မသေလိုသော်
**********
သစ်ပင်သစ်ခက်
အရွက်ဝေစည်
တစ်ရက်ကြွေမည် သေချာသည်။
မကြွေစေလို
မဝေစေနှင့် ၊ မြစ်ဖြတ်ပစ်။
မွေးဖွားဇာတိ၊ ရှိခဲ့လေသော်
မျှော်မတွေးနှင့် ၊ မနှေးဆက်ဆက်
တစ်ရက်သေမည် သေချာသည်။
မသေလိုက ဘ၀ဇာတ်သိမ်း
ဒုက္ခငြိမ်းရာ မြတ်ဗုဒ္ဓါ၏
မိန့်မှာစကား အားထားယုံကြည်
ပီပြင်ကျန ကျင့်ကြံကြ။
}} သက်မောင် {{
No comments:
Post a Comment