စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, March 17, 2016

စိတ်ကိုအားနည်းစေသော

စိတ်ကို အားနည်းအောင် ပြုတတ်ကုန်သောတရား
+ + + + + + + + + + + + + + + + + + + + + +
••••••••••••••••••••••••••••••••••••••••••••••••••••••

စိတ်ကို အားနည်းအောင် ပြုတတ်ကုန်သော တရားတို့သည် ၂၅-ပါး ရှိကုန်၏။ ယင်း ၂၅-ပါးသော တရားတို့က အားနည်းအောင် ပြုအပ်သော စိတ်သည် မတည်ကြည်နိုင်။ အာသဝေါတရားတို့ ကုန်ခြင်းငှာ မဖြစ်နိုင်။

အဘယ်၂၅-ပါးတို့နည်းဟူမူ--

၁။အမျက်ဒေါသ။

၂။ရန်ငြိုးဖွဲ့ခြင်း။

၃။ကျေးဇူးကို ချေဖျက်ခြင်း။

၎။ဂုဏ်ပြိုင်ခြင်း။

၅။ငြူစူစောင်းမြောင်းခြင်း။

၆။ဝန်တိုခြင်း။

၇။လှည့်ပတ်ခြင်း။

၈။ကောက်ကျစ်စဉ်းလဲခြင်း။

၉။ခက်ထန်တင်းမာခြင်း။

၁၀။ချုပ်ချယ်ခြင်း။

၁၁။မာန်မူခြင်း။

၁၂။အလွန်မာန်မူခြင်း။

၁၃။မာန်ယစ်ခြင်း။

၁၄။မေ့လျော့ပေါ့တန်ခြင်း။

၁၅။လေးလံထိုင်းမှိုင်းခြင်း။

၁၆။ငြီးငွေ့ခြင်း။

၁၇။ပျင်းရိခြင်း။

၁၈။ယုတ်ညံ့သော အဆွေခင်ပွန်းရှိခြင်း။

၁၉။အဆင်း- ရူပါရုံ။

၂၀။အသံ- သဒ္ဒါရုံ။

၂၁။အနံ့- ဂန္ဓာရုံ။

၂၂။ အရသာ- ရသာရုံ။

၂၃။အတွေ့အထိ- ဖောဋ္ဌဗ္ဗာရုံ။

၂၄။ဆာလောင်မွတ်သိပ်ခြင်း။

၂၅။ မမွေ့လျော်ခြင်း။

ဤတရားတို့သည် စိတ်ကို မတည်ကြည်နိုင်ပေ။ ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃဟူသော အာသဝေါတရား လေးပါး ကုန်ခြင်းငှာ မဖြစ်နိုင်ပါ။

မိလိန္ဒပဥှာမှ ထုတ်နှုတ်သည်..

"သတ္တဝါခပ်သိမ်း တရားကိန်း

အေးငြိမ်းချမ်းသာ ရှိကြပါစေ"

No comments:

Post a Comment