စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, October 7, 2021

စမ်းရေတစ်ပေါက် မိုးတဖျောက်

စမ်းရေတစ်ပေါက် မိုးတစ်ဖျောက်
=================================
မီးဆိုရင် ဆေးလိပ်မီးပွားလေးက အစ ပူတာပဲ။
ဒီလိုပဲ၊ ရေဆိုရင်လည်း စမ်းရေတစ်ပေါက် 
မိုးတစ်ဖျောက်ကအစ အေးတာပဲ။
ရေများရေနိုင် မီးများ မီးနိူင်လို့ ဆိုတယ် မဟုတ်လား။ဒီတော့ ကိလေသာ အပူမီးတွေကို
ဓမ္မရေစင်နဲ့ အနိူင်ယူ ငြိမ်းသတ်ကြပါစို့။

ကိလေသာအပူမီးက တကူးတက ရှို့မြိုက်ယူစရာ၊
စုဆောင်းစရာမလိုပဲ သူ့အလိုလို ပွားများနေတာ၊
တို့လူတွေကလည်း ပိုးဖလံမျိုး မီးကိုတိုး မဟုတ်လား။

ဓမ္မရေစင်ဆိုတာကတော့ 
ဒီခေတ်ဒီလူတွေကြားထဲမှာ
တော်တော်ရှာယူရမှာပါ။

သီလဖြူစင်ပြီး ဘာဝနာသာ 
အထပ်ထပ်ပွားများနေရင်
အေးတဲ့ဘက်က အားကောင်းလာပြီ။

သီလဖြူစင်ဖို့ဆိုတာလည်း
စိတ်ကြယ်ဖို့ က အဓိက၊
စိတ်စင်ကြယ်ဖို့ဆိုတာလည်း 
ဘာဝနာ မပွားဘဲ မဖြစ်နိုင်။

ဒီနေရာမှာ ဘာဝနာပွားတယ်ဆိုတာ
ရှုမှတ်မှုကို ဆိုလိုတာ။
အထိနဲ့အသိကို စောင့်ကြည့်နေတဲ့ သတိကလေး ……
အားကောင်းအောင် လေ့ကျင့်ပေးနေတာကိုပဲ ……
ဘာဝနာပွားတယ်ဆိုရတာ။

တောင်ပေါ်က စမ်းရေ တောင်အောက်ကို
တသွင်သွင် စီးဆင်းကာ အအေးဓာတ်ပေးနေသလို ……
ကောင်းကင်ပေါ်က ကျလာတဲ့ မိုးရေ အအေးဓာတ်ပေးနေသလို.......

စဉ်ဆက်မပြတ် သတိကို အထပ်ထပ် ပွားများကြစမ်းပါ။

စမ်းရေတစ်ပေါက် မိုးတစ်ဖျောက်ဟာ
အပေါက်သေးပေမဲ့ သတ္တိက မသေးလှပါဘူး။
စုမိဆောင်းမိ အားရှိလာရင် ကိလေသာအပူ၊ ကမ္ဘာအပူ ၊လူတွေရဲ့အပူကို ငြိမ်းစေအေးစေမှာ အမှန်မုချပဲ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

မူရင်းရေးသားပူဇော်သူအား credit ပေးပါ၏။

No comments:

Post a Comment