စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, October 13, 2021

တန်ဖိုးထားပါ

တန်ဖိုးထားပါ
 🙏🙏🙏

အပါယ်ဘုံ ရောက်တယ် ဆိုတာ
ဘာကြောင့် ရောက်တာတုန်း ဆိုတော့
စိတ်မနိုင်လို့ ရောက်တာတွေချ ည်းပဲ …

စိတ်ထဲမှာ မစင်ကြယ်တဲ့
လောဘတွေ , 
ဒေါသတွေ 
မောဟတွေ 
မာန်မာနတွေ 
ဣဿ     ာမစ္ဆရိယတွေ

အဲဒါတွေကြောင့် အပါယ် ရောက်တာ 
စိတ်ထဲမှာဖြစ်တဲ့ အညစ်အကြေးတွေကို
သန့်ရှင်းအောင် မလုပ်နိုင်လို့ အပါယ်ရောက်တာ။

အဲဒါကြောင့်
ကိုယ့် စိတ်ဆင်ရိုင်းကို ပညာတည်းဟူသော 
ချွန်းအုပ်ဖြင့် အုပ်တယ်လို့ မြန်မာစာပေတွေမှာ 
ရေးလေ့ရှိတယ်။

အသိပညာ နဲ့ ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ့်စိတ်ကို ကောင်းတဲ့ဘက်ကိုရောက်အောင်
လမ်းမှန်ပေါ်တင်ပေးရမယ်၊
ကောင်းအောင် ပြင်ရမယ်။

အခုလို
သာသနာနဲ့ တွေ့တဲ့ အချိန်ကလေးမှာ
ကောင်းအောင် မပြင်လိုက်နိုင်ဘူး ဆိုရင်
နောင် ဒီလို အသိဥာဏ်မျိုး ရဖို့ ဆိုတာ
အများကြီး ခဲယဉ်းသွားပြီ။
ရလာလိမ့်မယ်လို့တော့ မထင်လေနဲ့။

  ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏

Credit...

No comments:

Post a Comment