🙏🙏ဘုရားခန်း၏ တန်ဖိုး 🙏🙏
" အိမ်ဦးခန်း ဘုရားခန်း ' တစ်ခုတည်းဖြင့် ကုသိုလ်ရေးကိစ္စ ပါရမီကိစ္စ အားလုံး ပြီးစီး နိုင်ပါတယ် "
မိမိတို့ အိမ်ဦးခန်းရှိ ဘုရားခန်း၌
"သက်တော်ထင်ရှား မြတ်စွာဘုရား၌ လည်းကောင်း၊
ပရိနိဗ္ဗာန် စံတော်မူ သွားကုန်သော ဘုရားရှင်တို့၌ လည်းကောင်း၊
စိတ် စေတနာ တူမျှသည် ရှိသော် တူသောအကျိုး ပေး၏ " ...ဟူသော ဒေသနာတော်ကို ယုံကြည် မြတ်နိုး၍ ပုံတော်ကို ဂုဏ်တော်သွင်းပြီး
(၁) ဒါနပါရမီ
ဘုရား၌ ဆွမ်း , ရေချမ်း , ပန်း စသည်တို့ကို လှူဒါန်းခြင်းစသော ဒါနပါရမီ ။
(၂)သီလပါရမီ
ဘုရားရှေ့၌ သက်တော်ထင်ရှား မြတ်စွာဘုရား ထံတော်ပါး ကဲ့သို့ 'သီလ' ကို ရိုသေစွာ ခံယူ ဆောက်တည်ခြင်းစသော သီလပါရမီ ။
(၃) နေက္ခမပါရမီ
ဘုရားခန်းရှေ့၌ မကောင်းသော အကြံအစည် အကုသိုလ်များမှ ခေတ္တ ရုန်းထွက်၍ မေတ္တာ ဘာဝနာ စသည် တို့ကို ပွားများနေခြင်း စသော နေက္ခမပါရမီ ။
(၄) ပညာပါရမီ
ဘုရားခန်းရှေ့၌ အာနာပါန သမထ ဝိပဿနာ စသည်တို့ကို အားထုတ်ခြင်း စသော ပညာပါရမီ ။
(၅) ဝီရိယပါရမီ
ဘုရားခန်းရှေ့၌ ဒါန ,သီလ ,သမာဓိ, ပညာ ဖြင့် အကုသိုလ်များ မဖြစ်ပွားဘဲ ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစား အားထုတ်ခြင်း စသော ဝီရိယပါရမီ ။
(၆)ခန္တီပါရမီ
ဘုရားခန်းရှေ့၌ ညောင်းညာခြင်း , ပျင်းရိခြင်း , ခြင်ကိုက်ခြင်း စသည်တို့ကို သည်းခံ၍ ကုသိုလ်တရားတို့ကို ကြိုးစားခြင်း စသော ခန္တီပါရမီ ။
(၇)သစ္စာပါရမီ
ဘုရားခန်းရှေ့၌ ဘုရားစာဆိုခြင်း ,ပရိတ် ပဋ္ဌာန်းတရားများ ရွတ်ဖတ်ခြင်း စသော သစ္စာပါရမီ ။
(၈)အဓိဋ္ဌာန်ပါရမီ
ဘုရားခန်းရှေ့၌ ဝတ္တရားမပျက် ကုသိုလ်တရားတို့ကို ခိုင်မြဲစွာ ပြုလုပ် ဆောက်တည်ခြင်းစသော အဓိဋ္ဌာန်ပါရမီ။
(၉)မတ်တောပါရမီ
ဘုရားရှေ့၌ သတ္တဝါများအား မေတ္တာပို့ခြင်း , မေတ္တာပွားများခြင်း စသော မေတ္တာပါရမီ။
(၁၀) ဥပက္ခောပါရမီ
ဘုရားခန်းရှေ့၌ “သဗ္ဗေသတ္တာ ကမ္မသကာ” အကြောင်းကံ ကို နှလုံသွင်း ဆင်ခြင်ခြင်း - ဥပေက္ခာပါရမီတည်းဟူသော
' ပါရမီ ဆယ်ပါး ' ကုသိုလ် တရားထူးကြီးများကို ဘုရားခန်း တစ်ခုတည်းက ပေးစွမ်းနိုင်ပါကြောင်း ကို
'မျက်စိမလျှမ်းကြဖို့ ' အကျိုးမျှော်၍ နှိုးဆော် အပ်ပါသည်။ "
" အိမ်ရှိဘုရားခန်းမှာ လူမူရေး ,စီးပွားရေး , ကြီးပွားရေး ,လောကီအကျိုးစီးပွား အားလုံး အတွက် ' သော့ ' ရှိနေတယ် အရယူနိုင်အောင် ကြိုးစားကြ ။
'လောကုတ္တရာတရားအတွက် အခြေခံကောင်း , ရတနာသိုက်ကြီးရဲ့ 'သော့ ' ဟာလဲ ဒီမှာပဲ ရှိတယ် ။
(ကျေးဇူးရှင် ရွှေပေါ်ကျွန်း
အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက
ဆရာတော် ဘုရားကြီး ။ မလိူင်မြို့ )
🙏အဓိကကတော့ မိမိတို့ရင်ထဲမှာ ပွင့်တော်မူပြီးသော ဘုရားရှင်များ၏တူညီသော ဂုဏ်တော် ကျေးဇူးတော်တို့ကို နှလုံးသားထဲမှာ ထင်မြင်လာအောင် ပွားများကြည်ညိုတတ်ဖို့ အရေးကြီးပါသည် ။
ဘုရားခန်းတွင် ရတနာသုံးပါးနှင့် သက်ဆိုင်သော ပစ္စည်းများမှလွဲ၍ မည်သည့် အရာကိုမျှ မထားရပါ
ဘုရားခန်းရှင်းမှ စိတ်ရှင်းပါမည် ...
စိတ်ရှင်းမှ ကြည်ညိုသဒ္ဓါဖြစ်ပြီး တရားထိုင်ခြင်းအား
အထောက်အပံ့ဖြစ်ပါမည် ..
🙏🙏🙏
ReplyDelete