စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, November 15, 2024

ရဖို့ မျှော်လင့်တာကို လျှော့ပါ

ရဖို့ မျှော်လင့်တာကို လျှော့ပါ
 🌿🌿🌿🌿🌹🌿🌿🌿🌿

ငါကံဆိုးတယ်လို့ တွေးရင် 
ဝမ်းနည်းမယ်။ 

ငါ့ကို ဂရုမစိုက်ကြဘူးလို့တွေးရင် 
စိတ်ဆိုးမယ်။ ဝမ်းနည်းမယ်။ 

ငါ့ကို မပေးဘူးလို့ တွေးရင်လည်း 
ဝမ်းနည်းမယ်။ နာကြည်းမယ်။ 

ဒီခံစားချက်တွေ ဒီလိုဝမ်းနည်းတာတွေ
စိတ်ဆိုးတာတွေ နာကြည်းတာတွေကို
သေသေချာချာကြည့်ရင် 

ကိုယ့်အကြောင်းကို ကိုယ်တွေးတာ
များလို့ ဖြစ်ရတာကို တွေ့ရမယ်။ 

ပြီးတော့ သူများဆီက မျှော်လင့်တာ
များလို့ ဖြစ်ရတာ တွေ့ရမယ်။ 

ကိုယ်က လိုချင်တာနဲ့ 
ကိုယ်ရတာနဲ့ ကွာနေလို့ 

ကိုယ်ရတာ နည်းနေတယ်ထင်လို့ 
ဝမ်းနည်းတာ စိတ်ဆိုးတာ 
နာကြည်းတာပါ။ 

ငါရသင့်သလောက် မရဘူးလို့ 
ထင်နေလို့ မကျေနပ်တာ။

ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ရင် 
မကျေမနပ်ဖြစ်စရာ မလိုတော့ဘူး။ 

စိတ်ချမ်းသာချင်ရင် သူများဆီက
ရဖို့မျှော်လင့်တာကို လျှော့ပါ။ 
ကိုယ်တတ်နိုင်တာကို လုပ်ပါ။

ဆရာတော် ဦးဇောတိက 
(မဟာမြိုင်တောရ)
  

No comments:

Post a Comment