စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, March 1, 2016

သိမ်​​မွေ့ ​သောအရာကိုဖြတ်​​တောက်​နိုင်​သ​လော

သိမ်​​မွေ့​သောအရာကို ဖြတ်​​တောက်​နိုင်​သ​လော
* * * * * * * * * * * * * * * * * *
"" အရှင်​နာဂ​သေနဘုရား.. . သိမ်​​မွေ့​သောအရာ အားလုံးကို ဖြတ်​​တောက်​နိုင်​ပါသ​လော .""
••• မင်းမြတ်​... ဖြတ်​​တောက်​နိုင်​​ပေ၏ •••

   "" အရှင်​ဘုရား.. သိမ်​​မွေ့​သောအရာ ဟူသည်​  အဘယ်​နည်း.. ""
   ••• မင်းမြတ်​.. တရားသည်​သာလျင်​ အရာအားလုံးတို့ထက်​ သိမ်​​မွေ့​သော အရာဖြစ်​၏။ သို့ရာတွင်​ တရားအားလုံးကုန်​ သိမ်​​မွေ့သည်​ကား မဟုတ်​ကုန်​။     ကုသိုလ်​တရားသည်​သာလျှင်​ သိမ်​​မွေ့၍ အကုသိုလ်​တရားသည်​ကား ရုန်​ရင်းကြမ်းတမ်း၏။ အလွန်​တရာ သိမ်​​မွေ့လှ​သော ကုသိုလ်​တရားကိုပင်​ အရဟတ္တမဂ်​ပညာဖြင့်​ ဖြတ်​​တောက်​နိုင်​​ပေ၏။ ပညာမှတစ်​ပါး ဖြတ်​​တောက်​နိုင်​​သော အခြားအ​ကြောင်း မရှိ​ပေ။ •••
    "" မှန်​လှပါ.. သင့်​​လျော်​ပါ​ပေ​၏။"

[[ ကုသိုလ်​ကံဟူသည်​ ပုထုဇဉ်​ ​သေက္ခပုဂ္ဂိုလ်​များမှာ ရှိနိုင်​၏။ အရဟတ္တမဂ်​ကို ရပြီး​နောက်​ အရဟတ္တဖိုလ်​သို့ ဆိုက်​​ရောက်​သွား​သောအခါ   ထိုကုသိုလ်​တရားတို့သည်​ ဘ၀သစ်​၌ အကျိုး​ပေးခွင့်​ မရှိ​တော့၍ ပြုရုံကာမျှ ဖြစ်​ကြကုန်​၏။
ထို့​ကြောင့်​ ထို​ကောင်းမှူ့တို့ကို ကုသိုလ်​ဟု မ​ခေါ်ရ​တော့ဘဲ ကိရိယာဟုသာ ​ခေါ်ရ​တော့၏။
ထို့​ကြောင့်​ အရဟတ္တမဂ်​ ပညာဖြင့်​ ကုသိုလ်​ကို ဖြတ်​​တောက်​သည်​  ဟု ​ဖြေကြားခြင်းဖြစ်​၏။

ထိုအရဟတ္တမဂ်​ ပညာသည်​ ရုန့်​ရင်းကြိမ်းတမ်း​သော အကုသိုလ်​တို့ကိုလည်း ဖြတ်​​တောက်​သည်​သာ ....
သို့ရာ​တွေင်​ ​မေးခွန်းထဲမပါခဲ့သဖြင့်​ မ​ဖြေကြားခြင်း ဖြစ်​​ပေ၏ ။]]

  ✏ မာဏ၀ပြုစုသည်​။
မိလိန္ဒမင်းကြီးနှင့်​ အရှင်​နာဂသိန်​ အ​မေးအ​ဖြေ
(( သင်္ဂါယနာတင်​ ဂန္ထ၀င်​ကျမ်းစာ ))

No comments:

Post a Comment