(နေ့စဉ်ဆင်ခြင်သင့်သောတရား)
ရဟန်းတို့ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်သော အကြောင်းတို့သည် ဤငါးမျိုးတို့ ဖြစ်သည်။
၁။ (ငါသည်) အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။
၂။ နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျာဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
၃။ သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
၄။ ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည် ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျာဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ်
ဆင်ခြင်အပ်၏။
၅။ (ငါသည်) ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏ အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် ဆွေမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည် ဟူ၍ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ
မပြတ်ဆင်ခြင်အပ်၏။
No comments:
Post a Comment