စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, March 1, 2016

ကုသိုလ်​နှင့်​အကုသိုလ်​အား ဘယ်​သင်းကများ

ကုသိုလ်​အားနှင့်​ အကုသိုလ်​အား ဘယ်​သင်းက များပါသနည်း..
***************************

   "" အရှင်​နာဂ​သေနဘုရား..  ကုသိုလ်​အားနှင့်​ အကုသိုလ်​အားတို့တွင်​ ဘယ်​သင်းကများပါသနည်း။
     ••• မင်းမြတ်​၊ ကုသိုလ်​အားသည်​ များပြား၍ အကုသိုလ်​အားသည်​ နည်းပါး၏။ •••

   "" အရှင်​ဘုရား အဘာ်​အ​ကြောင်း​ကြောင့်​ပါနည်း။ ""
   ••• မင်းမြတ်​.. အကုသိုလ်​ ပြုမိ​သော သူသည်​ မိမိပြုခဲ့သည်​ကို ပြန်​လည်​​တွေး​တောကာ ၀မ်း​မြောက်​၀မ်းသာ ဖြစ်​မလာ​ပေ။ ထို့​ကြောင့်​ အကုသိုလ်​အားသည်​ မတိုးပွား​ပေ။
    ကုသိုလ်​​ကောင်းမှု့ပြုရ​သောသူသည်​ကား စိတ်​ပူပန်​မှု့မရှိဘဲ ပကတိ ​အေးမြ​နေ၏။
စိတ်​ကြည်​လင်​ ရွှင်​ပြ​နေ၏။
စိတ်​ကြည်​လင်​ ရွှင်​ပြသူသည်​ ၀မ်း​မြောက်​ရ၏။ ၀မ်း​မြောက်​သူသည်​ နှစ်​သိမ့်​ရ၏။ နှစ်​သိမ့်​ရသူ၏ ကိုယ်​သည်​ ငြိမ်းချမ်း၏။
ကိုယ်​ငြိမ်းချမ်း​သော သူသည်​ကား ချမ်းသာ၏။
ချမ်းသာသူ၏ စိတ်​သည်​ တည်​ငြိမ်​၏။
စိတ်​တည်​ငြိမ်​​သော သူသည်​ ဟုတ်​မှန်​​သော ​သ​ဘောတရားကိုသိမြင်​၏။
ထိုအ​​ကြောင်း​ကြောင့်​ ကုသိုလ်​​ကောင်းမှုသည်​ တိုးပွား၏။
   မင်းမြတ်​... ​ခြေ​ရောလက်​ပါ ပြတ်​​နေ​သော ​ယောက်ျားတစ်​​ယောက်​သည်​ မြတ်​စွာဘုရားအား ကြာလက်​ကြာခိုင်​ တစ်​ခုကို ​ပေးလှူရကာမျှဖြင့်​ ကိုးဆယ့်​တစ်​ကမ္ဘာ အပါယ်​မလားရ​ချေ။
   ဤအ​ကြောင်း​ကြောငိ့လည်း ကုသိုလ်​အားသည်​ များပြား၏။
အကုသိုလ်​အားသည်​ နည်းပါး၏ဟု ငါဆိုသည်​။

              ❆ မာဏ၀ ❆
   မိလိန္ဒမင်းကြီးနှင့်​ အရှင်​နာဂသိန်​ အ​မေးအ​ဖြေ။ (( မိလိန္ဒပဥှာ) )

No comments:

Post a Comment