စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, June 8, 2022

အပြုံးချင်းမတူဘူး

 ♥  အပြုံးချင်း မတူဘူး  ♥
   *****************************
   📖 ပစ္စည်းရှိလို့ ပြုံးတာနဲ့ တရားရှိလို ပြုံးတာ
    အပြုံးချင်း မတူဘူး ✍

📖 ပစ္စည်းရှိလို့ ပြုံးတာက
     အဆိပ်ပါတယ် ၊ လောဘအငွေ့ပါတယ် ၊ 
     နောက်က ပြန်ရုပ်သိမ်းမယ့် ခြိမ့်ခြောက်မှုလည်း
     ပါတယ် ✍

📖 စိတ်ချလက်ချ ပြုံးနိုင်သော
      အပြုံး မဟုတ်ဘူး✍

📖 အချိန်မရွေး ရှုံ ၊ မဲ့ပြီးချူံချ ၊ ငိုနိုင်သော 
      အပြုံးပါ ✍

 📖 တရားရှိလို ပြုံးတာက နောက်က
       ခြိမ့်ခြောက်မှု မပါဘူး အဆိပ့်ငွေ့ လုံးဝ ပါဘူး .
       သဘာဝ အေးချမ်းတဲ့ အပြုံးပါ.✍

📖 စိတ်ချမ်းသာတယ် ဆိုတဲ့ နေရာမှာလည်း 
      ပစ္စည်းရှိလို့ စိတ်ချမ်းသာတာနဲ့ ၊တရားရှိလို
      စိတ်ချမ်းသာတာဟာ မတူပါဘူး ✍

📖 ပစ္စည်းရှိလို့ စိတ်ချမ်းသာတယ် ဆိုတာက.
      လောဘအငွေ့ လေးပါတယ် 
      နောက်မှ ပြန်ရုပ်သိမ်းမယ့် ခြိမ့်ခြောက်မှုလည်း
      ပါတယ်✍

📖 အချိန်မရွေး ချူံချငိုရလောက်အောင်
      ဒုက္ခပေးနိုင်တယ်
      အချိန်မရွေး သောက ပရိဒေဝမီး 
      ထတောက် လာနိုင် သေးတယ် ✍

📖 တရားရှိလို ချမ်းသာတာက မှ တကယ်ချမ်းသာ
     အစစ်ပါ ၊ အပူ ၊အခို ၊အငွေ့ ၊ လုံးဝမပါ 
     တည်ငြိမ် ၊ ရင့်ကျက်တယ် ၊ အေးချမ်းတယ်✍

     ယောဆရာတော်ဘုရားကြီး 
        အရှင်ဝေပုလ္လ မှ ကူးယူ ပူးဇော်ပါ၏ဘုရား🙏

📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖
Credit...

No comments:

Post a Comment