စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, March 7, 2016
ဂုဏ်​​တော်​တစ်​​ထောင်​ ပုတီးစိပ်​နည်း
ဂုဏ်​​တော်​တစ်​​ထောင်​ပုတီးစိပ်​နည်း
** ** ** ** ** ** ** ** ** **
သော ဘဂ၀ါ ဣတိပိ အရဟံ
        == ။ ==       သမ္မာသမ္ဗု​ဒ္ဓေါ
        == ။ ==    ၀ိဇ္ဇာစရဏသမ္ပ​န္နော
        == ။ ==     သုဂ​တော
        == ။ ==     ​လောက၀ိဒူ
        == ။ == အနုတ္တ​ရော ပုရိသဒမ္မသာရထိ
        == ။ == သတ္ထာ​ဒေ၀မနုဿာနံ
        == ။ ==  ​ဗု​ဒ္ဓေါ
        == ။ ==  ဘဂ၀ါ
( က ) ​သော ဘဂ၀ါ ဣတိပိ အရဟံ ပုတီးတစ်​လုံးချ၊
      ဤသို့ စသည်​ဖြင့်​ "" ​သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ "" အထိ စိပ်​သွားပြီး ..
တစ်​ဖန်​ "" ​သော ဘဂ၀ါ ဣတိပိ အရဟံ "" မှ ပြန်​စ၍ စိပ်​ပါ။
ဤသို့စိပ်​သဖြင့်​ တစ်​ရာ့ရှစ်​လုံး ပုတီးကုံး ၉ - ပတ်​ပြည့်​​သောအခါ ဂုဏ်​​တော်​တစ်​​ထောင်​ ရပါသည်​။
(( ၉၇၂ - ကို ၁၀၀၀ ဟုပင်​​ခေါ်သည်​။))
သို့မဟုတ်
( ခ ) "" ​သော ဘဂ၀ါ ဣတိပိ အရဟံ "" တစ်​ပါးတည်း ပုတီးတစ်​ပတ်​ ပြည့်​​အောင်​စိပ်​။
နောက်​.. "" ​သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗု​ဒ္ဓေါ "" စသည်​ဖြင့်​ ဂုဏ်​​တော်​တစ်​ပါးလျှင်​ ပုတီးတစ်​ပတ်​ ကျစီ စိပ်​သွားပါကလည်း ဂုဏ်​​တော်​ကိုးပါး ပြည့်​လျှင်​ ကိုးပတ်​ပြည့်​သဖြင့်​ ဂုဏ်​​တော်​တစ်​​ထောင်​ ရပါသည်​။
သို့မဟုတ်​..
( ဂ ) "" ​သော ဘဂ၀ါ ဣတိပိ အရဟံ "" မှ "" ​သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ "" အထိ ဂုဏ်​​တော်​ကိုးပါး ဆုံး​အောင်​ပွားပြီးမှ ပုတီးတစ်​လုံးချပါ။
ဤသို့ ဂုဏ်​​တော်​ကိုးပါးဆုံးမှ ပုတီးတစ်​လုံးတစ်​လုံးစီချ၍ စိပ်​ခြင်းအားဖြင့်​လည်း တစ်​ရာရှစ်​လုံး ပုတီးတစ်​ပတ်​ရလျှင်​ ဂုဏ်​​တော်​တစ်​​ထောင်​ ဖြစ်​ပါသည်​။
  ဤမြတ်​​ဗုဒ္ဓ၏ သာသနာ page တွင်​ ဓမ္မဒါနပြုအဖွဲ့သားများနှင့်​ ဓမ္မမိတ်​​ဆွေ သူ​တော်​စင်​များအားလုံး စိတ်​၏ ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းများနှင့်​ ပြည့်​စုံကြပြီး ဒုက္ခအ​ပေါင်းမှကင်းရာ မြတ်​နိ​ဗ္ဗာန်​သို့ မလွဲဧကန်​မျက်​​မှောက်​ပြုနိုင်​ကြပါ​စေ​​သော်​၀်​။
No comments:
Post a Comment