စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, November 21, 2024

အကုသိုလျပိုး

အကုသိုလ်ကို ဖယ်လို့ စိတ်က
ချမ်းသာသွားတာ။
စိတ်ဆင်းရဲတယ်ဆိုတာ
အကြောင်းမဲ့ဆင်းရဲတာ မဟုတ်ဘူး။
စိတ်ထဲမှာ ဆင်းရဲစေတဲ့အရာ
ဝင်နေလို့၊ ပိုးကောင်လို ထိုးနေတာ
အထဲထဲမှာ။ မီးလို ကြိတ်ပြီးတော့
လောင်နေတယ် အထဲထဲမှာ၊ ဟုတ်လား။

အဲဒီအရာကို မဖယ်ဘဲနဲ့ 
ရောဂါကို မဖယ်ဘဲနဲ့ ရောဂါလက္ခဏာကို
ဖယ်လို့မရဘူး။ အတွင်းထဲမှာ
ရောဂါပိုးကြောင့်ပဲဖြစ်စေ
(ဒါမှမဟုတ်)တစ်ခုတစ်ခု
ဖောက်ပြန်မူကြောင့်ဖြစ်စေ
ရုပ်ဖောက်ပြန်ရင် ခံစားရတဲ့
ဝေဒနာရှိနေတယ်။
ဒီရုပ်ဖောက်ပြန်မူကို ပြေငြိမ်းအောင် အဆင်ပြေအောင် မလုပ်ဘဲနဲ့ ဝေဒနာမပျောက်ဘူးနော်၊ ဒါစဥ်းစားကြည့်။
ရောဂါပိုးကို ရှင်းအောင်မလုပ်ဘဲနဲ့
ရောဂါပိုးကြောင့် ဖြစ်နေတဲ့
ခံခက်မူ ရောဂါဝေဒနာ, လက္ခဏာတွေ ဘယ်နည်းနဲ့မှ ဖယ်ရှားလို့ မရဘူး။

အဲ့လိုပဲ အကုသိုလ်ဆိုတဲ့
ရောဂါပိုးကို မဖယ်ဘဲနဲ့
ပူလောင်ခြင်း, ပင်ပန်းခြင်းဆိုတဲ့
ရောဂါလက္ခဏာတွေဟာ
ဖယ်ရှားသွားမှာ မဟုတ်ဘူး။

သစ္စာရွှေစည်ဆရာတော်

ကောင်းသောစိတ်ဖြင့် ငြိမ်းအေးပါစေ။

No comments:

Post a Comment