************
ဘုရားရှင်အား စိတ်ထားကြည်ဖြူ ၊
ဆီမီးလျှပ်ပန်း လှူဒါန်းသောသူ ။
စက္ခု မံသ  ဉာဏနှစ်ဆူ ၊
ကြည်လင်၏  ဖြစ်ဘိဉာဏ်ကြီးသူ။
  ( ရှင်းလင်းချက် )
ဘုရားရှင်အား ကြည်ကြည်ဖြူဖြူ ဆီမီးကပ်လှူ
သောသူအား...
၁- မံသစက္ခု = ပကတိမျက်လုံး ကြည်လင်
အားကောင်းခြင်း။
၂- ဉာဏစက္ခု= အသိဉာဏ်မျက်လုံး အားကောင်းခြင်း ဟူသော အကျိုး နှစ်ပါး ရရှိနိုင်သည်။
( တစ်နည်း)ဆီမီးလှူရကျိုး (၃)ပါး
*******************************
ဥစ်စာ ကုလ၊
ပြည့်ဝအင်္ဂါ၊
ပညာကြီးမား၊
ဤသုံးပါး၊
မှတ်သား ဒီပ အကျိုးတည်း။
Cred..ဗုဒ္ဓအရိပ်
သာဓုခေါ်ရကျိုး
🌷🌷သာဓုခေါ်ရကျိုး 🌷🌷
***********🌸🌸🌸***********
“နာကိုး တောင်းရှစ်၊ သာဓုတစ်၊ ဟောလှစ် အသင်္ချေ” ။
“တရားနာယူသည့်အတွက် ကိုးကမ္ဘာတိုင်တိုင် အပါယ်မလားနိုင်၊ သာဓုခေါ်သည့်အတွက် တစ်ကမ္ဘာ အပါယ်မလားနိုင်၊
တရားဟောသည့်အတွက် ကမ္ဘာအသေချေၤတိုင် အပါယ်မလားနိုင်”ဟုဆိုပါသည်။
“နာကိုး တောင်းရှစ်၊ သာဓုတစ် ဟောလှစ် အသင်္ချေ”ဟူသည်-
“နဝကပ်ပံ သုတဓမ်မံ၊
အဋ္ဌကပ္ပဉ္စ ယာစိတော။
ဧကော ကပ္ပော နုမောဒနာ၊
ဒေသိတောစ အသချေၤယော။” ဆိုသည့် ဂါထားကလေးကို မြန်မာမူပြုထားသည့် ဓမ္မစာစုကလေးဖြစ် ကြောင်း သိနိုင်ပါသည်။
 နာကိုး တောင်းရှစ် သာဓုတစ်"- မေးခွန်း အဖြေ။ ။
“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသချေၤ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌  မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။
နာ-ကိုး။ 
*******
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ မကြားဘူးသည်ကို ကြားနာရ၏၊
၂။ ကြားဘူးသည်ကို ဖြူစင်စေ၏၊
၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏၊
၄။ အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊
၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု-မိန့်တော်မူ၏။
 (အင် ၊မြန်၊၂၊၂၇၂)
ထို့ပြင် တရားတော်ကို ကြားနာခြင်းဟူသော သောတသာဝန၊ နှုတ်ဖြင့် သရဇ္ဈာယ်ခြင်းဟူသော ပရိစိတ၊ စိတ်ဖြင့် အဖန်ဖန်ကြံစည်ခြင်းဟူသော မနသာအနုပေက္ခိတ၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍  သိခြင်းဟူသော ဒိဋ္ဌိယာသုပနိဝိဒ္ဓ၊ ဤလေးပါးသောကိစ္စတို့ဖြင့် ကောင်းစွာ အားထုတ် အပ်သည်ရှိသော်  လေးပါးသော အကျိုး တရားတို့ကို ရနိုင်ကြောင်း အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊  သောတာနုဂတသုတ်တွင်  ဟောတော်မူထား၏။ (အင်၊မြန်၊၁၊၅၁၉)
လေးပါးဟူသော်ကား-....
၁။မေ့လျော့သည်ဖြစ်၍ လုုူ့အဖြစ်ကို စွန့်ရသည်ရှိသော် အထက်နတ်ပြည်၌ ဖြစ်ရ သဖြင့်  ရှေးဘဝ၌ကြားနာအပ် အားထုတ် အပ်သော ပရိ ယတ္တိတရားရှိသောပုဂ္ဂိုလ်သည် ကြည်လင်သောကြေးမုံပြင်၌ထင်သော မျက်နှာ ရိပ်ကဲသို့ အလိုလိုပင် ထင်ခြင်းသို့ ရောက်သဖြင့် မဂ်
ညဏ်၊ ဖိုလ်ညဏ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းတစ်ပါး။
၂။မိမိအလိုလိုပင် တန်းခိုးကြီးသောရဟန်းတို့ဟောပြော၍ ထပ်မံနာရ ပြန်သောအခါ၌ လိမ္မာသောယောကျ်ား သည် အရပ်တစ်ပါး၌ စည်ကြီး သံကိုကြားသည်ရှိသော်  ကြားသောခဏ၌ စည်းကြီးသံဟု မတွေမေ၀ သိနိုင် သကဲ့သို့ တရားသံကိုကြားရသောခဏ၌ မတွေမဝေသိသဖြင့်
လောကုတ္တရာ တရားအထူးကို ရခြင်းတစ်ပါး။
၃။တန်းခိုးကြီးသောရဟန်း မဟောသော်လည်း သုဓမ္မာသဘင်၌ သနင်္ကုရဗြဟ္မာ သိကြားမင်းတို့ ဟောပြော၍ ကြားနာရသော ခဏ၌ မဂ်ဖိုလ်ရခြင်းတစ်ပါး။
၄။ထို့သို့ပင် မဟုတ်သော်လည်း အပေါင်းအဖော်နတ်တို့ သတိပေး၍ မဂ်ဖိုလ်ရခြင်းတစ်ပါး။ ဤလေးပါးတို့တည်း။
အထက်ပါဖော်ပြချက်တို့တွင် ဓမ္မဿဝနသုတ်လာ ငါးပါးသောအကျိုး တရားတို့သည် ယခု  မျက်မှောက်ဘဝအတွက်ဖြစ်၏။ သောတာနုဂတသုတ်လာ လေးပါးသောအကျိုး တရားတို့သည်  နောင်တမ လွန်ဘ၀ အတွက်ဖြစ်၏။
သို့သော် ထိုအကျိုးတရားတို့ကို လူတိုင်း မုချ အလွယ်တကူ ရနိုင်ကြသည် မဟုတ်ကုန်။
အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်၊ ဒုက္ကထာသုတ်၌ ဟောတော်မူသည့်အတိုင်း သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ မရှိသူတို့အား ထိုသဒ္ဓါစသောတရား တို့သည် မကောင်းသော စကားတို့သာဖြစ်၏။
ထို့ကြောင့် ထိုသူမျိုးတိုု့အား ထိုသဒ္ဓါတရားစသည်နှင့်စပ်သော တရားစကားတို့ကို ကြားနာရသော အခါ  နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇ စသည်မဖြစ်၊ နှလုံးမသာယာခြင်း ဒေါမနဿ စသည် တို့သာဖြစ်၏။ ထို့
ကြောင့် ထိုသူမျိုးတို့အား တရားနာရခြင်း အကျိုးတရားတို့ ပြည့်ပြည့်၀၀ မဖြစ်ပွားကြကုန်။
အကျိုးတရားခံစားကြရသူတို့တွင်လည်း ဤဘဝမဂ်ဖိုလ် ရထိုက်သုူတို့သည် ဤဘဝ၌ပင် မဂ်ဖိုလ်ကို  ရနိုင်ကြကုန်၏။ ဤဘဝ၌ မဂ်ဖိုလ်မရထိုက်သူ အချို့သည် နောက်ဘဝ၌ မဂ်ဖိုလ်ရနိုင်ကြ ကုန်၏။ အချိုသူတို့အား အထုံဝါသနာ အနေအားဖြင့်သာ ဖြစ်ကုန်၏။  သို့ရကား တရားနာရခြင်း၏  အကျိုးတရားတို့ကို  ဘဝဖြင့်ပိုင်းခြား၍ မဖြစ်နိုင် ပါချေ။
 တောင်း ရှစ်။ ။
******************
မြန်မာနိုင်ငံတွင် တရားမဟောမီ ဝတ်အဖွဲ့ ၊ နိဗ္ဗာန်ဆော်၊ ပန်းဒကာ စသူတို့က မိမိတို့ရရှိထားသော တရားတောင်းလင်္ကာများဖြင့် တရားဒေသနာများ ချီးမြှင့်ဟောကြားတော်မူပါရန် ရွတ်ဆိုတောင်းပန်ကြကုန် ၏။ သို့ရာတွင် ထိုသူတို့အား တရားတောင်းသူ အစစ်ဟု မဆိုနိုင်ကုန်။ ထိုသူတို့  မတောင်းပန်လျှင်လည် း တရား ပွဲဖြစ်မြောက်အောင်တာဝန်ယူပင့်ဖိတ်သူ၊ စီစဉ်ဆောင်ရွက်သူ အလှူရှင် တို့က  လျှောက်ထားတောင်းပန်ပြီး ဖြစ်သောကြောင့် ဟောမည်ပင်ဖြစ်၏။ ထိုကြောင့် ထိုဓမ္မဒါန ကုသိုလ်ရှင်  စီၤစဉ်ဆောင်ရွက် သူတို့သာ မူလတရားတောင်းသူတို့ ဖြစ်ကုန်၏။  ထိုသူတို့သည် တရားဟော သူနှင့်မခြား ဓမ္မဒါန ကုသိုလ်တရားတို့ ဖြစ်ပွားရရှိကြကုန်၏။ မှန်၏။ ကုသိုလ်အမှု၌ဖြစ်စေ၊ အကုသိုလ်အမှု၌ဖြစ်စေ ကိုယ်တိုင်ပြုသူ (သာဟတ္တိက) စေခိုင်းတိုက်တွန်းသူ (အာဏတ္တိက)  အကျိုးပြ၍ ချီးမွမ်းသူ (ဝဏ္ဏဘာသန) ကျေနပ်သဘောကျသူ(သမနုညာ)တို့အား ထပ်တူ အကျိုးရနိုင်ကြော င်း အဖွင့်အဋ္ဌကထာများ နှင့်အညီ ရှေးဆရာတို့ ဤသို့လင်္ကာဖွဲ့ဆိုပြတော်မူထား၏။
“ကမ္မပထ၊ ဆယ်ပါးပြ၌၊ နှစ်၀ ဒု-သု၊ ကိုယ်တိုင်ပြုနှင့်၊ သူတို့စေငြား၊ ရွှင်အားနှစ်သက်။ ချီးမွမ်းမြွက် ဟု၊  လေးချက်ဆီလီ၊ လေးဆယ်စီတည်း၊ မျှညီ ပြစ်ကျိုး၊ တူရိုးအဟုတ်၊မြတ်သမ္ဗုဒ်တို့၊ မယုတ်မပို၊ ဟောမိန့်ဆိုခဲ့။
(မဃဒေဝ၊၂၃၀)
ဓမ္မဒါနကုသိုလ်ရှင်ဟု ခေါ်ဆိုကြသော တရားပွဲဖြစ်မြောက်ရန် မတည် လှူဒါန်းသူ အလှူရှင်သည် ဓမ္မကထိက ပုဂ္ဂိုလ်အားလည်း ဓမ္မဒေသနာ ကုသိုလ်ဖြစ်စေသူ တရားနာပရိသတ်အပေါင်း  သူတော်ကောင်းတို့အားလည်း ဓမ္မဿဝနကုသိုလ်ဖြစ်စေသူ တရားဟောသူ တရားနာသူ စီစဉ်သူ အားလုံးတို့အား အာမိသဒါန ဓမ္မဒါန တို့ကို ဖြစ်ပွားစေသူ ဖြစ်သဖြင့် လွန်စွာကျေးဇူးများလှ၏။
သို့ရာတွင် ထိုသို့တောင်းပန်သူ တိုက်တွန်းသူများ ဘဝပေါင်းမည်မျှအ ကျိုးပေးနိုင်၏ ဟု ဘဝဖြင့် ပိုင်းခြား၍ ဟောပြသော ဒေသနာတို့ကို မတွေ့ရပေ။ မေးခွန်းပါ တရားနာခြင်း၊ ဟောခြင်း တောင်းပန်းခြင်း သာဓုခေါ်ခြင်း အမှုတို့သည် ဒါန သီလ ဘာဝနာ ဟု ကုသိုလ်အမှု့ သုံးခုရှိရာတွင် ဘာဝနာကုသိုလ်တွင် စာရင်းဝင်၏၊  ဘာဝနာကုသိုလ်၏ ပန်းတိုင်သည်လည်း မဂ်ဖိုလ်နိဗ္ဗာန် မြန်မြန်ရရန်ဖြစ်၏။ ထို့ကြောင့် အကျိုး တရားတို့ကို ဘဝဖြင့် ပိုင်းခြားပြစရာ မလိုဟု ယူဆပါသည်။
သာဓု တစ်။ ။
*****************
တရားနာရာ၌ သာဓုခေါ်ရခြင်း၏ အကျိုးပြ ဝတ္ထုသက်သေတစ်ခုကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှ ထုတ်နှုတ်ပြပါမည်။
မြတ်စွာဘုရားသခင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခို က် တစ်ယောက်သော သူဌေးသမီး၏ လင်ယောက်ျားသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍  “ ဤတရားကို လူ့ဘဝဖြင့် ဖြည့်ကျင့်ခြင်းငှါ မလွယ်ကူ” ဟု ယူဆကာ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါး၏  အထံ၌ ရဟန်းပြုလေ၏။
ထိုသူ၏မယားကို ပသေနဒီကောသလမင်းကြီးက သိမ်းပိုက်ကာ ကိုယ်လုပ်မောင်းမအရာ၌ ထားလေ၏။  တနေ့သောအခါ ကြာညိုပန်းတစ်စည်းကို ယူ၍ မောင်းမတစ်ယောက်စီအား ကြာညိုပန်း တစ်ပွင်စီပေးစေ၏။ ထိုသို့ဝေဘန်ရာတွင် ထိုရဟန်းဝတ်သွားသူ၏ မယားဟောင်းသည် ပန်းနှစ်ပွင့်ရလေ၏- ထိုမောင်းမသည် ပြုံးပျော်ကြည်နူးကာ ပန်းတို့ကို နမ်းရိူက်လျှင် လင်ဟောင်းဖြစ်သော ရဟန်းကို အောက်မေ့သတိရသဖြင့် ငိုကြွေးမိလေ၏။ မင်းကြီးသည် ထိုမိန်းမ၏ ပြုံးရီလိုက် ငိုလိုက် ဖြစ်နေပုံ ကို တွေ့မြင်၍ ခေါ်ကာမေးလေလျှင် “ကြာညိုပန်း နှစ်ပွင့်ရသဖြင့် ဝမ်းသာကာ ပြုံးရယ်မိကြောင်း ကြာပန်းကို  နမ်းရှိုက်စဉ် ခံတွင်းမှ ကြာညို ပန်းနံထွက်သော ယခုရဟန်းပြုသွားပြီဖြစ်သော လင်ဟောင်းကို သတိရသဖြင့် ငိုကြွေးမိကြောင်း အကြောင်းစုံကို လျှောက်တင်လေ၏။
ပသေနဒီကောသလမင်းကြီးသည် သုံးကြိမ်တိုင်တိုင်မေးမြန်း စစ်ဆေး၍ မယုံကြည်သေးသဖြင့် နောက်နေ့တွ င် နန်းတော်သို့ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဖိတ်၍ အလှူကြီးပေးကာ ဆွမ်းကိစ္စပြီးသောအခါ၌ ထိုမောင်းမကို မေးမြန်းမှတ်သား၍ ဘုရားရှင်အား ရှိခိုးကာ “အရှင်ဘုရား၊ ရဟန်းအပေါင်းနှင့် တကွ ပြန်ကြွတော် မူပါ။     တပည့်တော်တို့အား ဤမည်သောရဟန်း တရားဟောပါလိမ့်မည်”ဟု  လျှောက် ထားလေ ၏။ မြတ်စွာဘုရားသည် (သူဌေးသမီး၏ လင်ယောကျ်ားဖြစ်ဘူးသော) ထိုရဟန်းကို  ချန်ထား၍ ပြန်ကြွတော်မူ၏။
မထေရ်သည် အနုမောဒနာတရား ဟောအံ့သောငှါ ပါးစပ်ဟလိုက်လျှင်ပင် နန်းတော်တစ်ခုလုံး နံ့သာကြုတ်  ကဲ့သို့ဖြစ်၍  အလွန်မွှေးကြိုင်သွား၏။ မင်းကြီးသည် မောင်းမ၏ စကားကို ယုံကြည် သွားပြီး နောက်နေ့၌ ဘုရားရှင်ကို မေးလျှောက်လေ၏၊
မြတ်စွာဘုရားသည် “ဤရဟန်းကား အတိတ်ဝေးစွာ ရှေးအခါတုန်းက တရားစကား နာကြားရသည်ရှိသော် “သာဓုသာဓု” ဟု ကောင်းချီးနုမော် သာဓုခေါ်လျက် ပတ္တာနုမောဒန ကုသိုလ်ကို အရိုအသေ ဖြစ်စေခဲ့ဖူးလေပြီ ။
ထိုကုသိုလ် အကြောင်းရင်းကြောင့် ဤသို့သော အကျိုးအာနိသင်ကို ရရှိခြင်းဖြစ်၏။ ဟု မိန့်တော်မူ၏။ (အံ၊ ဋ္ဌ၊ ၁၊ ၂၂ )
“သတည်း” ချတိုင်း ဝတ္တရားအရ သာဓုခေါ်ရခြင်းမျိုးမဟုတ်ပဲ တရားတော်၌ နားစိုက်ကာ ဓမ္မရသ  သောက်သုံးရသဖြင့် အားရရွှင်လန်း ဝမ်းမြောက်သည့်အနေ ချီးမွမ်းသည့်အနေဖြင့် သာဓုခေါ်နိုင်လျှင် ဝဏ္ဏဘာသန ပတ္တာနုမောဒန ကုသိုလ်တရားများ ဟောသူနှင့်မခြား အလားတူ ရရှိနိုင်သည်။
ဟောလစ် အသခေင်္ျ ။ ။
**************************
သံယုတ်ပါဠိတော် ကိံဒဒသုတ်တွင် “ အမတံဒဒေါ စ သော ဟောတိ ၊ ယော ဓမ္မမနုသာသတိ။ “အကြင်သူသည် တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမ၏။ ထိုသူသည် အမြိုက်နိဗ္ဗာန်ကို  ပေးလှူသည်မည်၏” ဟု ဘုရား ရှင်ဟောတော် မူပါသည်။( သံ၊ ၁၊ ၂၉)
ယင်းသုတ်၏ အဋ္ဌကထာ အဖွင့်တွင် “ တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမခြင်း- အရ  အကြောင်းအကျိုးကို အစဉ်အားဖြင့် ဆုံးမခြင်း ပိဋကတ်သုံးပုံ၏ အဋ္ဌကထာကို ဖွင့်ဆိုပြသခြင်း၊ ပါဠိတော်ကို ပို့ချခြင်း၊ ကမ္မဋ္ဌာန်းတရား  ညွှန်ကြားပြသခြင်း၊ သူတစ်ပါးတို့အား တရားနာအောင် သွေးဆောင်တိုက်တွန်းခြင်းတို့ ပါဝင်ကြောင်း ဖွင့်ဆို  ရှင်းပြထား၏။ (သံ၊ ဋ္ဌ၊၁၊၇၉)
တဖန် အများသိပြီးဖြစ်သော ဓမ္မပဒပါဠိတော်လာ “ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” (ခပ်သိမ်း ဒါန ဟူသမျှတွင် ဓမ္မဒါန တရားအလှူ မြတ်ဆုံးဟူ၏။ ) ဟူသော ဂါထာပါဒ၏ အဋ္ဌကထာအဖွင့်ကို အဓိပ္ပယ်သိသာရုံမျှ  ဘာသာပြန်ပြရလျှင်-ဤစြက်ာဝဠာတိုက်အတွင်းမှသည် ဗြဟ္မာပြည်တိုင်အောင် စည်ဝေးတည်နေ တော် မူကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့အား မွန်မြတ်ကုန်သော ဆွမ်း ၊သင်္ကန်း၊ ကျောင်း၊  ဆေး ဟူသော ပစ္စည်းလေးပါးတို့ကို ပေးလှူရာ၏ ။
ထိုပေးလှူအပ်သော အာမိသဒါန ကုသိုလ်သည် ထိုအစည်း အဝေး၌ လေးပါဒ မျှရှိသော ဂါထာတစ်ပုဒ်ကို ဟောကြားအပ်သော ပုဂ္ဂိုလ်၏ ဓမ္မဒါနကုသိုလ်ကို ၁၆-စိတ်(ဝါ) ၂၅၆ စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမှီနိုင်။ အဘယ်ကြောင့်ဆိုသော်  ထိုဆိုအပ်ပြီးသော ကုသိုလ်ကြီးတို့ကို ပြုလုပ်နိုင်ကြခြင်း သည် တရားတော်ကို နာရ၍သာ ပြုလုပ်နိုင်ကြခြင်း ဖြစ်၏။
အကယ်၍သာ တရားတော်ကို မနာရသဖြင့် အကျိုးအကြောင်းကို မသိမြင် မယုံကြည်နိုင်ကြလျှင် ယာဂုတစ်ရှုတ် ဆွမ်းတစ် လုပ်ကိုမျှ လှူနိုင်ကြလိမ့် မည်မဟုတ်ကုန်၊ ဤအကြောင်းကြောင့် ဓမ္မဒါနသည် ခပ်သိမ်းသော ဒါနတို့ထက် သာလွန်မွန်မြတ်၏။
တစ်နည်းလည်း ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါတို့မှ တစ်ပါး ရွာသွန်းနေသော  မိုးရေမိုးပေါက် တို့ကို  ရေတွက်ခြင်းငှါ စွမ်းနိုင်သော ပညာနှင့်ပြည့်စုံသော အရှင်သာရိပုတ္တရာအစရှိသော ပုဂ္ဂိုလ်တို့သည်ပင် မိမိတို့ အလိုလို သောတာ ပတ္တိဖိုလ်စသည်တို့သို့ ရောက်ခြင်းငှါ မတတ်နိုင်ကုန် ။ အရှင်အဿဇိ မထေရ် စသော ပုဂ္ဂိုလ်များ ဟောကြားတော်မူအပ်သော တရားဒေသနာများ ကို နာကြားရမှသာ မဂ်ဖိုလ်ရနိုင်ကြပါသည် ။  ဤအကြောင်းကြောင့်လည်း အလှူအားလုံးထက် တရားအလှူက သာ၍မြတ်၏ ။
ဤမျှဖြင့် ဟောခြင်း နာခြင်းတို့၏ အကျိုးတရားတို့ကို အမြွက်မျှသိရပေပြီ။ နာကိုးတောင်းရှစ် စသည်ဖြင့် ဘဝဖြင့် ပိုင်းခြားပြသော အကျိုးတရားတို့ကို ပိဋကတ်တော်၌ တိုက်ရိုက် မတွေ့ရသော်လည်း မဖြစ်နိုင်ဟု မမှတ်ယူစေလို၊ ထိုထက်သာ၏-ဟုပင် ဆိုနိုင်ပါသည်။ အကြောင်းမှာ တရားနာရခြင်း ဟောရခြင်းတို့ကြောင့် ဘဝကိုမုန်းကာ ဘဝဆုံး အောင် အားထုတ်သဖြင့် မြန်မြန် နိဗ္ဗာန်ရနိုင်သောကြောင့် ဖြစ်ပါသည် ။
အရှင်ကောဝိဒ (ယော )
သာဓုခေါ်ရခြင်းအကျိုး
“ သာဓု ခေါ်ဆိုရခြင်း အကျိုး ”
---------------------------------
ခုခေတ်လူတွေ ခဏခဏ 
‘သာဓု’ခေါ်နေကြတာ 
ဘာလို့ မရတာတုန်းလို့ 
မေးကောင်း မေးလိမ့်မယ်။
ရေထဲမိုးရွာနေတာလေ။
ဆိုပါစို့ ---
ပစ္စည်းဥစ္စာရှိနေတဲ့ လူတွေကို 
ထမင်းတစ်နပ် ခေါ်ကျွေးတော့ 
သူ့မှာ ...
စားရလည်း သိပ်ပြီး မထူးခြားဘူး။
မစားရလည်း သိပ်ပြီး မထူးခြားဘူး။
ဘာဖြစ်လို့တုန်းဆိုတော့ ပြည့်စုံနေတာကိုး။
မပြည့်စုံတဲ့ လူတွေကျတော့ အင်မတန်မှ ကွာခြားသွားတယ်။
ပြိတ္တာဘုံရောက်နေတဲ့
ပုဂ္ဂိုလ်တွေအဖို့တော့
အကျွတ်အလွတ်ပွဲတွေ လုပ်ပြီး 
အမျှအတန်း ပေးဝေတာ
အင်မတန်မှ ကောင်းတဲ့
လုပ်ငန်းတစ်ခုပဲ။
သူတို့အတွက် 
ချက်ချင်း အကျိုးရှိတယ်။
အဲဒီတော့
လူသားတစ်ယောက် 
ဒီလို ‘သာဓု’ခေါ်ရုံနဲ့
ကောင်းကျိုးချမ်းသာတွေ ရတာ 
မရှိဘူးလားဆိုတော့..
‘ငါးရာ့ငါးဆယ်ဇာတ်တော်’ထဲမှာ
‘သင်္ခဇာတ်’ဆိုတာ ရှိတယ်။
ဘုရားအလောင်း 
‘သင်္ခပုဏ္ဏားကြီး’က 
ကုသိုလ်ကောင်းမှုတွေ လုပ်တယ်။
တစ်နေ့ ပင်လယ်ခရီးထွက်တဲ့အခါ 
သင်္ဘာပျက်လို့ သူ့နောက်က ပါလာတဲ့ တပည့်တစ်ယောက်နဲ့ သူတို့နှစ်ယောက်
ပျဉ်ချပ်တစ်ခုပေါ်မှာ မျောပါပြီး 
ခုနှစ်ရက်လုံးလုံး ပင်လယ်ထဲမှာ
ဒုက္ခရောက်နေကြတယ်။ 
သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ပင်လယ်စောင့်နတ်သမီးက လာပြီး 
သူ့ကိုကယ်တယ်။
ကယ်တဲ့အခါ ‘သင်္ခပုဏ္ဏား’
တစ်ယောက်ထဲပဲ ကယ်တယ်။
သူ့တပည့်ကို မကယ်ဘူး။ 
ဘာဖြစ်လို့ မကယ်လဲဆိုတော့
သူ့မှာ ဘာကုသိုလ်မှ မရှိဘူးတဲ့။ 
👉‘ကုသိုလ်ရှိမှ ကယ်လို့ရတာ’👈
လူဆိုတာ သနားချင်ပေမယ့် 
သနားလို့ မရဘူးဆိုတာ ရှိတယ်။
ကံမပါရင် သနားလို့ မရဘူး။ 
ဆိုပါစို့---
မြတ်စွာဘုရားက
အင်မတန်ကြီးမားတဲ့ 
တန်ခိုးရှင်ဖြစ်ပေမယ့် လူတိုင်းကို
“ဧဟိဘိက္ခူ ” ခေါ်ပြီး 
တန်ခိုးနဲ့ပြီးတဲ့ 
သင်္ကန်း,သပိတ်ပေးလို့ မရဘူး။ 
ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်ကိုသာ 
ကံလမ်းဖွင့်ပေးတဲ့ သဘောပဲ။ 
အတိတ်ဘဝတုန်းက 
သင်္ကန်း,သပိတ်လှူပြီး
ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မဟုတ်ရင် 
မြတ်စွာဘုရားကတောင် 
သပိတ်,သင်္ကန်းရအောင် 
လုပ်ပေးလို့ မရဘူး။
အဲဒီတော့ တပည့်က 
ကုသိုလ်ကံ မရှိသည့်အတွက် 
နတ်သမီးက လျစ်လျူရှုထားတော့
ဘုရားအလောင်း ‘သင်္ခပုဏ္ဏား’က 
သူ့ကို ကုသိုလ်ရှိအောင် 
ဘယ်လို လုပ်ပေးတုန်းဆိုရင် 
“လမ်းမှာတုန်းက ဖိနပ်တို့ ထီးတို့ 
လှူခဲ့တဲ့ ငါ့ရဲ့ ကုသိုလ်ကောင်းမှူရှိတယ်။
အဲဒီကုသိုလ်ကောင်းမှုကို မင်းအတွက် 
အမျှပေးဝေပါတယ်”လို့ 
ပြောပြီး အမျှဝေပေးတယ်။ 
ဟိုလူက ‘သာဓု’ခေါ်တယ်။
သာဓုခေါ်လိုက်တဲ့ အခါမှ 
သူ့ကို ကယ်လို့ရသွားတယ်။
👉သာဓုခေါ်တဲ့ ကုသိုလ်က 
လူသားစင်စစ် အပေါ်မှာလည်း
အကျိုးသက်ရောက်မှု ရှိတယ်နော်👈
ဒါကို သတိထားရမယ်။
■ဒေါက်တာနန္ဒမာလာဘိဝံသ■
Credit...
သပ္ပုရိသဒါနငါးပါး
“ သပ်ပုရိသဒါန ၅-ပါး ”
~~~~~~~~~~~~
(၁) သဒ်ဓါဒါန
- ကံနှင့်ကံ၏ အကျိုးတရားတို့၌ သက်၀င်ယုံကြည်မှု သဒ္ဓါတရား
ထက်ထက်မြတ်မြတ်ထား၍ လှူဒါန်းခြင်း
(၂) သက်ကစ်စဒါန
- လှူဖွယ်၀တၳုကို သပ်သပ်ရပ်ရပ် ပြု၍လည်းကောင်း၊ အလှူခံ
ပုဂ္ဂိုလ်ကို အရိုအသေပြု၍လည်းကောင်း လှူဒါန်းခြင်း။
(၃) ကာလဒါန
- သူ့အခါနှင့် သူသိ၍ လှူဒါန်းခြင်း။ ဥပမာ - ရဟန်းသံဃာအား
နံနက်အခါဖြစ်လျှင် ဆွမ်းခဲဘွယ်ဘောဇဉ်ကို လှူဒါန်းခြင်း၊
မွန်းလွဲအခါဖြစ်လျှင် အဖျော်ယမကာစတုမဓုစသည်ကို 
လှူဒါန်းခြင်းဖြစ်သည်။
(၄) အနဂ္ဂဟိတဒါန
- လှူဖွယ်၀တၳု၌ ငြိတွယ်သောစိတ်လုံး၀မရှိဘဲ မုတ္တစာဂ 
လွတ်လွတ်စွန့်ကြဲသော စေတနာရှေ့သွားပြု၍ လှူဒါန်းခြင်း။
(၅) အနုပဟစ်စဒါန 
- မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို မထိပါးမူ၍ လှူဒါန်းခြင်း။
လောက၌ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည် ပြိုင်ဘက်
ရှိတတ်သည်။ထိုလောကီစီးပွားရေး၊ လူမှုရေး၊ ပညာရေး 
စသည်တို့၌ အပြိုင်အဆိုင်စိတ်ထားမှလည်း တိုးတက်ကြီးပွား
နိုင်သည်။
ဒါနကောင်းမှု ကုသိုလ်ပြုရာ၌ကား ထိုလောကီအပြိုင်စိတ်ကို 
ဖယ်ရှားထားရမည်။ အကယ်၍ ဒါနကောင်းမှု မိမိကပြုသောအခါ
“ ငါနှင့် စီပွားပြိုင်ဘက်ငဖြူ ငါလို လှူနိုင်သေးရဲ့လား ” ဤသို့
စသည်ဖြင့် အောက်မေ့နှလုံးသွင်း၍ လှူဒါန်းလျှင် မိမိကိုယ်ကိုကား
မြှောက်ပင့်ခြင်း အတ္တုက္ကံသနလောဘဖြင့် ထိပါး၍ လှူသည်
မည်၏။ ပြိုင်ဘက်လူ ငဖြူကိုကား နှိမ်ခြင်း ပရ၀မ်ဘနဒေါသဖြင့်
ထိပါး၍လှူသည်မည်၏။
ဤကဲ့သို့ မအောက်မေ့ဘဲ “ ငါသည် ဥစ္စာစီးပွား၏အနှစ်သာရ
ဒါနကောင်းမှုကို ပြုရပေပြီ။ ” ဤသို့စသည်ဖြင့် အောက်မေ့၍
လှူလျှင် မထိမပါး လှူသည်မည်၏။ ထိုကဲ့သို့သော အလှူမျိုးကို 
လှူရမည်ဟုဆိုလို၏။
ထိုသပ္ပုရိသ ဒါနငါးပါး၏ အချုပ်လင်္ကာကား ...
(၁) သဒ္ဓါကြည်ညို
(၂) ရိုသေလှစွာ
(၃) အခါကိုသိ
(၄) မစွန်းငြိဘဲ
(၅) မထိမပါး ၊ လှူတုံငြား
ငါးပါးသပ္ပုရိသ မြတ်ဒါန။
ထိုသပ္ပုရိသ ဒါနအရာ၌ လှူဒါန်းခြင်းကြောင့် -
စီးပွားဥစ္စာပေါများသော မင်း၊ ပုဏ္ဏား၊ သေေဋ္ဌး၊
သူကြွယ်ဖြစ်ရ၏။
(၁ ) သဒ္ဓါကြောင့် ရုပ်ရည်အဆင်း တင့်တယ်လှပ၏။
(၂) သက္ကစ္စကြောင့် ထိုသူ့စကားကို အများက နာယူကြ၏။
(၃) အခါကိုသိခြင်းကြောင့် လိုအပ်သောအချိန်၌ လိုအပ်သော
ကောင်းကျိုးကို ၀ှန့်၀ှန့်ဖြိုးဖြိုး အကျိုးပေး၏။
(၄) မစွန်းငြိခြင်းကြောင့် အကောင်းကို သုံးဆောင်ရ၏။
(၅) မထိပါးခြင်းကြောင့် ထိုသူ၏စည်းစိမ်ကို ရန်သူမျိုးငါးပါးတို့ 
အန ္တရာယ် မပြုနိုင်ခြင်း အကျိုးများကို ထူး၍ ရရှိ၏။
ထို၏ဆိုင်ရာ လင်္ကာအချုပ်ကား -
၁။ 
သဒ္ဓါကြည်လင်၊ လှူဒါန်းလျှင်၊
ရုပ်သွင်အဆင်းလှ။
၂။
ရိုသေလှူငြား၊ သူ့စကား
အများ နာယူကြ။
၃။ 
အခါသိသဖြင့်၊ လှူတုံလင့်
ချိန်သင့် ကောင်းကျိုးရ။
၄။ 
မစွန်းငြိတောင်း၊ လှူတုံရှောင်း
အကောင်းသုံးဆောင်ရ။
၅။ 
မထိမပါး၊ လှူတုံငြားမူ၊ ထိုသည့်သူ၏
ပြောထူများပြား၊ စည်းစိမ်အား
ငါးပါးရန်မခ။
သပ္ပုရိသ ဒါနကျိုးဆက် ဤငါးချက်
နှုတ်တက်ဆောင်ကုန်ကြ။
( သပ္ပုရိသဒါနသုတ်နှင့်အညီ ဖွဲ့စီထားသည်။ )
- ဦးဝိစိတ်တသာရာဘိဝံသ ( ၂- ၇ - ၄၂ )
( တိပိဋကဓရ တိပိဋကဓမ္မဘဏ္႑ာဂါရိက နိုင်ငံတော်သံဃ
မဟာနာယကအဖွဲ့အကျိုးတော်ဆောင်ချုပ်
Monday, October 18, 2021
အဘိဓမ္မာနေ့
🙏🌷🙏 အဘိဓမ္မာနေ့ 🙏🌷🙏
မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော်ကိုယ်စား ထားခဲ့ပြီး 
အဘိဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူပြီး တရားစစ်သူကြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို စန္ဒကူးတော၌ အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန်တည်းမှာ ဟောကြားသင်ပြတော်မူသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့ တွင် လူ့ပြည်သို့ ပြန်ဆင်းခဲ့သည့် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ် သတ်မှတ်ခေါ်ဝေါ် ခဲ့ကြသည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ပင် ဖြစ်သည်။
အကြောင်းအရင်း
*********************
ဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့်ညနေချမ်း၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နိမ်နင်းပြီး ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် သာတာသတိံသာ နတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ် ရှင်းပြမှ အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးသည် ဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ နေကြလေသည်။ သီတင်းကျွတ် ခါနီးမှ ရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။
အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ဝါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိသည် ဖြစ်၍ နတ်ပြည်တွင် နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟောကြားပြီး လူသား စင်စစ် ဖြစ်တော်မူသော မြတ်စွာဘုရား ကိုယ်တော်တိုင်သည် လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူလေသည်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးသည် တခြား သာ၀က ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့သည်။
.   ထိုသို့ ဘုရားရှင်သည် တာဝတိံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း၊
စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ 
လက်ျာဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာ ရှိ၍ အခြေကသင်္ကဿမြို့တံခါးဝတွင် ရှိသည်။
.   ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါအဝီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ 
ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို 
"ဓမ္မသင်္ဂဏီကျမ်း" ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယေ်၀ဖန်ဟောကြားသောကျမ်းကို "ဝိဘင်း ကျမ်း"ဟုခေါ်သည်။
ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ဟောကြားသောကျမ်းကို 
"ပုဂ္ဂလပညတ်" ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု" ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစာၦနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမး်ကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ေ၀ဖန်သော ကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။
အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့် ပြည့်စုံသောတရားဖြစ်သည်။ အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား ရဟန်း ငါးရာကဲ့သို့ နမရူပပရိစေ ၦဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရာယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတ ရားများရရှိနိုင်သည်။
.    မြန်မာနိုင်ငံတွင် သီးတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ပဝါရဏာပွဲ နင့် မီးမြင်းမိုရ်ပွဲ ဟူ၍ ပွဲတော်များကို ကျင်းပကြသည်။
ပဝါရဏာပွဲ
**************
အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များသည် ဝါကျွတ်သည်နှင့် သီတင်းကျွတ် လပြည့်နေ့တွင် “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါ၏။ တပည့်တော်၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိ၏ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ဝန်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျ၍ စည်းစနစ် ကောင်းလှသော ပွဲဖြစ်သည်။
.    မီးမြင်းမိုရ်ပွဲ
******************
သီတင်းကျွတ် လပြည့်နေ့ ညနေ၌ နတ်ပြည် မှ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရသည် မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်သည့်အနေဖြင့် ဆီမီးများ၊ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင်းမိုရ်ပွဲများ ပြုလုပ် ကြသည်။ ပုဂံမြို့ မြင်းကပါ 
ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင်းမိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။
ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တဝှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။
သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဌာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသဝဏီ ရှိန်ဝါရွန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်
.    အခြားနိုင်ငံများ
**********************
အခြား ဗုဒ္ဓဘာသာ နိုင်ငံများဖြစ်ကြသည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် သီရိလင်္ကာနိုင်ငံများတွင်လည်း ဆီမီးများ မျှောခြင်း၊ နံသာ ဆီမီးများဖြင့် ပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်ခြင်းဖြင့် ပူဇော်ကြလေသည်။
အဘိဓမ္မာ ပြန့်ပွားရေး အသင်းတော်ကြီး
*******************************************
ထိုသို့ ရှင်တော်မြတ်ဘုရားသည် အမြတ်ဆုံး ဒေသနာ အဘိမ္မာ တရားတော် ကို တာဝတိံသာ နတ်ပြည်၌ ရှေ့ ဘဝ မယ်တော်ဖြစ်ခဲ့သော 
သန္တုဿိတ အမည် ရှိသော နတ်သား အမှူးရှိသော စကြာဝဋ္ဌာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်း တို့အား (၇) ဝါမြောက် ဝါတွင်းကာလ သုံးလပတ်ကြာ ဟောကြားခဲ့ရာ ပြီးဆုံး ခဲ့သော အထိမ်း အမှတ်အဖြစ် ၁၃၁၁ ခုနှစ် (၁၉၄၉ခုနှစ်)မှစပြီး အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးမှ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် ကျင်းပရန် စတင်ဆုံးဖြတ် ခဲ့သည်။ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး၏ အဘိဓမ္မာ သာသနာ ပြန့်ပွား တည်တံ့ရေး လုပ်ငန်းရပ်များတွင် အခြေခံကျသော လုပ်ငန်း တစ်ရပ် ဖြစ်သည့် အဘိဓမ္မာ အခါတော်နေ့ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး တိုင်း နှင့်ပြည်နယ် မြို့၊ ရွာ၊ ကျေးလက်မကျန် အဘိဓမ္မာ အသင်းအဖွဲ့ ခွဲများ ဖွဲ့စည်းကြပြီး ကျင်းပစေခြင်း ဖြစ် သည်။
၁၃၂၄ ခုနှစ် (၁၉၆၂ ခုနှစ်) မှ စတင်၍ အသင်းခွဲများ ဖွဲ့စည်းခွင့်ပြုခဲ့ရာ ထိုနှစ်တွင် အသင်းခွဲ (၄)သင်း ပေါ်ပေါက်ခဲ့သည်။ တစ်ဖန် ၁၃၂၅ ခုနှစ် (၁၉၆၃ ခုနှစ်) မှစတင်၍ အသင်း အဖွဲ့ခွဲများကို စည်းကမ်း တကျ တစ်ညီ တစ်ညွတ် တည်း ဖြစ်စေရန် အသင်းကြီး၏ ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ ပုဒ်မ ၆(၂)အရ နှစ်စဉ် ဆက်သွယ်ကြေး (၂၅)ကျပ် လှူဒါန်းပြီး စာရင်းသွင်း ဖွဲ့စည်းစေရာ ၁၃၃၃ ခုနှစ် (၁၉၇၁ ခုနှစ်) ၂၅ နှစ်မြောက် ငွေရတု ကာလအတွင်း အသင်းခွဲပေါင်း (၆၉) သင်း တိုးတက် ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၃၅၈ ခုနှစ် (၁၉၉၆ ခုနှစ်) နှစ်ငါးဆယ် မြောက် ရွှေရတု ကာလရောက်သောအခါ အဘိဓမ္မာအသင်းခွဲပေါင်း (၁၉၀၈) သင်း အထိ တိုးတက်ခဲ့ သည်။
ယခုအခါ အသင်းကြီး၏ အဓိကရည်ရွယ်ချက်နှင့်အညီ ပရိယတ္တိ သာသနာကြီး စတင် ကွယ်ပျောက်သည့်အခါ ကနဦး ကွယ်ပျောက်မည့် အဘိဓမ္မာ ဒေသနာ တော်မြတ်ကြီး မကွယ်မပဘဲ အရှည်ခံ့၍ တည်တံ့ ထွန်းကား စည်ပင် ပြန့်ပွားရေးကို အလေး ဂရုပြု၍ ရှေ့ရှုကြိုးပမ်းလျက် ရှိသည့်အလျောက် ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး၏ မိသားစု အသင်းခွဲပေါင် (၃၁၀၀) ကျော်အထိ တိုးပွားလာခဲ့သည်။ နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့တိုင်း အဘိဓမ္မာ အခါတော်နေ့ ပူဇာမင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့တွင် သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျင်းပခဲ့သည်မှာ (၆၃) ကြိမ်တိုင် ရောက်ရှိလာခဲ့ပြီးဖြစ်သည်။
ကိုးကား
*********
↑ မေမြို့သားလေး: သီတင်းကျွတ်လပြည့် 
အဘိဓမ္မာ အခါတော်နေ့
credit.. wikipedia website မှ ကူးယူဖော်ပြပါသည်။
လူပျိုဘုရားရှိပါသလား
လူပျိုဘုရား / ရှိပါသလား
□■□■□■□■□■□
★ အထက်ပါခေါင်စဉ်နဲ့ပတ်သက်၍ 
ဗုဒ္ဓဘာသာအနွယ်ဝင်သူတော်ကောင်းများ၏ရင်ထဲ
သံသယဆူးများဝင်လေ့ရှိသောအရာတစ်ခုလည်းဖြစ်၏
သိချင်သောအရာလည်းဖြစ်၏ / သိသင့်သော 
အကြောင်းရာကြီးလည်းဖြစ်၏၊
အဘယ့်ကြောင့်နည်း …… ဗုဒ္ဓဘာသာကောင်း -
တစ်ယောက်ဖြစ်ဖို့ရန်အခြေခံတစ်ရပ်လည်း
ဖြစ်နေလို့သာဖြစ်၏။ ကိုယ်ကိုးကွယ်သောဘုရားသည်
လူပျိုလား - လူအိုလားဆိုတာ သေချာဂဃဏန
သိရှိထားရမှားကားအမှန်ပင်ဖြစ်ပေ၏။
★စာရေးသူအရှင်တို့ကိုးကွယ်သော ဗုဒ္ဓသည်ကား
လူပျိုဘုရားမဟုတ် / လူအိုဘုရားဖြစ်သည်ဟု
လိုရင်းအတိုကောက်အနေနဲ့မှတ်၍သိရှိထားရပါမည်
အဘယ့်ကြောင်းနည်းဆိုသော် …… 
ဒီအကြောင်းနဲ့ပတ်သက်၍ ရှေးပညာရှိဆရာတော်
ကြီးများ အမိန့်ရှိထားသည့် စကားအရာမှာ __
ဗောဓိ /ကုက္ကို / ညောင်ထိုထိုဝယ် /
လူပျိုဘုရား / မရှိငြားဟူသော စကားသာဖြစ်၏
မှန်၏ စာရေးသူတို့ကိုးကွယ်ဆည်းကပ်သော 
ဘုရားရှင်သည် ဘုရားမဖြစ်ခင်ကာလပတ်လုံး
အလောင်းဘဝက ကျင့်သုံးခဲ့သည့် 
ပါရမီ [ ၁၀ ] ပါးကိုကြည့်က သိနိုင်ပါ၏ 
ထိုပါရမီဆယ်ပါးထဲမှာ နေက္ခမ္မပါရမီဆိုတာတစ်ခုရှိ၏
နေက္ခမ္မပါရမီဆိုသည်မှာလည်း __
၁။ရိုးရိုးနေက္ခမ္မပါရမီ၊ 
၂။အင်္ဂါစွန့်နေက္ခမ္မပါရမီ၊
၃။အသက်စွန့် နေက္ခမ္မပါရမီရယ်လို့ 
သုံးမျိုးသုံးစားရှိ၏
ထိုပါရမီ [ ၃ ] မျိုးတို့၏လိုရင်းအဓိပ္ပါယ်မှာ
၁။တွယ်တာစွဲမက်စရာ 
ကာမဂုဏ်အနှောင်အဖွဲ့ 
အထူးအထွေ မရှိဘဲ စွန့်လွှတ်တောထွက်တာကို 
‘ရိုးရိုးနေက္ခမ္မပါရမီ’ဖြစ်၏။
၂။မိဘဆွေမျိုး၊ အိုးအိမ်တိုက်တာ၊ 
ရတနာရွှေငွေ၊တိုင်းပြည်ထီးနန်း စတဲ့
ပိုင်ဆိုင်မှုအရပ်ရပ်ကိုမစွဲမတွယ် မငြိမကပ်ဘဲ 
စွန့်လွှတ်တောထွက်တာကိုတော့‘
အင်္ဂါစွန့် နေက္ခမ္မပါရမီ’ဖြစ်၏။
၃။ကိုယ့်အသက်နှင့်ဥပမာတူသော 
ကိုယ့်အသက်နဲ့ထပ်တူထပ်မျှ မြတ်နိုးစုံမက် နှစ်သက်ချစ်ခင်ရတဲ့ ဇနီးမယား၊ သမီး / သားကို 
င်္သယောဇဉ်ကြိုး ရိုက်ဖြတ်ချိုးပြီး ငဲ့ကွက်ကင်းစွာ 
စွန့်လွှတ်တော်ထွက်တာသည်
‘အသက်စွန့် ပရမတ္တနေက္ခမ္မပါရမီ’ဖြစ်၏။
★ထိုပါရမီ [ ၃ ] မျိုးတို့ကို
ဘုရားဖြစ်ဖို့ရန်အတွက် အလောင်းတော်တိုင်း
မဖြစ်မနေဖြည့်ကျင့်ရသောပါရမီများသာဖြစ်ပေ၏ 
ဖြည့်ကျင့်ဆည်းပူးခဲ့လို့လည်း လောက၌ 
ဗုဒ္ဓဆိုတာသည်ပေါ်ထွန်းလာခဲ့သည်ကိုထောက်၍ 
စာရေးသူတို့မြတ်ဗုဒ္ဓသည် လူပျိုဘုရား
မဟုတ်ဖူးဆိုတာ သိသာထင်ရှားလောက်ပေမည်
ထို့ထက်ခိုင်လုံသော အခြေခံကျကျကို 
သိရှိမှတ်ထားလိုပါက  ___
"စတ်တာရိ  နိမိတ်တာနိ ဒိသှာ ဇာတမတ်တပုတ်တာနံ  
မဟာသတ္တာနံ မဟာဘိနိက္ခမနံ"  အဓိပ္ပါယ်မှာ
"နိမိတ်ကြီးလေးပါးကိုမြင်ပြီး၍
သားတော်ဖွားပြီးစဖြစ်ကုန်သော
မြတ်သောဘုရားလောင်းတို့တောထွက်ခြင်းသည်-
ပြုကျင့်ကြလေကုန်၏ [ ဗုဒ္ဓဝံသအဋ္ဌကထာ"၃၅၂"  ]
ထိုအချက်သည် 
ဘုရားရှင်တိုင်း ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပေါင်း
 [ ၃၀ ] ထဲမှ [ ၆ ] ခုမြောက်ဖြစ်သော
ဓမ္မတာတစ်ခုလည်းဖြစ်၏။
★ထို [ ၃၀ ] တို့အား ဗဟုသုတရအောင်
ဖော်ပြလိုက်ပါအံ့၊
ဘုရားရှင်တိုင်း ဖြစ်ရိုးဖြစ်စဉ် 
ဓမ္မတာပေါင်း(၃၀) ဟူသည်မှာ =
(၁)နောက်ဆုံးအလောင်းတော်ဟာ 
မယ်တော်ဝမ်း၌သာ ပဋိသန္ဓေနေရခြင်း။
(၂)မယ်တော်ဝမ်းမှာ တင်ပျဉ်ခွေ၍ 
အရှေ့ကို မျက်နှာပြုနေရခြင်း။
(၃)မယ်တော်ဟာ အလောင်းတော်ကိုရပ်ပြီးဖွားရခြင်း 
(၄)တောအရပ်မှာသာဖွားရခြင်း။
(၅)ဖွားလျှင် ဖွားခြင်း မြောက်ဘက်သို့ 
ခုနှစ်ဖဝါးလှမ်းပြီး သီဟနာဒကြုံးဝါးရခြင်း။
(၆)နိမိတ်ကြီးလေးပါးမြင်ပြီး  
သားတစ်ယောက်ရမှ တောထွက်ရခြင်း။
(၇)ကြာသင်္ကန်းဖြင့် ဒုက္ကရစရိယာ 
အနည်းဆုံးခုနှစ်ရက်ကျင့်ရခြင်း။
(၈)ဘုရားဖြစ်မည့်နေ့  နို့ဃနာ ဘုဉ်းပေးရခြင်း။
(၉)မြတ်ခင်းပေါ်မှာ ဘုရားအဖြစ်ရောက်ရခြင်း။
(၁၀)ဗောဓိပလ္လင်ပေါ်မှာအာနာပါန 
ကမ္မဋ္ဌာန်းစီးဖြန်းရခြင်း။
(၁၁) မာရ်စစ်သည်ကို အောင်မြင်ရခြင်း။
(၁၂)ဗောဓိပလ္လင်ထက်မှာ  ဝိဇ္ဇာသုံးပါရခြင်း
(၁၃)သတ္တ သတ္တာဟ စံတော်မူရခြင်း။
(၁၄)တရားဟောရန် ဗြဟ္မာတောင်းပန်ခံရခြင်း။
(၁၅)ဓမ္မစကြာ တရားဦး ဟောရခြင်း။
(၁၆)တပိုတွဲလပြည့်နေ့မှာ  
သြဝါဒ ပါတိမောက်ပြုရခြင်း။
(၁၇)ဇေတဝန်ကျောင်းတော်မှာ အမြဲနေရခြင်း။
(၁၈)သာဝတ္ထိမြို့ တံခါးမှာ တန်ခိုးပြရခြင်း။
(၁၉)တာဝတိံသာမှာ အဘိဓမ္မာဟောရခြင်း။
(၂၀)သင်္ကဿမြို့တံခါးသို့  
တာဝတိ ံသာကဆင်းရခြင်း။
(၂၁)ဖလသမာပတ်ကို မပြတ်ဝင်စားရခြင်း။
(၂၂)ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရခြင်း။
(၂၃)အကြောင်းပေါ်လျှင် ဝိနည်းပညတ်ရခြင်း။
(၂၄)အကြောင်းဖြစ်လာလျှင်ဇာတ်တော် ဟောရခြင်း။
(၂၅)ဆွေမျိုး အစည်းဝေးမှာ ဗုဒ္ဓဝင်ကိုဟောရခြင်း။
(၂၆)အာဂန္တုရဟန်းများနှင့်ပဋိသန္ဓာရဟောပြောရခြင်း။
(၂၇)ဒါယိကာတို့ပင့်၍ ဝါဆိုလျှင် 
ဝါကျွတ်တဲ့ခါ ပန်ကြားပြီးမှ သွားရခြင်း။
(၂၈)ဗုဒ္ဓကိစ္စငါးပါးကို ပြုရခြင်း။
(၂၉)ပရိနိဗ္ဗာန်ဝင်စံမည့်နေ့   
သားပြွမ်းဆွမ်းကိုဘုဉ်းပေးရခြင်း။
(၃၀)ကုဋေနှစ်သန်းလေးသိန်းသောသမာပတ်တို့ကို
ဝင်စားပြီး ပရိနိဗ္ဗာန်ပြုရခြင်း။
ဖေါ်ပြခဲ့သောတရားသုံးဆယ်သည်
ဘုရားရှင်တိုင်းဖြစ်ရိုးဖြစ်စဉ် 
သဘောဖြစ်လို့  ဓမ္မတာ [ ၃၀ ] ဟုခေါ်၏။ 
★သံသယများရှင်း၍ ဗဟုသုတများမှတ်ယူကာ
ရတနာသုံးပါး မှ အခြားကိုးကွယ်ခြင်းကင်းသော
ဗုဒ္ဓဘာသာကောင်းဖြစ်နိုင်ပါစေ ဆုမွန်ကောင်းဖြင့် ★
ဖန်ခါးမြေအရှင်
⭐⭐⭐⭐⭐