ကိုယ့်စိတ်ပါ၊ ကိုယ့်အတွေးပါ၊ကိုယ့်သဘောထား မှားနေလို့ပါ။
အတိတ်၊အနာဂတ်နဲ့ ပတ်သက်ပြီးတော့
အဆိုးတွေးတာနဲ့ အဆိုးတွေးနေပါလားလို့
သိလိုက်ပြီးတော့ ပစ္စုပ္ပန်မှာလုပ်သင့်တာလေးတွေကို လုပ်နေရင်း သိနေတဲ့အကျင့်ကိုလုပ်ပါ။
သတိဟာ စိတ်အတွက် အိမ်ပဲ။
သတိနဲ့ မနေတဲ့လူရဲ့စိတ်မှာ အိမ်မရှိဘူး။
နိုးနိုးချင်း ပထမဦးဆုံးဖြစ်လိုက်ရတဲ့စိတ်ဟာ
သိနေတဲ့စိတ် ဖြစ်ပါစေ။
သတိမရှိခြင်း၊ ဉာဏ်မရှိခြင်းဟာ အကြီးမားဆုံးရန်သူ။
ဘယ်လိုအခြေအနေ ၊ဘယ်လိုအချိန်ခါမှာဖြစ်ဖြစ်
သတိနဲ့ ကိုယ့်စိတ်ကိုကြည့်ပြီးတော့ သိပြီးတော့ နေကြမယ်ဆိုရင်ဘဝရဲ့အရည်အသွေးဟာ အတိုင်းအဆမရှိ မြင့်မားလာနိုင်တယ်။
ကိုယ့်ဟာကိုယ် တရားအားထုတ်ပြီးနေရင်
ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
" တစိမ့်စိမ့်တွေးမယ် " " သိစရာတွေးစရာ" ... မှ
No comments:
Post a Comment