ရေချိုးပေးပါ
********
** အမိဝမ်းမှ ကျွတ်လွတ်စတွင် ငါ့ရုပ်ခန္ဓာ မသန့်ပါ၍ ဦးစွာပထမ ရေချိုးရ၏။
** ထိုမှတဆင့် ကြီးရင့်၍လာ ဤချိန်ခါထိ ငါသည် ရေချိုးနေရဆဲ။
** ဤမျှမပြီး ဇရာစီး၍ ခရီးလမ်းဆုံး အသက်သုဉ်းလျှင် နောက်ဆုံးရေချိုးရအုံးမည်။
** သြော်...
ငါ့ရုပ်ခန္ဓာ အဖြေရှာ၍ သေချာစေ့ငု သတိပြုမှ အသုဘကြီးပါတကား။
}} အသျှင်ပ၀ရ (ရန်ကင်းတောင်) {{
No comments:
Post a Comment