__________________________
ငါ့တာဝန်သည်
တည်ပြီးသာသနာ၊ ချီးမကွာဘဲ
ရှည်ကြာကာလ၊ ထွန်းတောက်ပရန်
တွန်းအားဖန် စီမံပေးထားခဲ့။
ငါ့တာဝန်သည်
တည်ပြီးလူမျိုး၊
ဂုဏ်မညှိုးဘဲ
တန်ခိုးအာဏာ၊
ဘုန်းသမ္ဘာဖြင့်
ကမ္ဘာ့အလယ်၊
ပျံ့နှံ့တည်ရန်
တွန်းအားဖန် စီမံပေးထားခဲ့။
ငါ့တာဝန်သည်
တည်ကြည်ရုပ်သွင်၊ သင့်ကျင့်စဉ်ကို
တုမြင်အားကျ၊ ရွှင်အားရဖြင့်
တခြားလူမျိုး၊ တခြားကိုးကွယ်
တစ်နယ်ခြားခြား၊ လူအများပင်
သင့်အားကြည်ညို၊ သင့်မှီခိုပြီး
သင့်လိုပင်ကျင့် သင့်လိုပွင့်ရန်
တွန်းအားဖန် စီမံပေးထားခဲ့။
သင့်ဘက်ကသာ
ကဗျာစာတို၊ စာတစ်ညို၏
စာကိုယ်လျှင်ကြည့်၊ ဤလိုဖြည့်လျက်
တည့်တည့်ဖြောင့်ဖြောင့်၊ လမ်းမထောင့်ဘဲအမှောင့်လည်းလွန်၊ ရောင့်လည်းလွန်
တာဝန်ကျေဖို့ ရှိတော့သည်။
မဟာဗောဓိမြိုင်ဆရာတော်
သုဝဏ္ဏသျှမ်
Credit..
No comments:
Post a Comment