~~~~~~~~~~~~~~~
မြတ်စွာဘုရားရဲ့တရားတော်ဟာ
ကိလေသာဝဋ်,ကမ္မဝဋ်,ဝိပါကဝဋ်လို့ဆိုတဲ့လည်ပတ်ပြီးဖြစ်နေတဲ့
သဘာဝတရားတွေဖြစ်တယ်...။
ပဋိစ္စသမုပ္ပါဒ်အရပြောရရင်
အကြောင်းတရားတစ်ခုကိုအမှီပြုပြီး
အကျိုးတရားတွေကိုထုတ်လုပ်နေတဲ့
အကြောင်းတရားတွေ၊
အကြောင်းတရားကထုတ်လုပ်ထားတဲ့
အကျိုးတရားတွေဖြစ်တယ်...။
ဒါတွေဟာ
စဉ်ဆက်မပြတ်ဖြစ်နေသည့်အတွက်
ဘဝဆိုတာဖြစ်တယ်လို့
မှန်ကန်တဲ့အမြင်နဲ့သိဖို့လိုတယ်...။
အကြောင်းနဲ့အကျိုးဆက်စပ်ပြီး
ဖြစ်နေတာဆိုရင်
အကျိုးက်ုိမလိုချင်တဲ့အခါ
အကြောင်းကိုဖယ်ရှားဖို့လိုတယ်ပေါ့...။
အကြောင်းတွေဖယ်ရှားနိုင်ဖို့
နည်းစနစ်တွေကိုလည်း
မြတ်စွာဘုရားကဟောပြောခဲ့တယ်...။
ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း
ဟောထားတယ်၊
ဖြစ်တာတွေကိုမလိုချင်တော့ဘူး
ဆိုရင်လည်း ဘယ်နည်းနဲ့
ချုပ်ငြိမ်းအောင်လုပ်လို့ရတယ်
ဆိုတာကိုလည်းဟောထားတယ်၊
အင်မတန်မှပြီးပြည့်စုံတဲ့
တရားဓမ္မတွေပဲ...။
သံသရာကလွတ်ဖို့ဆိုတာ
တရားမကျင့်ဘဲနဲ့
လွတ်နိုင်တာမဟုတ်ဘူး၊
အကြောင်းကိုဖယ်ရှားဖို့ဆိုတာ
မှန်ကန်တဲ့နည်းလမ်းကိုမသုံးဘဲနဲ့
ဖယ်ရှားလို့ရတာမဟုတ်ဘူး၊
ဖယ်ရှားလို့ရမယ်ဆိုရင်
လူတိုင်းအလွယ်တကူဖယ်ရှားမှာပေါ့...။
မှန်ကန်တဲ့အကျင့်လို့ခေါ်တဲ့
ဗြဟ္မစရိယမြတ်သောအကျင့်ကို
ကျင့်သုံးခြင်းဖြင့်
ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေကို
ဖယ်ရှားနိုင်တယ်...။
ဆိုပါစို့ -
သံသရာဝဋ်ကလွတ်ချင်တယ်ဆိုရင်
ကိလေသာတွေကိုဖယ်ရှားရမယ်၊
ကိလေသာတွေကိုဖယ်ရှားခြင်းဖြင့်
ကံကိုဖယ်ရှားပြီးသားဖြစ်သွားမယ်...။
ကိလေသာနဲ့ကံကိုဖယ်ရှားခြင်းဖြင့်
ဝိပါကဆိုတဲ့အကျိုးတရားတွေ
မလာတော့ဘူး၊
ဒါသံသရာဝဋ်ကလွတ်တဲ့နည်းပဲ...။
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
No comments:
Post a Comment