စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, June 22, 2022

သမ္မာသမ္ဗုဒ္ဓဿ

အရှင်ဘုရား !

သမ္မာသမ္ဗုဒ္ဓဿ- ကို ရွတ်ဖတ်တဲ့အခါ တစ်ချို့က သမ္မာသမ္ဗုဒ် + ဓဿ လို့ ဖတ်တာ ကြားရပါတယ်ဘုရား၊

တစ်ချို့ကလည်း သမ္မာသမ်+ ဗုဒ္ဓဿ လို့ ဖတ်တာ ကြားရပါတယ်ဘုရား။

အဲ့ဒါ ဘယ်ဟာအမှန်လို့ ယူဆရမလဲဘုရား
~~~~~~~~~~~~~~~~~~~~~~~~~~~~

သမ္မာသမ္ဗုဒ္ဓဿ- ဆိုတာ သမ္မာ + သံ + ဗုဒ္ဓဿ လို့ သုံးပုဒ် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်၊

သမ္မာ- မဖောက်မပြန်၊

သံ- ကိုယ်တိုင်၊

ဗုဒ္ဓဿ- သိတော်မူသော ဘုရား 

ဒီလို ဆိုလိုပါတယ်၊

သမ္မာသမ္ဗုဒ် + ဓဿ လို့ ဖတ်ရင် မှန်ကန်တဲ့ အနက်အဓိပ္ပါယ် မရတော့ပါဘူး။

 သမ္မာ + သံ + ဗုဒ္ဓဿ လို့ ဖတ်တာက မှန်ကန်တဲ့ အနက်အဓိပ္ပါယ်ရရှိစေပါတယ်။

ဒါ့ကြောင့် သမ္မာ + သံ + ဗုဒ္ဓဿ လို့ ဖတ်တာက သင့်လျော်ပါတယ်။

credit.. ဓမ္မဝိနယ pg 

No comments:

Post a Comment