ဟုတ်ဗျာ
ဇလုံ ခါရင် ရေလှုပ်ပြီ
ဇလုံ မခါဘဲ ထားတာတောင်
ရှိတဲ့ရေ လှုပ်သေးတာ။
အဲတော့
ခန္ဓာကိုယ်က ဇလုံနဲ့ တူတယ်
ဇလုံ မှီနေတဲ့ စိတ်က ရေနဲ့ တူတယ်။
ခန္ဓာကိုယ် လှုပ်ရင်
စိတ်လှုပ်မှာ စိုးလို့
အထိုင်ခိုင်း ရတာ။
တို့ စာက ဆိုတာက
စိတ် အထိုင် မကျခင်မှာ ထိုင်ပါတဲ့။
စိတ် အထိုင် ကျတဲ့ ဟိုဖက်ကျတော့
ထိုင်မှတ်တာက ပို အားကောင်းသလား။
စင်္ကြံက ပိုအားကောင်းသလား။
ရပ်မှတ်တာက ပိုအားကောင်းသလား။
အိပ်ပြီး မှတ်တာက ပိုအားကောင်းသလား။
ဣရိယာပုထ် လေးပါး ဘယ်ဟာက
ကိုယ့်အတွက် အရေးကြီးဆုံး တုန်း ကြည့်ပါတဲ့။
အရေးကြီး ဆုံး ဣရိယာပုထ်ကို ဦးစားပေးပါတဲ့။
ဟုတ်နော်။
ထိုင်ရမှ မဟုတ်ပါဘူး။
စင်္ကြံ နဲ့ မဂ်ဖိုလ် နိဗ္ဗာန် ရောက်သွားတာတွေလည်း မနည်းပါဘူး
ရပ်ရင်းနဲ့လည်း မနည်းဘူးနော။
အိပ်ရင်းကတော့ တို့ အတွေ့အကြုံ ပြောမှာပေါ့ဗျာ
သူများတော့ မသိဘူးပေါ့။
အိပ်ရင်းကတော့ အားထုတ်ကာစ ပုဂ္ဂိုလ်
အိပ်ပြီးတော့ မမှတ်နဲ့ဗျ •••
ဖောင်းတယ် ပိန်တယ်ဆို ခေါဆို သွားတာ။
အားထုတ်ကာစ ပုဂ္ဂိုလ် အိပ်ပြီးတော့ မမှတ်ပါနဲ့ဗျာ
သူ့ သိပ်တာနဲ့ ဘာမှ မထူးဘူး။
ထိုင်မှတ်တာက ဇလုံ ငြိမ်အောင်လို့။
" စိတ် အထိုင်မကျခင် ထိုင်ပါ "
❕ လူတွေဆိုတာက
ကာမဂုဏ်အာရုံခံစားတဲ့
နေရာမှာ ယားနာကလေး
လက်သည်းနဲ့ ကုတ်ပြီး
အရသာခံနေတတ်ကြတာ
❕ မီးခဲကို လက်ဝါးပေါ်
တင်ကြည့်စမ်းပါ
ပူမှန်းသိတော့
လွှတ်ချလိုက်တယ်မဟုတ်လား။
❕ ကာမဂုဏ်အာရုံ
ခံစားမှုနောက်က
ကိလေသာမီးခဲကြီးကျတော့
ပူလို့ ပူမှန်းမသိပါဘူးဗျာ •••
❕တစ်သံသရာလုံး
ပူလာတာ
တကယ့်မီးခဲက
ကိုင်မိတုန်းခဏ ပူတာ။
❕ ကိလေသာမီးခဲက
တစၻဝလုံး တစ္သံသရာလုံး…
ဒီလောက် ပူနေတာတောင်
ဘာလို့ လွှတ်မချသေးပါလိမ့်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
No comments:
Post a Comment