💦💦💦 အမြတ်ဆုံးအောင်ပွဲ 💦💦💦
ဒါနလေးလုပ်လိုက်မယ်လို့အားခဲထားတာ၊စိတ်မနိုင်တာနဲ့ပဲ
အို...နောက်မှလုပ်တော့မယ် ။
ဒီနေ့ ဥပုသ်စောင့်မယ်လို့ အားခဲထားတယ်၊
အင်း...နောက်မှပဲ...စိတ်မနိုင်ပြန်ဘူး ။
ခန္ဓာဉာဏ်စိုက်ပြီး အနည်းဆုံးတစ်နာရီလောက်
ဝိပဿနာတရားအားထုတ်မယ်လို့ အားခဲထားတာ၊
တစ်မိနစ်တောင် မလုပ်ဖြစ်ဘူး၊
နောက်မှပဲ...လုပ်တော့မယ်ပေါ့ ။
ကိုယ့်ဟာကိုယ်ပဲ (၅)မိနစ်လောက်
စမ်းကြည့်၊
ကိုယ့်စိတ်ကိုဘယ်လောက်နိုင်သလဲလို့၊
မနိုင်လို့လွှတ်ချလိုက်ရတာ ဘယ်လောက်ပါသလဲလို့ ။
တစ်ခါတစ်ရံ
(၅)မိနစ်လုံးလုံးမမိဘူးဗျာ၊
တစ်ခါတစ်ရံ
သတိထားလွန်းလို့(၁)မိနစ်လောက်
မိလိုက်တယ်၊
တစ်ခါတစ်ရံ
ဘာလုပ်နေမှန်းကို မသိလိုက်ဘူး ။
ဒါနနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
ဒါနအလုပ်ကို လုပ်နိုင်ကြတယ် ။
သီလနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
သီလ စောင့်ထိန်းနိုင်ကြတယ် ။
သမာဓိနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
သမာဓိ ပွားများနိုင်ကြတယ် ။
ဝိပဿနာနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
ဝိပဿနာ ပွားနိုင်ကြတယ် ။
ဒါကြောင့်...
လောကရှုံးပွဲဟူသမျှတို့မှာ...
ကိုယ့်ဟာကိုယ် ရှုံးရတဲ့ပွဲသာ အနစ်နာဆုံးပါ ။
လောကအောင်ပွဲမှန်သမျှတို့တွင်...
ကိုယ့်ဟာကိုယ် အနိုင်ရတဲ့ အောင်ပွဲကသာ
အမြင့်မြတ်ဆုံးပါ ။
🙏🙏🙏 ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ
( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာအကျော် ဝိနယပါဠိပါရဂူ ပဋိသမ္ဘိဒါမဂ္ဂပါဠိပါရဂူ ) 🙏🙏🙏
No comments:
Post a Comment