အဘယ်ကြောင့် ဗောဇ္ဈင်ခုနှစ်ပါး ဟောထားရသနည်း
*************************************
"" အရှင်နာဂသေနဘုရား ဗောဇ္ဈင်တရား အဘယ်မျှ ရှိပါကုန်သနည်း။ """
••• မင်းမြတ်.. ခုနှစ်ပါးရှိကုန်၏ ။ •••
"" အရှင်ဘုရား.. တရားသဘောကို အဘယ်မျှသော ဗောဇ္ဈင်ဖြင့် သိနိုင်ပါသနည်း ။ """
••• မင်းမြတ်.. ဓမ္မ၀ိစယသမ္ဗောဇ္ဈင် တစ်ပါးတည်းဖြင့် သိနိုင်ပေ၏။ •••
"" အရှင်ဘုရား.. ဗောဇ္ဈင်တစ်ခုတည်းဖြင့် သိနိုင်ပါလျှက် အဘယ်ကြောင့် ဗောဇ္ဈင်တရား ခုနှစ်ပါး ဟောထားရပါသနည်း။ ""
••• မင်းမြတ်.. သန်လျက်အိမ်၌ ထည့်ထားသော သန်လျက်သည် လက်၏ အကူအညီမပါဘဲ အရာဝတ္ထု တစ်ခုခုကို ဖြတ်တောက် နိုင်ပါမည်လော..•••
"" မဖြတ်တောက်နိုင်ပါ ဘုရား ""
••• မင်းမြတ်.. ဤအတူသာပင် ကျန်သော ဗောဇ္ဈင်ခြောက်ပါးတို့နှင့် ကင်း၍ ဓမ္မ၀ိစယသမ္ဗောဇ္ဈင် တစ်ပါးတည်းဖြင့် တရားသဘောကို မသိနိုင်ပေ..•••
"" မှန်လှပါ.. သင့်လျော်လှပါပေ၏ အရှင်ဘုရား ""
✏ မာဏဝပြုစုသည်။
မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန် အမေးအဖြေ
(( သင်္ဂါယနာတင် ဂန္ထ၀င်ကျမ်းစာ))
No comments:
Post a Comment