စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 26, 2016

ကုသိုလ်​​လေးမျိုးစုံ မစုံ စစ်​​ဆေး

ကုသိုလ်၎မျိုးစုံ မစုံ စစ်ဆေးကြည့်
••••••••••••••••••••••••••••••

ညအိပ်ယာဝင်ပြီဆိုရင် အရင်ဆုံး ဒါန၊ သီလ၊ သမာဓိ၊ ဝိပဿ    နာကုသိုလ် လေးမျိုးစုံ မစုံ ကိုယ့်ဟာကိုပြန်စစ်ဆေးကြည့်။
ကုသိုလ်လေးမျိုးစုံသွားပြီဆိုရင် အိပ်ချင်လည်းအိပ်တော့။
အဲဒိလိုဆိုရင် တစ်နေ့တာအတွက် နေ့တွက်ကိုက်သွားပြီ။

ကုသိုလ်လေးမျိုးမစုံသေးဘူး၊ လိုနေသေးတယ်ဆိုရင် မအိပ်နဲ့ဦး။
ချက်ချင်းဘုရားကျောင်းဆောင်ရှေ့ကိုသွား၊

♠ ဘုရားကို သောက်တော်ရေကပ်၊ ဆီမီးကပ်၊ ရေကတော့ အချိန်မရွေး ကပ်လို့ရတယ်။
အဲဒိလိုဆိုရင် ဒါနဖြစ်သွားမယ်။ (ဒါန)

♠ သရဏဂုံ သီလဆောက်တည်။(သီလ)

♠ ထွက်လေ ဝင်လေ ရှု့မှတ်၊ ဘုရားဂုဏ်တော်ပွားများ။ (သမာဓိ)

♠ ခန္ဓာအရှိကို ဉာဏ်နဲ့ သေသေချာချာကြည့်ရှု့သုံးသပ်။ (ဝိပဿ    နာ)

ညအိပ်ယာဝင်ခါနီးမှာ ကုသိုလ်လေးမျိုး တစ်ခါတည်းစုံသွားတယ်နော်။

ညအိပ်ယာဝင်တာဟာ အသေလေး သေတော့တာတဲ့။

မနက်အိပ်ယာက ထလာတာ ဘဝသစ်ကလေး ပြန်စတာတဲ့။

အသေလေးသေခါနီး ကုသိုလ်လေးမျိုးမစုံရင် ချက်ချင်းပြန်ဖြည့်လို့ရတယ်။

အသေကြီးသေခါနီးရောက်ရင်တော့ ကုသိုလ်လေးမျိုးမစုံရင် ပြန်ဖြည့်လို့မရတော့ဘူး။

♤ တိပိဋကဓရ ယောဆရာတော်ဘုရားကြီး

Credit to original uploader.

No comments:

Post a Comment