ထွက်သက် ၀င်သက်ကို ချုပ်စေနိုင်သလော
* * * * * * * * * * * * * * * * * * * *
"" အရှင်နာဂသေနဘုရား.. ထွက်သက် ၀င်သက်တို့ကို ချုပ်စေနိုင်ပါသလော..""
••• မင်းမြတ်.. ချုပ်စေနိုင်ပါ၏။••••
"" အရှင်ဘုရား.. ထွက်သက်ဝင်သက်ကို အဘယ်သို့ ချုပ်စေနိုင်ပါသနည်း..""
••• မင်းမြတ်.. တစ်စုံတစ်ယောက် ပက်လက်အိပ်လျက် ဟောက်နေသော အသံသည် ကိုယ်ကို ကွေးညွတ်လိုက်သော် ပျောက်သွားပါသလော..•••
"" ပျောက်သွားပါ၏ ဘုရား..""
••• မင်းမြတ်၊ ကမ္မဋ္ဌာန်း ဘာဝနာမပွားများသူ၏ ထိုအသံသည်ပင် ကိုယ်ကို ကွေးညွတ်လိုက်ကာမျှဖြင့် ပျောက်ရသေး၏။ ကမ္မဋ္ဌာန်း ဘာဝနာပွားများပြီး၍ စတုတ္ထဈာန် ၀င်စားနေသော သူ၏ ထွက်သက် ၀င်သက်တို့သည် အဘယ်မှာ မချုပ်ငြိမ်းဘဲ ရှိပါမည်နည်း..•••
"" မှန်ပါ့.. သင့်လျော်လှပါပေ၏ ဘုရား.."""
✏ မာဏ၀ရေးသားပြုစုသည်။
မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန် အမေးအဖြေ
(( သင်္ဂါယနာတင် ဂန္ထ၀င်ကျမ်းစာ ))
No comments:
Post a Comment