စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, March 28, 2016

ဆား​တောင်​ဆရာ​တော်​ကြီး၏အဆုံးအမ

ဆားတောင်ဆရာတော်ကြီး၏အဆုံးအမ
==========================
၁။ ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ် ကြ၊ သာသနာပပြီဆိုတော့ဝိပသာနာနဲ့တွေ့ရတာမဟုတ်ဘူး။ဒီတော့ပိုနစ်နာတယ်။

၂။ တရားအားထုတ်ဖို့တော့မအားဘူး။ မအားဘူးလို့ပြောကြတယ်။
သေချိန်ကျလာလို့မသေချင်သေးဘူးလို့ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူးလို့ ပြောလို့ ရတာ မဟုတ်ဘူး။

၃။ တရားအားထုတ်တယ်ဆိုတာအားနဲ့မာန်နဲ့ထုတ်ရတယ်။ မသေချာမရေရာဘူးလို့ပြောလို့ ရတဲ့ အလုပ်တွေတောင်မှဟုတ်နိုးနိုးနဲ့သက်စွန့်စံဖျားလုပ်နေရတာပဲ။သေချာရေရာတဲ့အလုပ် ဘာပဲလုပ်စရာရှိလဲ။ ဆင်းရဲတစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှခဏလေးပါ။

၎။ ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာကြားမခိုစေနဲ့။

၅။ တရားအားထုတ်တယ်ဆိုတာတမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်းလိမ့်မယ်ထင်ပေမယ့် တကယ်စားတော့မြိန်ချင်မှမြိန်တာ။ မကောင်းဘူးထင်လို့ လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့မထုတ်ချင်လည်းထုတ်၊ ထုတ်ချင်လည်း ထုတ်ပေါ့။

၆။ ၀ိပသာနာ တရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ်လဲပြောင်းစရာမလိုဘူး။ ဂူထဲအောင်းစရာမလိုဘူး။ ပုထုဇဉ်စရိုက်မူပြောင်းဖို့လိုတယ်။

၇။ ကိုယ့်ခန္ဓာ ကိုယ်ရူနေတော့ အမူပွေတာပေါ့။

၈။ မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကိုသည်းခံရူမှတ်နိုင်မှ ပတ်ဝန်းကျင်ရဲ့လောကဓံကိုလည်း ခံနိုင်ရည်ရှိမှာပဲ။

၉။ တရားအားထုတ်တဲ့အခါ ကိလေသာကြာမခိုအောင် နှာသီးဝလေကို ထိတိုင်းသိနေပါစေ။
ထိတဲ့ပေါ် သတိထား၊သတိထားရင် တရားမြင်မယ်၊ သတိမထားရင် အမှားဝင်မယ်။

၁၀။ အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ် ဒီသုံးဦးနဲ့ပဲ အဖော်ပြု နေတာပါ။ သူတို့မှာပျင်းတယ်မရှိပါဘူး။

၁၁။ လူ၏သာဓုခေါ်၊ နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ ဘုရား၊ ရဟန္တာ အရိယာပုဂ္ဂိုလ်တွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။

၁၂။ ပထမတော့ တရားကို လူကဦးဆောင်တယ်။ နောက်တော့ တရားက လူကိုဦးဆောင် တယ်။ အဒီအချိန်မှာ လူက တရားနောက်လိုက်ဖို့လိုတယ်။

၁၃။ ခန္ဓာကတော့ သူ့တရားသူပြနေတာပဲ။ လောဘ၊ ဒေါသ၊ မောဟ ဖုံးနေတော့ ဘာမှမသိ လိုက်ရဘူး၊

၁၄။ အားကိုးမမှားစေနဲ့၊ မိမိကိုယ်ကို အားကိုးရမယ်။

၁၅။ ဘာမဆို အတွင်းက အေးနေအောင်လုပ်ရတယ်။ အပြင်ကဘယ်လောက်ပူပူ အတွင်းက အေးနေတော့အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းကပူတော့ ပူတာပဲ။

၁၆။ တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒ တရားပဲ။

၁၇။ လောကီချမ်းသာက တစ်ဘ၀တစ်နပ်စာ။ လောကုတ္တရာချမ်းသာမှ တစ်သံသရာလုံး အေးတာ။ တစ်ဘ၀တစ်နပ်စာလုပ်နဲ့။ တစ်ဘ၀သံသရာစာလုပ်ကြ။

၁၈။ မကောင်းတာလုပ်တာသာကြောက်ရမှာ။ ကောင်းတာလုပ်တာကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမရဲစရာရှိသလဲ။

၁၉။ မဟုတ်လည်းသည်းခံ၊ ဟုတ်လည်းသည်းခံရမှာပဲ။ ခံရမည့်အတူတူတော့ အခုကတည်း က ခံလိုက်တော့ သံသရာပြတ်တာပေါ့။

၂၀။ လောဘ၊ ဒေါသ၊ မောဟကင်းအောင် ပြတ်အောင်လုပ်ကြ။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်းမလုပ်နဲ့။ ဖြစ်အောင်လုပ်တာ လောဘ၊ ပျက်အောင်လုပ်တာက ဒေါသ။ ဖြစ်တာပျက်တာ မသိတာက မောဟ။

၂၁။စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူး။ တရားက ဖြတ်မှပြတ်တာ။ တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပယ်ပေးတယ်။

၂၂။ အမြတ်က မရူံးစေနဲ့၊ အရူံးကသာ မြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။

၂၃။ ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း မကောင်းတာလုပ်နေသလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့မကောင်းတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ ကိုယ့်တရားကိုယ်ရူဖို့ပဲလိုတယ်။

၂၄။ ဘုရားစကား နားလည်အောင်လုပ်၊ ဘုရားစကားနားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။

၂၅။ နိဗ္ဗာန်မဂ်ဖိုရလိုကြောင်း ဆုတောင်းခဲ့တာများပြီ။ ၀ိဇ္ဇာဥာဏ်မပါ၊ ဓမ္မတာတောင်းမို့၊ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြုကာ အခါခါတောင်းလဲ၊ ငါကောင်းချင်မှု ခုခံနေသည်။ ငါတစ်လုံးပယ်ကာ၊ ကွယ်ကာပေးမှ လွန်စွာမနှေး နိဗ္ဗာန်မြင်မည်။

Credit to ကိုယ့်စိတ်ကိုစစ်ဝိပဿ    နာရိပ်သာ

No comments:

Post a Comment