စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, June 8, 2022

လှူရုံသာမက

🌻လှူရုံသာမက🌻
➖➖➖➖➖➖
            
၁။ လှူ သာ လှူပြီး မတိုက်တွန်းဘူးဆိုရင်
ဖြစ်လေရာဘဝမှာ ချမ်းသာကြွယ်ဝ
သော်လည်းအပေါင်းအသင်းအခြံအရံ 
နည်းတယ်။

၂။ တိုက်တွန်းသာ တိုက်တွန်းပြီး
ကိုယ်တိုင်မလှူဘူး ဆိုရင် ဖြစ်လေရာဘဝမှာ
အပေါင်းအသင်းအခြံအရံ များသော်လည်း
ပစ္စည်းဥစ္စာရှားပါတယ်။

၃။ လှူလည်းမလှူဘူး၊ တိုက်လည်းမတ်ိုက်
တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘဝမှာ 
ဆင်းရဲတယ်။

၄။လှူ လည်း လှူ တယ် ။
တိုက်လည်းတိုက်တွန်းတယ်ဆိုတဲ့
ကုသိုလ်နှစ်မျိုးလုံး စုံအောင်လုပ်တဲ့ 
ပုဂ္ဂိုလ်ကဖြစ်လေရာဘဝမှာ 
ပစ္စည်းဥစ္စာလည်းရတယ်။
မိတ်ဆွေအပေါင်းအသင်းလည်း 
များတယ်ဆိုတဲ့အကျိုးကိုရတယ်။

💥အဲဒီလိုလှူခြင်းရဲ့အကျိုးကျေးဇူးနဲ့
     တိုက်တွန်းခြင်းရဲ့အကျိုးကျေးဇူး
     ဒီနှစ်ခုကို ကဿပဘုရားက 
     ပရိတ်သတ်မှာဟောလိုက်တာ...

💥တရားနာပရိတ်သတ်
      ထဲက အသိပညာကြွယ်ဝတဲ့
      ပုဂ္ဂိုလ်တစ်ယောက်က စိတ်ဝင်စားတယ်။

💥ငါဟာဖြစ်လေရာဘဝမှာ ပစ္စည်းဥစ္စာ
      ချမ်းသာကြွယ်ဝပြီးအပေါင်းအသင်းများတဲ့ 
      ပုဂ္ဂိုလ်ဖြစ်အောင်လုပ်မယ်လို့ဆိုပြီး

💥သူကကိုယ်တိုင်လည်းလှူတယ်၊
     တိုက်လည်းတိုက်တွန်းတယ်ဆိုတဲ့
     အလုပ်ကိုလုပ်တယ် - - -။

#ဆရာတော်အရှင်နန္ဒမာလာဘိဝံသ(Ph.D

No comments:

Post a Comment