ကောင်းမှုပြုရင်ဘာဖြစ်မလဲ
''ရဟန်းတို့ …ကိုယ်ဖြင့်ပြုတဲ့ကောင်းမှုရှိသူ , နှုတ်ဖြင့်ပြောဆိုတဲ့ကောင်းမှုရှိသူ, စိတ်ဖြင့်ကြံစည်တဲ့ကောင်းမှုရှိသူတို့ဟာ ထိုကောင်းမှုအတွက်သေလွန်ပြီးတဲ့နောက်မှာ အပါယ်ငရဲသို့လားရတယ်ဆိုတာ ဖြစ်နိုင်တဲ့အရာမဟုတ်ဘူး
ကောင်းတဲ့သူကမကောင်းရာရောက်တယ်ဆိုတာမရှိနိုင်ဘူး
''ကိုယ်ဖြင့်ပြုတဲ့ကောင်းမှုရှိသူ, နှုတ်ဖြင့်ပြောဆိုတဲ့ကောင်းမှုရှိသူ ,စိတ်ဖြင့်ကြံစည်တဲ့ ကောင်းမှုရှိသူတို့ဟာထိုကောင်းမှုအတွက်သေလွန်ပြီးတဲ့နောက်မှာ နတ်ရွာသုဂတိသို့လားရတယ်ဆိုတာဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်
ကောင်းတဲ့သူကကောင်းရာသို့ရောက်တယ်ဆိုတာရှိတယ် "
(ဧကအင်္ဂုတ္တိုရ် -၁၅-အဋ္ဌာနပါဠိ - ၃ -တတိယဝဂ် )
No comments:
Post a Comment